တစ်ခါက မှတ်မှတ်ရရ သင်္ကြန်
-----------------------------
သင်္ကြန်နဲ့  ပတ်သက်လာရင် အင်းစိန်ဖက်မှာ ညဖက်ကြီး ကျနော်တို့ ဂျစ်ကားကို လေးခွနဲ့  လိုက်အပစ်ခံရတဲ့ အဖြစ်အပျက်ပဲဗျ ပစ်လဲပစ်ချင်စရာတော့ ကောင်းပါတယ်...ခ်ခ်..
ဂျစ်ကားနဲ့ အုပ်စုဖွဲ့  သင်္ကြန်ရေပက်ခံသဘောကလဲ ငွေရေးကြေးရေးအရ အတော်အားစိုက်ရတာမျိုးပဲ၊ ဘော်ဒါတွေ စုမိပေမယ့်  ကိုယ့် ဂျစ်ပေါ်မှာ မဒီလေးတွေမှ မပါရင် မျက်နှာက ငယ်သေးတာ ကိုယ့် ရီးစားကိုတော့  တွန့် တိုချက်က အဲ့ လိုမျိုးတွေမှာ အတူတူခေါ်တင်လေ့ သိပ်မရှိကြသေးဘူး ဘာညာကြီးလို့ အထင်မခံနိုင်တော့  စင်တင်တွေ အအေးဆိုင်က မဒီလေးတွေကို ဘော်ဒါဖွဲ့ ခေါ်ရတယ် အဲ့  မဒီလေးတွေက ရူပါအတော်ဖြောင့် များပြီး အင်းစိန်ဖက်ကလည်း မဒီလေးတွေက အဖြောင့် ဆုံးလေးတွေ ထွက်တဲ့ အရပ်လိုပဲ..
အကျနေ့ ထဲက အဲ့ အရပ်ထဲမှာ မျက်စိနောက်စရာ ကောင်းနေတာက သူတို့ အရပ်ထဲက မဒီလေးတွေကို မနက်ဆို ဟေး...၀ါးးးနဲ့  အသံမျိုးစုံနဲ့  ကားနဲ့  သွားပင့် မိုးချုပ်စဆို.
အီးးးး အား...၀ါးးး အသံသေးအသံကြောင် မျိုးစုံနဲ့  ပြန်ပို့ ...လုပ်ခဲ့ တော့  ရပ်ကွက်ထဲက ကာလသားတွေက အတော် အာရုံမလာတော့ ဘုး ဖြစ်ကုန်တာပေါ့  သူတို့ အရပ်သူလေးတွေကို မြို့ ထဲက ငတိတွေက လာလာပင့် သွားတာကိုး..ငိငိ ..အဲ အဲ့  မဒီလေးတွေကလဲ သူတို့ အရပ်က ကာလသားတွေဆို ဖုတ်လေသည့် ငပိ သဘောရှိပါ့  အရပ်ထဲကထွက်ထွက် အရပ်ထဲပြန်ဝင်ဝင် မျက်နှာက ...ခိခိ..
အဲ့ မှာ ကျနော်တို့  ဂျစ်ကားကို မှတ်ထားပြီး တေးထားပုံရပါတယ်...အတက်နေ့  ည အဲ့ အရပ်က မဒီလေးကို ရပ်ကွက်ထဲပြန်အပို့ အပြီး ပြန်အထွက်ပေါ့  ၀ါးရုံပင်တွေအများစု အုပ်ဆိုင်းနေတာ ပြီးတော့  မြေလမ်း ခပ်ကျဉ်းကျဉ်းနဲ့  ဓါတ်မီးတိုင်က ခပ်ကျဲကျဲ ခရမ်းချဉ်သီး မီးလုံးလေးတွေ...မှောင်တယ်ပေါ့ ဗျာ....အဲ့  မှာ ကားနောက် ခပ်လှမ်းလှမ်းကနေဖုတ် ဖုတ် ဖုတ် ဖုတ် နဲ့  ပြေးလိုက်လာတဲ့  ခြေလှမ်းသံတွေ ကြားလိုက်ရပြီး...ဒေါင်...ဒေါင်...ဒေါင်...ဒေါက်...ဆိုပြီး..ဂျစ်ကား ဘေးဘော်ဒီတွေ အမိုးဖြုတ်ထားတဲ့  သံကိုင်းတွေကိုလောက်စလုံးတွေ လာမှန်တော့ တာပါပဲဗျာ.....''ဟ ဟ ဟျောင့်တွေ ခွနဲ့  လိုက်ဆော်နေပြီဟ ဟျောင့်  တွေ ၀ပ်ဟ ၀ပ်ဟ'' ..နဲ့  အော်လိုက်ပြီး ကားကြမ်းပြင်မှာ ပြားနေအောင် ၀ပ်လိုက်ရတယ် ..ကားဆရာလဲ အဲ့ တော့ မှ ၀ူးး ဗြီးးးး နဲ့  လီဘာအသားကုန်နင်း မောင်းပြေးရတော့ တာပေါ့  ကံကောင်းလို့ မသေ ဘာညာတို့ အဖေပဲ..ခ်ခ်
အင်းစိန်လမ်းမကြီးပေါ်ရောက် ဘေးရှင်းတဲ့ နေရာရောက်မှ ကားကိုလမ်းဘေးရပ် ပြန်စစ်ဆေးတော့  တော်သေး လူတစ်ယောက်ကိုမှ မမှန်ဘူး ပြေးပြီးလိုက်ပစ်လို့ နဲ့ တူပါရဲ့  အဲ့ မှာဘုရားတာ ပထမက လေးခွနဲ့ ဆော်တယ်လောက် ကားပေါ်မှာ မြှား တစ်လက်ပါတွေ့ လိုက်တော့ မှ ဟာ အေပေးတွေ ငါတို့ ကို အသေဆော်တာ ဒူးလေးပါ ပါသဟ....လို့  ဘုရားတမိတော့ တာ ဟီးဟီး.. အသက်နား နီးသွားတော့  မူးပြဲနေတာတွေ ဘယ်ရောက်သွားမှန်းမသိဘူး...ငိငိ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..