'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, April 6, 2016
တောင်ပိုင်းသား
တောင်ပိုင်းသား
-------------
ဒီလိုပဲ သူလိုကိုယ်လိုပဲ စာဖတ်သားတွေ ဖြစ်သွားရင် ဖတ်စရာတစ်ခုခုတွေ့ တာနဲ့  ကောက်လှန်မြည်းဖတ်တာက အနည်းဆုံးပေါ့  စိတ်ဝင်စားတဲ့ လိုင်းဆို စာဖတ်နေရင်း ကမ္ဘာလောကကိုတောင် မေ့ ချင်မေ့ နေတာမျိုး.
အဲ ကနေ ဗုဒ္ဓစာပေတွေပါ ဖတ်တဲ့ အထဲပါလာတယ် ဓမ္မသဘောထက် စာပေသဘော ဗဟုသုတသဘောက ပိုများပါတယ် အဲ့ မှာ တိဘက် ဗုဒ္ဓဘာသာ အကြောင်း တိုစိလေးတွေ ဟိုစာအုပ်ဒီစာအုပ်တွေကနေ ဖတ်ရတာပေါ့ လေ..အများအားဖြင့်  အပေါ်ယံမြင်ကွင်းတွေ ဓလေ့ ရိုးရာသဘောတွေ အပြုအမူတွေအကြောင်းသာ ဖတ်ရတာများပြီး တိဘက်အယူဝင်တွေရဲ့  နှလုံးသားကို မဖတ်ရသလောက်ပေါ့ သိပ်တော့ လဲ ထူးဆန်းတယ်လို့ တော့ မထင်ပါဘူး ပြည်ပက ဒေါ့ ကူ ရိုက်ကူးရေးသမားတွေ ကျနော်တို့ လူနေမှု့ ကို လာရိုက်ရင် အပေါ်ရုပ်တွေသာ ရိုက်ယူသွားနိင်တာ များပြီး ကျနော်တို့  နှလုံးသားတွေကို ရိုက်သွားနိုင်သူက ခပ်ရှားရှားသဘောမျိုးပေါ့ 
တောင်ဖတ်မြောက်ဖတ်တွေ လုပ်လာကြာလာတော့  ဖတ်ဖတ်တွေးတွေးတွေသဘောတော့ ပါလာတယ် ပြီးတော့ ဘာပြောချင်တာလဲ ဘာရနိုင်လဲသဘောတွေပါဝင်လာတယ် အဲ့ သဘောက တစ်ခါက တွေးဘူးတာပေါ့  တိဘက်ဗုဒ္ဓဘာသာမှာရော ၅၅၀တွေမျိုးဇာတ်ထုတ်တွေ ရှိလား အင်္ဂုလိမာလ ရော သူတို့ ဆီမှာပါလား ပါရင် ဘယ်လိုများ ပုံဖေါ်ထားပါလိမ့်  ငါးပါးသီလဆိုတာရောရှိလား ရှိရင် ပါဏာတိကို ဘယ်လိုကောက်မှာပါလိမ့် ပိဋကတ်သုံးပုံလို သင်ရိုးအစအဆုံးရှိလား ရှိရင် အယူအကောက်တွေ ဘယ်လောက်ကွဲပြားနေလဲမသိ ..စသဖြင့် စတိုင်တွေဟာ ဖတ်ဖတ်တွေးတွေး စိတ်အမေးလေးတွေ ဖြစ်လာတာမျိုးပေါ့ ..
တိဘက်တွေကို ဘုရားတူ အကောက်ကွဲ ဂိုဏ်းကွဲတွေ ခေါင်းစဉ်တစ်ခုအောက်ထဲက အတူတူတွေပဲ ဆိုတာ အပြင် တရုပ်တွေ မတရားကိုလိုနီလုပ်ထားခံရတဲ့ နယ်မြေဆိုတဲ့  ကရုဏာသဘောက ပိုစိတ်ဝင်စားရာကောင်းခဲ့ တယ်ပေါ့ လေ..အဲ့ မှာအရင်ကဖြစ်ခဲ့ ဘူးတဲ့  သွေးစိတ် အကြောင်းလေး တစ်ခုရှိသေးတယ်
စကားလုံး အပေါ်သွားခံစားလိုက်တာ စိတ်ပေါက်ကွဲသွားတဲ့  အချိန်ပေါ့  ဘာသာပြန်ဆရာတွေရဲ့ လက်ချက်လားဘာလားတော့ မဆိုနိုင်ဘူး တိဘက် နဲ့  အရှေ့ တောင်အရှ ဗုဒ္ဓဘာသာဂိုဏ်းတွေကို မြောက်ပိုင်းဗုဒ္ဓဘာသာ တောင်ပိုင်း ဗုဒ္ဓဘာသာ ဆိုပြီး ပထ၀ီအခြေခံစကားနဲ့ ခွဲတာလဲ ဖတ်ဖူးတယ်
အဲ့ ဒါလဲ အေးဆေးပဲ နောက်တော့ မြောက်ပိုင်း တိဘက် ဗုဒ္ဓဘာသာကို မဟာယာန ဗုဒ္ဓဘာသာ တောင်ပိုင်းသားတွေက ဟိနယာန ဗုဒ္ဓဘာသာ ဆိုပြီး သုံးတာမျိုးတွေ ဖတ်ရချိန်မှာ မဟာယာနက မြင့် တယ် ဟိနယာနက အနိမ့် စားတွေဆိုတဲ့ သဘောမျိုးတွေ ဖတ်ရချိန်မှာ....မဟာယာနဆိုတဲ့  စကားလုံးကို အတော် တင်းသွားတော့ တာပါပဲဗျ '' ကတောက် ငါတို့ ကိုများ ဟိန တွေတဲ့  ခွီးး '' ပေါ့  ကျနော်တို့ က တောင်ပိုင်းသား တောင်ပိုင်းသွေး ထေရ်ဝါဒသွေးသားတွေကိုး...အဖြစ်က အဲ့ လိုတွေ
......စာဖတ်ရင်းတောင် ဖြစ်ခဲ့ တဲ့ သွေးစိတ်သဘော ဖြစ်ခဲ့ ဘူးတယ်ပေါ့  အဲ့ ဖြစ်ခဲ့ ဘူးတဲ့  စိတ်ကနေ လောကထဲ ဆင့် ပွားတွေးယူလိုက်ရင် တွေးစရာတွေ အများကြီးပေါ့ လေ..
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..