ထုံးပုံးတွေ လက်ကားဖြန့် တဲ့ ဒိုင်က ထုံးပုံးတွေ အရောင်းထိုင်းနေလို့ ဆိုလာလို့  ပျဉ်းမကိုင်းနဲ့  ရိုက် လို့ ပြောလိုက်တယ်...နောက် ၃ လလောက်ကြာတော့  တစ်ခါထပ်ရောက်လာတယ်...အဲ့ အခါလဲ ထုံးပုံးတွေ ပုံနေပြန်သတဲ့ ...ဒါနဲ့  အရင်က ဘာယတြာ ကျနော်ပေးခဲ့ လဲလို့ ပြန်မေးလိုက်ရပြီး...ဒီတစ်ခါတော့  အာလူးစိမ်းတစ်လုံးကို ခွက်တစ်လုံးထဲထည့်  ရေနဲနဲထည့်  ရေမွှေးညှစ်ထည့်  အဲ့ တော့  အာလူးစိမ်ထားတဲ့ နံ့ သာရေလေးရမယ် အဲ့ နံ့ သာရေနဲ့  ထုံးပုံးတွေကို လက်လေးနဲ့  မနက်တိုင်း သုံးရက်လေးရက်လောက် လိုက်လိုက်တောက်ပေးလိုက်လို့  ယတြာပြောင်းပေးလိုက်တယ်...
ဒီနေရာမှာ ပြောချင်တာက နံတစ်ခုကို ဓါတ်ရိုက်တာ ဒီလိုပဲ လှည့် ပတ်လုပ်လို့ ရတယ် သဘောရယ်...အရင်ယတြာနဲ့  ထုံးပုံးတွေ လုံးဝ မထွက်လို့ လာတာမျိုး မဟုတ်တတ်ပဲ ကိုယ်ဆန္ဒရှိသလောက် ယတြာက အလုပ်ဖြစ်ပုံမရဘူးဆိုရင်
မေးသူတွေ ပြန်ကျော့ လာတတ်တဲ့  သဘောကို ကြိုတွက်ထားလိုက်တယ်လို့ .....အကယ်၍သာ ယတြာတွေက လုံးဝ အလုပ်မလုပ်ဖူးဆိုရင် နောက်ထပ်တစ်ကြိမ် အလွယ်တကူ ပြန်လာလေ့ လည်း မရှိတတ်ဘူးပေါ့ လေ...ဒီလိုမျိုးသဘောတရားတွေဟာ
သူများလက်တို့ လို့  အသစ်သဘောရောက်လာသူတွေမှာ ရှိတတ်ကြုံတတ်တယ်ပေါ့ ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..