Powered By Blogger

Sunday, April 24, 2016

မှတ်ဥာဏ်တွေ ပျောက်သွားတဲ့ အခါ......


မှတ်ဥာဏ်တွေ ပျောက်သွားတဲ့ အခါ..........
-----------
မင်းကွန်းခရီးစဉ်သွားရင်း ကျနော့် အဖေဟာ အပူပြင်းတဲ့  မန္တလေးသင်္ကြန်ကြီးမှာ သွေးပေါင်ချိန်စောင့် တက်ပြီး သတိလစ်မေ့ မျောသွားရာကနေ မန္တလေးဆေးရုံကြီးကို အရေးပေါ်လူနာအဖြစ် တင်လိုက်ရပါရောခမျာ...ခရီးစဉ်မှာ ကျနောရယ် ကျနော့် အမေနဲ့  ကျနော့် အဖေသာ သွားကြတာဖြစ်လို့  ကျနော့် အဖေရဲ့  အသက်ရှင်သန်ရေးဟာ ကျနော့် အပေါ်လုံးလုံးတာဝန်ကျလာသလိုပါပဲ....မန္တလေးက မိတ်ဆွေတွေက အစစ၀ိုင်းကူညီကြသလို မန္တလေးဆေးရုံကြီးက ဆရာဝန်ကြီးရော နတ်စ်တွေ ဆေးရုံဝန်ထမ်းတွေရဲ့  စောင့် လျှောက်မှု့ က သေကံမရောက် သက်မပျောက်ဘ၀ပါပဲ သူများရပ်ရွာမှာ နာမကျမ်းဖြစ်ချိန် မိတ်ဆွေတွေရဲ့ ကူညီမှု့ ဟာ ဘယ်လောက်တောင် တန်ဘိုးကြီးသလဲ ဆိုတာ တစ်သက်မမေ့ နိုင် ကျေးဇူးတင်မဆုံးပေါ့ ..

အဖေ ဆေးရုံပေါ်မှ သတိပြန်လည်လာပေမယ့်  ဘ၀ရဲ့ အရာတော်တော်များများကို မမှတ်မိတော့ ပါဘူး  ကျနော် နဲ့  ကျနော့် အမေကိုတောင် မှတ်မိ သယောင်ယောင်လေးလောက်ပဲ ဖြစ်သွားပါတော့ တယ်  ခြေထောက်တွေ ဆိုင်းသွားလို့    လမ်းမလျှောက်တတ်တော့ ဘူး သစ်သီးတွေ ရဲ့ အမည်ကို မမှတ်မိတော့ ပါဘူး..သူ့ ကိုယ်သူ ဘယ်ရောက်နေလဲလည်း မသိတော့ ပါဘူး..မန္တလေးက မိတ်ဆွေတွေ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ယူလာတဲ့  ထမင်းနဲ့ ဟင်းလျာတွေကိုအနံ့ တောင်မခံနိုင်တော့ ပါဘူး..နှလုံးပါ ထိသွားလို့  နှာခေါင်းက ပြင်းထန်တဲ့ အနံ့ တွေကို မခံနိုင်တော့ တာလို့ ဆိုပါတယ်..

မှတ်ဥာဏ်ပျောက်သွားတာဟာအတော့် ကို ဆိုးပါတယ် သက်သာစပြုလာတော့  ကုတင်စောင်းလေးမှာ ခြေတွဲလောင်းချထိုင်စေရင်း သူ့ ခြေထောက်ကို ကျနော်က ဘယ်ညာ အသာလေး လွှဲပေးရင်း သွေးပူလေ့ ကျင့် ခန်းလို လုပ်ပေးပြီးမှ တွဲယူဖေးမပြီး တစ်နှစ်ကျော်ကလေးလေးတွေကို လမ်းလျှောက်ပြန်သင်ပေးသလို ဘယ်လှမ်းလိုက်ပါ ဟုတ်ပြီ အဖေ ဟုတ်ပြီ ညာဖက်ကလေး လှမ်းလိုက်ပါဦးနဲ့  လမ်းလျှောက် လေ့ ကျင့် ပေးခဲ့ ရသလို.........သူကြိုက်တတ်တဲ့  ပန်းသီးကို ထောင်ကိုင်ပြရင်း ဒါဘာသီး လဲ အဖေလို့ မေးလိုက်ရင် ကြောင်ကြည့် နေပြီး ခေါင်းလေးခါလို့  မသိဘူး တဲ့  ဒါရောအဖေ လို့  စပျစ်သီးအတွဲကြီးတွေကို ထောင်ကိုင်ပြတော့ လဲ ..ခေါင်းသာရမ်းတော့ တယ်...ကြေကွဲစရာ စိုးရိမ်စရာကောင်းလွန်းလှတဲ့  နေ့ ရက်တွေပေါ့ ဗျာ..ဒါ ပန်းသီးနော်အဖေ....အဖေ ဒါလေးတော့ စားနော် အားရှိအောင်ဆိုပြီး ပန်းသီးစိတ်လေးတွေ ခွံ့ ကျွေးတော့  ကလေး တစ်ယောက်လိုပါပဲ ခေါင်းလေးငြိမ့် ပြီး  နှစ်နှစ်သက်သက် စားရှာတယ်..ကောင်းလား အဖေဆိုတော့  ပြုံးပြီး ခေါင်းငြှိမ့် ရှာတယ်..အဖေ စကားမှ ပြန်ပြောတတ်ပါတော့ မလားလို့  စိတ်ထဲက သောကတွေနဲ့  ကြီတ်ကြေကွဲမိလို့  ဆို့ နင့် လာတဲ့ ရင်ထဲက အပူတွေကို မြိုချခဲ့ ရတဲ့ အချိန်တွေပေါ့ လေ...

သတ်လစ်နေချိန်တွေရဲ့ ထူးဆန်းတဲ့ အက်ရှင်တစ်ခုက လူကသာမေ့ မျောနေတာ ညာလက်ရဲ့  လက်မနဲ့ လက်ညှိုးက ပုတီးတွေစိတ်နေတဲ့ အက်ရှင်က ထူးခြားမြင်ကွင်းပေါ့  ဘယ်ကမ္ဘာမှာများ ပုတီးတွေဆက်စိတ်နေပါလိမ့် ပဲ.အရင်က ထုံလာတဲ့ အကျင့် က ဖြစ်နေတဲ့  အက်ရှင်ပေါ့ လေ.....သတိလည်လာပြီး ကျနော်တို့ သားအမိ ၂ ယောက်ကိုသာ မှတ်မိသယောင်ရှိပြီး ရန်ကုန်အိမ် အလုပ် အစားအသောက် အသီးအနှံ အမည်တွေ မန္တလေးက မိတ်ဆွေတွေ ဘာဆို ဘာမှ မမှတ်မိတော့ ပေမယ့်  ဆေးရုံတက်စကနေ ၅ရက်လောက်က ပန်းသီးပြီးပန်းသီး နဲ့ ရေနဲ့  ငှက်ပျောသီးနဲ့  ထမင်းဟင်းလွတ် အသက်ဆက်ခဲ့ တာကလည်း အံ့ ဖွယ်ပါပဲ

လမ်းပြန် လျှောက်တတ်လာလို့  မထူးဘူး ရန်ကုန်ကိုပြန်မယ် အိမ်မှာ ဆရာဝန်ကြီးတွေနဲ့  ဆက်ကုကြတာပေါ့ လို့   ဖအေကို တွဲယူဖေးမပြီး အရိပ်တကြည့် ကြည့် နဲ့  ရထားပေါ်မှာ တလမ်းလုံးငုတ်တုတ် ထိုင်ကြည့် ပြီး ဇွတ်ပြန်ချလာခဲ့ ကြတယ် အိမ်ရောက်တဲ့ အထိ အဖေ့ ရဲ့  မှတ်ဥာဏ်ဟာ ကောင်းကောင်းအလုပ်မလုပ်သေးပါဘူး သူ့ အိမ်လို့ လဲ ကောင်းကောင်းမမှတ်မိသေးပါဘူး...အဲအိမ်မှာ မိသားစု မောင်နှစ်မ အမျိုး လူနာမေးတွေ ဆုံနေတုန်း အနားယူနေကြတုန်း  အဖေ့  အလုပ်စားပွဲပေါ်က ဖုံးသံဟာ အသံ ကျယ်ကျယ်လောင်လောင်နဲ့  ထမြည် ပါရောဗျာ...အဲ့ မှာ ကျနော့် အဖေဟာ ရုတ်တရက် အိပ်ရာက လန့် နိုးသွားသလို ဖြစ်သွားပြီး သူ့ ဟာသူ ဖုံးကောက်ကိုင် စကားပြောပါရောလေ.. တစ်ဖက်က ဖုံးဆက်တာက အဖေ့ သတင်းကြားလို့  သတင်းလှမ်းမေးတဲ့  ကုန်သည်မိတ်ဆွေတစ်ယောက်ပါ....ထူးဆန်းတယ်  အဲ့  ဖုံး လာလိုက်တဲ့ အချိန်ကစပြီး မှတ်ဥာဏ် အားနဲသွားတဲ့  အဖေဟာ အကုန်ပြန်မှတ်မိသွားပြီး တက်တက်ကြွကြွ ပြန် ဖြစ်လာပါရောဗျား....အဲ မန္တလေးဆေးရုံကြီးက အဖြစ်တွေတော့  သတိမရပါတဲ့ ဗျာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..