''ယာခင်းပွဲတော် ''
-----------------
ဝင်းဦးရဲ့  မောင်တို့ ချယ်ရီမြေ ရုပ်ရှင်ပြန်လာနေတော့  ဒီတစ်ခါတော့  အစနေရာလောက်ကနေ စမှီလိုက်တယ် ဒါနဲ့ ခဏထိုင်ကြည့် မိတာပေါ့ လေ မေ့ ကမေ့ နေသလောက်ရှိနေပြီမို့ လဲပါတယ်...ဒီတစ်ခါကြည့် မိတာက စိတ်ထဲက ဒီခေတ်ရုပ်ရှင်တွေနဲ့  နှိုင်းနှိုင်းပြီးကြည့် မိတာမျိုး....
အတော်ကွာသွားတာပဲဆိုတာ ပထမဆုံးဖီးလ်ပေါ့  သီချင်းတွေကတော့ ပြောစရာမလိုအောင်ကို လိုက်ဖက် သာယာတယ်..အဖြူနဲ့ အမဲရုပ်ရှင်ဖြစ်နေတာတောင် အတော် စွဲဆောင်နိုင်သေးတယ်.. နောက်သတိထားမိတာက ဟောလီးဝုဒ် ဘောလီးဝုဒ် ရုပ်ရှင်တွေထဲကလို ကိုယ့် အထွာနဲ့ ကိုယ် အတိုင်းအတာတစ်ခုအထိ လူအင်အားတွေ အများကြီးသုံးနိုင်တာကိုပဲဗျား ဒါမျိုး လူအင်အားအများကြီးသုံးသွားတာ သင်္ကြန်မိုးမှာလဲ သိသိသာတာပဲ..နော်က်ပိုင်း ဒီဘက်ခေတ်မှာ အဲ့ လိုလူအင်အား အများကြီးသုံးနိုင်တာမျိုး အတော်နဲသွားပြီ ခေတ် အခြေအနေအရပေါ့ လေ.😁
နောက် အတော်အာရုံစိုက်မိပြီး သိပ်သဘောကျတဲ့  စကားလုံးလေးတစ်ခုက '' ယာခင်းပွဲတော် '' ဆိုတဲ့  အသုံးပဲ..ရိုးမတောင်ခြေတွေက တမျှော်တခေါ်ကျယ်ပြောလှတဲ့ သိပ်ကို လှပတဲ့  တောင်ယာခင်းကြီးတွေထဲ စိတ်အာရုံ က လိုက်လိုက် ပုံဖေါ်နေမိတဲ့ အဖြစ်က လူ့ စိတ်ကို အဲ့  ယာခင်းပွဲတော် ဆိုတဲ့  စကားလုံးထဲ နစ်မျောသွားစေတယ်...နောက် စိတ်ကူးယဉ်သွားမိတာက အမေရိကန်တို့  ဥရောပတို့ က စက်မှု့ လယ်ယာရဲ့ ကျေးဇူးကြောင့်  ဖြစ်ထွန်းနေတဲ့  သိပ်ကိုကျယ်ပြောလှပတဲ့  တောင်ယာခင်း ကြီးတွေဆီကိုလဲ စိတ်အာရုံက ရောက်သွားပြီး တို့ နိုင်ငံထဲလဲ အဲ့ လို ရင်သပ်ရူ့ မောလောက်အောင် ကျယ်ပြော လှပ သာယာပြီး နေချင်စရာကောင်းလှတဲ့  လွမ်းစရာလဲကောင်းလှတဲ့  အောင်မြင်နေတဲ့  တောင်ယာခင်းကြီးတွေမျိုး ဖြစ်စေချင်လိုက်တာဆိုတဲ့ စိတ်မျိုးတွေ ဖြစ်လာလိုက်သေးတယ်...တစ်ခါတစ်ခါ စိတ်ကူးယဉ်ချက်က အဲ့ လိုတွေ....
ယာခင်းပွဲတော် ဆိုတဲ့  စကားလုံးလေးကို ဖီးလ်တက်နေတုန်း အဲ့ ရုပ်ရှင်ထဲက အကပြကွက်တစ်ခုမှာ ၀င်းဦးနဲ့  ကလေးတွေ ကျနော်တို့ တိုင်းရင်းသားတွေရဲ့  ကကွက်လေးတွေ တိုင်းရင်းသားဂီတနဲ့  တွဲကပြသီဆိုပြသွားတာလဲ ပါလိုက်သေးတာ သတိထားလိုက်မိတယ်.....အဲ့ မှာလဲ ကိုယ့် တိုင်းရင်းသားတွေရဲ့  ချစ်စရာကောင်းတဲ့  ရိုးရာဓလေ့ တွေ ဂီတတွေ တန်းမြင်လိုက်မိပြန်တာပဲ အဲ့ လိုပဲ အမေရိကားတို့ ဥရောပတို့  ယာတောပျော် ကျေးလက်သားတွေရဲ့  လူနေဟန်ထားစတိုင်တွေ ယာခင်းတွေနဲ့ သီးနှံတွေထွက်ချိန်မှာယာခင်းပျော်တွေ စုပေါင်းသီဆိုကခုန်မိတ်ဆုံစားကြတဲ့ အခါတွေမှာ ကျင်းပကြလေ့ ရှိတဲ့  ပျော်စရာသိပ်ကောင်းတဲ့  ကမ်းထရီး သီချင်းဂီတတွေကိုပါ စိတ်အာရုံက လှမ်းခံစားလိုက်မိသေးတယ်..'' ယာခင်းပွဲတော် '' ဆိုတဲ့ စကားလုံးလေးကနေ ရုပ်ရှင်ကြည့် ရင်း အတွေးနဲချယ်သွားပုံများပြောပါတယ်....😁 😂😂
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..