---
အရင် ခေတ်က သင်္ကြန်ပိတ်ရက်တွေ အတွက်ဆိုပြီး စာအုပ် အငှားဆိုင်က ၀တ္ထုတွေ ဘာသာပြန်တွေ စာအုပပ်ပေါင်းစုံတပွေ့ ကြီး ငှားချလာတာပေါ့  စာအုပ်ဆိုင်က သင်္ကြန်ပိတ်မှာကိုး ပြီးတော့  ရက်ကျော်ခတွေ ဘာညာမရှိဘူးလေ အဲ့ မှာ ဆိုင်ထဲက စာအုပ်တွေ တော်တော်များများလျော့ သွားတတ်တယ်....နောက်တော့  အပေါ်စက် အောက်စက်ဆိုတဲ့ ဗွီဒီယိုခေတ် ရောက်လာရော...အဲ့  မှာလဲ ဒီလိုသင်္ကြန်ရက်အတွက် ခွေတွေကို မနဲဘူး ငှားကြပြန်ရော စီဒီခေတ်ဟုတ်သေးပဲ တိတ်ကြိုးခွေခေတ်ဆိုတော့  ၁၀ခွေ ၁၅ ခွေ ဆိုရင်ပဲ အထပ်လိုက်ကြီးဖြစ်နေပြီ....( အဲ့ တိတ်ကြိုးခွေခေတ် နဲ့  စီဒီခွေခေတ် အစမှာ ကြံဖန် အတုံးကြီးတာတွေ ရှိသေးတယ် အောက်စက်ဖွင့် စက်က အတော် များများသုံးလာချိန် စီဒီဖွင့် စက်တွေက ဈေးကြီးသေးလို့  သိပ်မသုံးနိုင်သေးဘူး အဲ့ မှာ စီဒီခွေလေးတွေ လက်ထဲ တပြပြနဲ့  လူမြင်အောင် ကိုင်ပြပြီး အတုံးကြီးပြတဲ့  ခေတ်တိုလေး ဖြစ်ခဲ့ သေးတယ် အိမ်မှာ စီဒီဖွင့် စက်ရှိတယ်ပေါ့ လေ.. ငိငိ 😁 )
အဲ့ မှာ ဗွီဒီယိုခွေတွေ စုပြုံပြီး အများကြီး ငှားတဲ့ နေရာမှာလည်း ရက်ကျော်ခ မပေးရတော့ ခွေအငှားဆိုင်ထဲ ခွေတောင်မကျန်တော့ သလောက်နီးနီးစုပြုံငှားကြတာ....ဒီဘက် စီခေတ် ခိုးကူးခွေခေတ် အင်တာနက်ခေတ်ရောက်လာတော့  တိတ်ကြိုးပြားခေတ်လဲ မဟုတ်တော့ ဘူးဆိုတော့ စာအုပ်ငှား ခွေငှား မရှိတော့ သလောက်ပဲ ခွေက ခိုးကူးမို့  ဈေးပေါတော့  ကိုယ်ကြည့် ချင်တဲ့  ကားတွေဆို အလွယ် ၀ယ်ပစ်လိုက်တာမျိုး...နောက် ပျင်းလာရင် အွန်လိုင်းပေါ်တက်အချိန်ဖြုန်းလို့  လွယ်သွားတော့ . စာဖတ်အားက
တော်တော်နဲသွားတယ် ပြောရရင် ပုံဝတ္တုရှည်ကြီးတွေ ဖတ်တာမျိုး နဲသွားပြီ စာဖတ် မပြတ်အောင် နဲ့  ကြိုက်လို့ ဖတ်တာ အက်ဆေး တွေ ပဲ ဖတ်ဖြစ်နေတော့ တယ် သိပ်မရှည်ပဲ ရင်ထဲထိအောင် ရေးတဲ့ စာမျိုးတွေဆိုတော့ လေ....အက်ဆေးတွေထဲမှာကလဲ ကိုယ့်  အတွက် မတ်စိတစ်ခုခု ရတတ်လေ့ ရှိတယ်လေ... 😁
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..