စွန်
---
ငယ်တုန်းက စွန်လွှတ်ဖူးတယ် ဒါပေမယ့်  စွန်သာလွှတ်တာ တိုက်စွန်ကို မလွှတ်တတ်တော့  စွန်မှာ အမြီးရှည်ကြီး တပ်ပြီး လေတံခွန် လို လွှတ်ရတယ်
အမြီးက တအား ရှည်လေ ကောင်းကင်မှာ ကိုယ့်  စွန် အမြီးရှည်ကြီး တလူလူနဲ့  ၀ဲနေတာကို ကြည့် ရတာ ပျော်စရာကောင်းလေပေါ့ ....
စွန်လွှတ်ချိန်ဆို ကိုယ့် လို အမြီးတပ် ၀ဲယုံလေး လွှတ်တတ်သူတွေနဲ့  တိုက်စွန်လွှတ် စွန်ချင်းဖိုက်တဲ့  စွန်လွှတ်သမားတွေနဲ့  ကွင်းပြင်ထဲ စည်ကားလို့ ပေါ့ 
ကောင်းကင်မှာလဲ စွန်တွေကို မနဲဘူး...နောက်တစ်ချက် ကောင်းတာက တိုက်စွန်သမားတွေဟာ အမြီးတပ်ထားတဲ့  လေတံခွန်သဘောလောက် အပျော်လွှတ်နေတဲ့ စွန်တွေကို
လိုက်ဖြတ်လေ့ မရှိဘူး သူတို့ တိုက်စွန်အချင်းချင်းသာ လိုက်ဖိုက် စွန်ဖြတ်ကျတာမျိုးများတယ်. 😁
အဲ့ စွန်လွှတ်နေကြတဲ့ အထဲ ကိုယ့် အမြီးရှည်တပ် ၀ဲယုံလေး လွှတ်တဲ့ စွန်အမျိုးအစားက နဲနဲတော့ အောက်တယ် စွန်လွှတ်တတ်လို့  မခေါ်ဘူးပေါ့ လေ ကလေးပေါ့ လေ..
တိုက်စွန်သမားတွေမှ စွန်ဆရာကြီးတွေပေါ့  သူတို့ က စွန်ကို အမျိုးမျိုး ကစားတတ်ကိုး.. မှန်စာကြိုးမှာတော့  ဘီးပျံ အပ်ချည်လုံးနဲ့ တိုက်ထားတဲ့ မှန်စာကြိုးကတော့  နာမည်ကြီးပဲ
စွန်ဆရာကြီးတွေရဲ့  မှန်စာကြိုးဆို သတိကို ထားကိုင်ရလောက်အောင် ထက်တယ် အကိုင် မတတ်လို့ ကတော့  လက်ကို ရှရောပဲ...အဲ့ တိုက်စွန်ဆရာတွေ ကိုင်တဲ့  ရစ်ဘီးကလည်း
ဖေါက်ထွင်း မြင်ရတဲ့ ကော်ကြည် နဲ့  လုပ်ထားတဲ့  တကယ့် စပရှယ် ရစ်ဘီးတွေ ...သထားချက်များ ရွှေထက်တောင် တန်ဘိုးထားသလိုမျိုးတွေ
ကိုယ်တွေက သစ်သားရစ်ဘီး အကြီးလောက်ရယ်....ဒါတောင် စွန်လွှတ်တတ်သယောင်ယောင် ပဲထုပြီး ရစ်ဘီး အကြီး ဖေါ်လျှိုး လုပ်ကိုင်တာ... :P
စွန်သရဲသာလုပ်နေတာ လေတံခွန်စွန်မျိုးလေးပဲ လွှတ်ခဲ့ တာများခဲ့ တဲ့ အထဲ တစ်ခါက အဖြစ်က မှတ်မှတ်ရရ ဖြစ်ကျန်ခဲ့ ပုံက ရစ်ဘီးထဲ ကြိုးက ကိုက် ထောင်ချီ ရှိနေတော့  စွန်ကိုလွှတ်တင်ရင်း လေကြောက
ကောင်းနေတော့  ကြိုးလျှော့ ရင်း လျှော့ ရင်းက ကောင်းကင်မှာ ကိုယ့် အမြီးတန်းလန်းနဲ့ စွန်တောင် ပြပြလေးမြင်ရတော့ တယ် အဲ့ လောက် မဟားဒယားကြီး
မြင့် အောင်မလွှတ်ဖူးတော့  လွှတ်ပျော်နေတာပေါ့  ..အဲ့ မှာ မိုးသားတွေ ရောက်လာပြီး မိုးက ဖွဲဖွဲလေး စရွာလာပါရောလေ...အဲ့ မှာ ကိုယ့် စွန်ကို ပြန်သိမ်းရမှာ သမျှောနေတာနဲ့  မိုးရွာကြီးထဲ စွန်ဆက်လွှတ်နေတော့ တာပေါ့ လေ
စွန်က သိပ်မြင့် နေတော့  မိုးစိုပုံမရဘူး ဆက်ဝဲနေသေးတယ် မိုးစိုပြီး အိကျလာတာက မှန်စာကြိုးတွေ ..အဲ့  မှာ ရစ်ဘီးတစ်ဘီးစာ ကိုက် ၅၀၀လောက် မှန်စာကြိုးတွေ
ကုန်ရော ဖြစ်သွားတော့ တာပါပဲ.စွန်လဲ နောက်တော့  စုတ်ပြတ်ပြီး ထိုးဆင်းသွားရော...လူလဲ မိုးတွေရွှဲ ကြွက်စုတ်လေးဖြစ် အအေးပတ်ပြီး ဖျားရော .အဲ ၀ါးလုံးရှည်ကြီးထောင်ပြီး စွန်တော့  မလိုက်ခဲ့ ဖူးဘူးပေါ့ လေ... :P 😁
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..