----
စာပြန်နွှေးတဲ့ သဘော မေ့ နေမှာစိုးလို့ ပြန်ရေးပြတဲ့ သဘော မဖတ်ဖူးသူတွေအတွက်သဘော...
ဘာအလုပ်နဲ့  အကျိုးပေးလဲ မေးခွန်းကို အချိန်ကာလသဘောနဲ့  ညှိပြီး ပြန်ဖြေတာပါ...အဲ့ ဒီလို ဖြေတတ်တယ်ပေါ့ 
ဆိုပါတော့  သုံးကြွင်း ကြာသာပတေးသားသိုက်ဖွားက ဘာအလုပ်နဲ့  အကျိုးပေးမလဲလို့ မေးလာရင် ၃ ကြွင်းမဟာဘုတ်အလိုအရရော ကြာသာပတေး
မွေးနံ တိုင်းစဉ်အရပါ ( တနင်္လာနံက ၃ကြွင်းမဟာဘုတ်ရဲ့  အထွန်းအိမ်မှာ ကြာသာပတေး မွေးနံတိုင်ရဲ့  ပဉ္စပွတ် န၀င်းတိုင်ထိပ်နေရာမှာ ဖြစ်လို့ )
တနင်္လာနံ အလုပ်နဲ့  အကျိုးပေးပါတယ်လို့  စဖြေတာက ဖြေရိုးဖြေစဉ်......
ဒါပေမယ် အဲ့  ၃ ကြွင်းကြာသာပတေးသား သိုက်ဖွားဟာ ဗေဒင်ဆရာက တနင်္လာနံ အကျိုးပေးတယ်ဆိုလို့  ကားထောင်မယ် ကားဝယ်ဆွဲစားတော့ မယ်ဆိုပြီး သူ့ အသက် ၃၀ အင်္ဂါသက်ရောက် လစိတ်ကလဲ အင်္ဂါလစိတ်မျိုးမှာမှ တနင်္လာနံ ဆိုတဲ့  ကားတစ်စီးကို ၀ယ်ပြီး ကားအလုပ်ထူထောင်မယ်ဆိုရင် ဗေဒင်ဆရာဟောတဲ့  တနင်္လာနံ ကားနဲ့ အကျိုးပေးမယ်ဆိုတဲ့ အဟောဟာ ဘာတွေဖြစ်ကုန်မလဲ...
သဘောက အကျိုးပေးတယ် ဆိုသည့် တိုင် အဲ့ အကျိုးပေးအလုပ်ကို စတင်တဲ့ အချိန်ကာလ ဟာ ကေးလင်းဖီးလ်ထဲ ဖြစ်နေရင် ဒုက္ခကို ၀ယ်ယူတာနဲ့ အတူတူပဲလို့ 
ဆိုလိုတာ...ကျနော်တို့ တွေ ကိုယ်စတင်ချင်တဲ့  အစတွေအတွက်..ဗေဒင်တွက်ကြည့် ကြတယ်ဆိုတာ ဒီလိုတွေ ကံချိန်တာကို အဓိကထားတာမျိုးပါ...
နောက်တစ်ချက်က ပြောင်းပြန်ပြန်တွေးကြည့်  ရင် ၆ကြွင်း တစ်ယောက်ကို တနင်္လာနံမရဏ သဘောကြောင့်  ကားကိုမှီပြီးပိုက်ဆံရှာတာ အလုပ်မဖြစ်ဖူးလို့ ပြောလိုက်တတ်ပေမယ့်  အဲ့ ၆ကြွင်းဟာ တနင်္လာနံ အ၀င်ကောင်းတန်းစီးမှာထိုင်ထားတဲ့ ရာဟုသက်ရောက် ရာဟုလစိတ်မှာ ကားဝယ် မောင်းစားမယ်ဆိုရင် ကားနဲ့ အကျိုးမပေးဘူး လို့ တန်းပြောလို့ ဖြစ်မဖြစ်...တွေးစရာ...
အဲ့ ဒီမှာ ဗေဒင်ရဲ့ သဘောတရား လူတွေရဲ့ စတိုင်အရ အလုပ်သဘောတွေမှာ တပွဲတိုးသဘော ကာလတိုသဘော နဲ့  ရေရှည်သဘော ဘ၀တစ်သက်တာ အသက်မွေးဝမ်းကျောင်း အလုပ်သဘော မတူဘူး ကွဲပြားတယ်ဆိုတာကို ထည့် ပြီးတွေးတော စဉ်းစားေးဖို့ လိုလိမ့် မယ်ပေါ့ လေ...ဒါဟာ တကယ့် ကြေးစားဗေဒင်သမားတွေရဲ့  အလုပ်တွေအပေါ်တွေးတော ဆုံးဖြတ်တဲ့ စတိုင်ပါ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..