တိုင်ပညာဘေ့ စစ်ကနေ
------------
တိုင်ဘေ့ စစ်က ခိုက်နဲ့  န၀င်းကို ဘေ့ စစ်ထားတယ်။ ဥပမာ တနင်္ဂနွေ တိုင်န၀င်းမှာ ကြာသာပတေး နံ ပညာ တရား ပေါ့  ခိုက်မှာ စနေနံ အမှု့ ပြဿနာပေါ့  ဒီတော့  တနင်္ဂနွေတိုင် မှာ ပတ်ဝန်းကျင်ရဲ့  စကားသံ အမူအယာသံတွေမှာ တရား နဲ့ အမှု့ ၂ ခု တစ်ခုခု ကြီးစိုးနေတယ် ပညာအကြောင် ဓမ္မ အကြောင်း သိသိသာသာ ပြောသံဖြစ်ရင်ဖြစ် သိက္ခာကို တိုက်ခိုက်တဲ့ အသံ အမှု့ သံ ဖြစ်ဖြစ် သိသာအောင်ကြားရလေ့ ရှိတယ် အဲ့ တနင်္ဂနွေတိုင်မှာ ဗေဒင်လာမေးရင် ပညာသဘောကျောင်းကိစ္စ အဓိဌာန်ကိစ္စစသဖြင့် အတွက် ဒါမှ မဟုတ် အမှု့ သိက္ခာ အင်ပရက်ရှင်အတွက်လာမေးတာ...၂ ခုထဲက တစ်ခုခုပေါ့  အများအာဖြင့်  လူတွေက ခိုက် နဲ့ လာတာများတယ် ဘောမတိုင်မှာလာရင် ငွေ ကိစ္စ ၀မရှိပဲ ၀ိလုပ်တာမျိုးတွေ ဂုရုတိုင်မှာဆို လူ ခိုက် ဆိုတာ ဖြတ်လမ်းသမား လောင်းကစားသမား ဖွန်ကြောင်တွေလာတာ အဲ့ ကိစ္စတွေများတယ်...စနေတိုင်ဘေ့ စစ်က သောကြာနံခိုက်သဘော ထောင်ဆေးရုံဘုန်းကြီးဗိုက်မသာကလေးအမှု့ လို ရှော့ ကီး ထုတ်တယ်။ တနင်္ဂနွေတိုင်ကို တရားတိုင်အမှု့ တိုင် တနင်္လာတိုင်ဆို ခရီးခွဲခွာတိုင် အင်္ဂါတိုင်ဆို အကြွားအလိမ်အရှုတ် ဓါတ်နတ် ဟူးတိုင်ဆို ယှဉ်စိတ်ပြိုင်စိတ် အနိုင်လိုစိတ် ကြာတေးတိုင်ဆို လူပျက်အကျင့် ပျက်တိုင် သောကြာတိုင်ဆို အရူးးအပျော်တိုင် လို့  ရှော့ ကီးတွေရှိတယ် ခိုက်နံ နဲ့ န၀င်နံ ၂ ခုကိုပဲ ချုပ်ပြောတာ...
အဲ့ ရှော့ ကီးတွေ ကိုင်ထားလိုက်ပြီး ရုပ်ဖမ်းသံဖမ်းခြေရာကောက်သဘောတွေကို လတွေ ရက်တွေ နှစ်တွေနဲ့ ချီပြီး စိတ်နှစ်နေရတာ လနဲနဲရတော့  အခါတိုင်တွေကို အထာပေါက်လာတယ်....
ဆိုပါတော့  ဒီနေ့ က ကြာတေးနေ့  မနက်က ကြောင် ပြဿနာလာပြောတဲ့  သူက ကြာသာပတေးသမီး န၀င်းနဲ့ လာတာ သူလာတာက သူ့ ကို အပုတ်ချနေတာ အကူတွေထဲကကို အထင်လွဲနေတာတွေအကြောင်း ( မြေကွက်ပေးထားတာ ဘုန်းကြီးကတဲ့  ( တနင်္ဂနွေတိုင်တရားသံပါလာတယ်)....အင်ပရက်အဖဲ့ ခံနေရတာ တနင်္ဂနွေတိုင်ရဲ့  ခိုက် စနေနံ အမှု့ သဘော...အဖိုက်ခံနေရတဲ့  ကြာသာပတေးသမီးက န၀င်းမှာမို့  ခုကိစ္စမှာ သူပြိုလဲ မသွားနိုင်ဘူး..(ဒါက တိုင်ပညာက သူ့ စကားနားထောင်ပြီး အဖြေသိနေပြီ) (ဘဘုန်းက ကြောင်တွေရော အလှုငွေတွေရောလက်ခံပြီး သူပဲ သိမ်းထားတယ်လို့ ဆိုတယ် ကြောင့်  စားရိပ်အ၀၀ကြတော့  ကြောင်ပရဟိတ လုပ်တဲ့  အဲ့ ကြာတေးသမီးက အများဆုံးစိုက်ထုတ်နေရတယ် ( ဒါက မကျေနပ်သံ ) အခါတိုင်မှာ န၀င်းသမားမို့  မပြိုလဲ နိုင်သေးဘူးဆိုတာ ဒီကြောင်ဂေဟာ ဘယ်လောက်ခံမလဲဆိုတာ အဲ့ ကြာတေးသမီးသက်ရောက် သောကြာသက်ရောက် လစိတ် သောကြာမို့  လောလောဆယ် အိုကေနေဦးမယ်လို့ အဖြေထပ်ပေါ်တယ် ( ဒါက သက်ရောက်နဲ့ ညှိပြတာ)
သဘောက အခု ကြာတေးသမီးရဲ့ ပြဿနာကို စွယ်တော်ရွက်ယတြာတွေ ကြက်ဥပြုတ်လှုတာ ဘာညာနဲ့ တင် လောလောဆယ် အဆင်ပြေသွားလိမ့် မယ်ပေါ့ 
ဆရာဟာ လဲ ဘယ်အခါတိုင်ထဲမှာ မဆို ကိုယ့် မွေးနံ ဘယ်မှရှိလဲ ဆိုပြီး အမြဲ ဆင်ခြင်နေတယ် အခါတိုင်တစ်ခုဟာ တစ်လောက်ကလုံးကို လွှမ်းမိုးတယ် ဥပမာ သောကြာတိုင်ဟာ အရူး အပျော် တိုင်ဆိုတာ အရူးဆိုတာ စိတ်ထင်တိုင်းထရမ်းတာ ကြာသာပတေး ခိုက် အတွေးလွတ် သဘော အပျော်က အင်္ဂါနံ စိတ်အောင်မြင် စိတ်ချမ်းသာခြင်းသဘော...ဒီတော့  သောကြာတိုင်မှာ ကြာသာပတေးသား သာ ပေါက်ကရ ထရမ်းရင် ဒုက္ခရောက်နိုင်ပြီး အင်္ဂါသားက ကေါက်ကထလုပ်ရင် ရုတ်တရက် ဒုက္ခမရောက်တတ်သေးဘူး စိတ်လွတ်လက်လွတ်ပျော်လို့ ရသေးတယ်....( ဒါက ကိုယ်တိုင်အတွက် ကစားတာ)
အခုရေးခဲ့ တာ တိုင်ကို လက်တွေ့ သုံးတတ်အောင်လို့  ချုပ်ရေးပြတာပါ ကျယ်တော့ ကျယ်ပါတယ် အခါတိုင် တစ်ခု အတွင်းမှာ ရှော့ ကီး အသံတွေဟာ သိသာထင်ရှားအောင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုပ်ပိုင်း အသံပိုင်း အမြင်ပိုင်း နမိတ်ပိုင်းနဲ့ ပြပေးနေလေ့ ရှိတယ် အဲ့ ဒါကို စောင့် ကြည့် နေခဲ့ ရတာ ဘယ်ကိစ္စက န၀င်းအသံ ဘယ်ကိစ္စက ခိုက်သံ လို့ ခွဲယူတာ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..