'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, March 22, 2016
ဝဋ်ကြွေးနဲ့ တူပါတယ်ဆရာရယ်တဲ့ 
ဝဋ်ကြွေးနဲ့ တူပါတယ်ဆရာရယ်တဲ့  :'(
---------------------------
ဒီနေ့ တနင်္လာနေ့  မနက်၉နာရီကွက်တိ ဂုရုတိုင်အ၀င်မှာ ရောက်လာတာက အသက် ၃၀ ပြည့် ခါနီး စနေသက်ရောက်ထွက်ခါနီး ၄ သောကြာ မဒီလေးဗျ ဘာအဓိက ကြည့် ပေးရမလဲဆိုတော့  အချစ်ရေးနဲ့ အလုပ် တဲ့  အချစ်ရေးအဓိကလို့  မဲ့ တဲ့ တဲ့ အမူအယာလေးနဲ့ .....သြော် လောလောဆယ် ကွိုင်တက်နေတယ်ပေါ့  ပြန်ညက်ချင်လို့ လား လို့ ဆိုလိုက်တော့  အသံလေးတုန်တုန် တုန်ုတုန်နဲ့  ဟုတ် သမီးကို ဖုံးမဆက်နဲ့ လို့ ပြောလို့  သမီးက သူ့ ကို နားပူအောင်လုပ်လို့ တဲ့ ဆရာရယ် သူက သမီးအရင်လဲ ပွေတယ် သမီးအပြင်လဲ ပွေနေလားမသိပါဘူးဆရာရယ် သူပွေမှန်း သိပေမယ့် သမီးက သူ့ ကို မခွဲနိုင်ဘူးဆရာ သမီးကို ခွဲမသွားအောင်ပါဆရာရယ်.သူက သမီးအပေါ်ဘယ်လိုလဲဟင်. သမီးက ပွင့် ပွင့် လင်းလင်းပြောရရင် သူနဲ့ မှားခဲ့ ပြီးပြီ .သူနဲ့ ယူဖြစ်မှာလားဟင် ...လို့  ကရားရေလွှတ်တောက်လျှောက်ကြီး ရင်ဖွင့် လာတော့ ........
အာ.....မှားခဲ့ တာတွေဘာတွေ စိတ်ထဲမထားနဲ့  ဒီဖက်ခေတ်ဒါတွေက ဖြစ်ရိုးဖြစ်စဉ်ပါဗျာ. ဒါနဲ့  သူက ဘာနေ့ သားလဲ အသက်ဘယ်လောက်လောက်ရှိပြီလဲဗျလို့  စိတ်ပေါ့ သွားအောင် ပြောလိုက်ပြီး မေးလိုက်တော့  မေလ ၉၁ ဖွား တနင်္လာသားပါဆရာတဲ့  ...( အသက် ၂၅ ရှိပြီဖြစ်တဲ့  ၂ တနင်္လာပေါ့  လာတာက ဂုဂုတိုင်နဲ့ ). အေးဗျာ အဲ့ တနင်္လာက လှည့် ဖျားနေတာတော့ သေခြာတယ် သူနဲ့  ယူဖြစ်မယ်မယူဖြစ်မယ်ဆိုတာတော့  မွေးလကျော်လို့  ရှိရင် အဖြေပေါ်လာလိမ့် မယ် အခုအထိတော့ ယူဖြစ်ဖို့  မသေခြာဘူး နောက်တစ်ချက်က မွေးလကျော်ရင် အသစ်တွေ လာလိမ့် မယ် လို့ ဆိုလိုက်တော့  ဟုတ် အခုတောင် အသစ်တွေ ကမ်းလှမ်းလာတာ ကြုံနေရတယ်ဆရာ သမီးက သူ့ ကိုပဲ ချစ်တယ် သူနဲ့ မကွဲချင်ဘူး မကွဲအောင် ယတြာလုပ်လို့  မရဘူးလားဟင်..သမီးက ဖုံးစမဆက် သူက စဆက်လာအောင် လုပ်ပေးလို့ ရလားဟင်..တဲ့ ..
ယတြာက အခုပေးလိုက်ရင် သုံးလေးရက်အတွင်း သူ့ က စ ပြန်ဆက်သွယ်လာတာမျိုးတော့  ရတတ်တယ် ဒါပေမယ့်  ရေရှည်ကြတော့  အခုလိုပဲ ပြန်ပြန် ရစ်နေမှာပဲ အဲ့ တော့ လဲ အခုပေးတဲ့ ယတြဲာ ပြန်ပြန်လုပ်နေရလို့  ယတြာတွေ ခဏခဏ လုပ်နေရလိမ့် မယ်.. တစ်ခုတော့ ရှိတယ် အခုပေးလိုက်တဲ့ ယတြာတွေကို ခဏခဏ လုပ်နေရင်းနဲ့  ယူဖြစ်သွားတာတွေလဲရှိတယ် တစ်ခါတစ်လေ ကံတွေပြောင်းသွားလို့  ကိုယ်တိုင်က သူ့ အပေါ်အကြီးအကျယ် စိတ်ကုန်သွားတာမျိုးလဲ ဖြစ်တတ်တယ် တကယ်တော့ ဗျာ တစ်ခါတစ်လေဗျာ ချစ်ရတာ ကိုယ်က တစ်ခြမ်းကြီး အနွံအတာ ခံပေးနေရတာကြီးက်ဝဋ်ကြွေးမျိုး ဖြစ်နေတာမျိုးဗျာ.......လို့ ဆိုလိုက်တော့  ဟုတ်ပါတယ်ဆရာရယ် သမီးကို ညာနေမှန်းသိရက်သားနဲ့ ကို သမီးကိုက မခွဲနိုင်တာ ၀ဋ်ကြွေးနဲ့ တူပါတယ် ဆရာရယ်...တဲ့ ဗျား
----------
လတ်တလောပြန်ညက်သွားအောင်တော့  ၂ နံတွဲ ယတြာတွေကိုပဲ ဟိုလိုလှုဒီဟာလုပ်လို့ ပေးလိုက်ရတယ်......၀ဋ်ကြွေးနဲ့ တူပါတယ်ဆရာရယ်တဲ့ :'(
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..