'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, November 7, 2015
န၀င်းထိုင်ပြီးရင် န၀င်းထိုင်ခြင်းရဲ့  သိသာတဲ့  အကျိုးတရားကိုဘယ်အချိန်မှာ သိသာလဲ
န၀င်းထိုင်ပြီးရင် န၀င်းထိုင်ခြင်းရဲ့  သိသာတဲ့  အကျိုးတရားကိုဘယ်အချိန်မှာ သိသာလဲ
--------------------
( ထိုင်ပြီးပြီးချင်းပဲလို့ ပြောရင် လွန်ရာမကျကြောင်း တစ်ကြိမ်လောက် လူကိုယ်တိုင် န၀င်းထိုင်ဖူးသူတိုင်း.....)
န၀င်းထိုင်တဲ့ အခါ န၀င်းထိုင်သူမှာ ပထမဆုံး ရရှိခံစားလိုက်တဲ့  အကျိုးတရားက ထိုင်ပြီးပြီးချင်း ခြေမန်းကွင်း ချွတ်ချလိုက်ပြီး စည်းအပြင်ကို လှမ်းထွက်သွားချိန်မှာကို...
'''ချက်ချင်း ''စိတ်လက်ပေါ့ ပါးသွားသလို စိတ်ထဲမှာ ခံစားလိုက်ရပြီး '''ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု့ တွေ ဖြစ်သွားတယ်.'''..ငါ့ ကံအညံ့ သက်သာပြီလို့ ခံစားလိုက်ရတယ်.'''...
အဲ့ ဒါ န၀င်းထိုင်တဲ့ ယတြာမှာ ရှိနေတဲ့  တစ်ခြားယတြာတွေထက် ပိုသာနေပုံရတဲ့ အဓိက အားသာချက်ပါ..ဘာ့ ကြောင့် ပါလဲ..တစ်ခြားယတြာပညာ အများစုတွေမှာ မရှိတတ်တဲ့  ( စနစ်တကျ လေးလေးနက်နက် ယတြာခြေတဲ့ စတိုင်...)ကို န၀င်းထိုင်တဲ့ ယတြာပညာမှာ ရှိနေလို့ ပဲလို့ သဘောရသလိုကိုယ်တိုင်ကိုယ်ကျ ထိတွေ့ ပါဝင်ပတ်သက်လိုက်ရတဲ့ ယတြာကိုလဲ န၀င်းထိုင်ခြင်းမှာ ရှိနေလို့ ပါပဲ....
အထူးသဖြင့်  ယတြာခြေဖို့  န၀င်းထိုင်သူဟာ ယတြာခြေပွဲမှာ ကိုယ်ဟာ ဒီယတြာခြေပွဲမှာ အဓိကဇာတ်ကောင် ကိုယ်တိုင် အရေးပါသူ VIPလို့  ခံစားခွင့် ရလိုက်လို့ ပါပဲ
( တစ်ချို့ ယတြာတွေမှာယတြာခြေပေးတဲ့  ဆရာက ယတြာလာခြေတဲ့ သူထက် ပိုအရေးကြီးနေရာမှာယူထားတော့  ယတြာလာခြေတဲ့ သူရဲ့ စိတ်ထဲမှာ
တစ်စုံတစ်ရာ သိမ်ငယ်စိတ်ဝင်နေလေ့ ရှိတယ် ယတြာခြေဖို့ ငွေကုန်ကြေးကျခံထားတဲ့  ကိုယ်ဟာ အဓိကလူဖြစ်ခွင့် မရပဲ ယတြာခြေပေးတဲ့ ဆရာက ယတြာခြေပွဲတစ်ခုလုံးရဲ့ အဓိက ဇာတ်ကောင်နေရာကို
ရောက်နေသလိုဖြစ်နေတယ် ဒီတော့  ယတြာခြေပေးသူကို ဆက်ပြီး အောက်ကျို့ နေရတယ်)
တွေးခဲ့ ဘူးတာတွေထဲက..တစ်ခု
---
တွေးဖူးတယ် မလုပ်ဖူးဘူး...တွေးဖူးတယ်ပဲပြောတာနော်..ဒီလိုပါ မြန်မာ့ ရိုးရာမှာ မကျမ္မာချိန်မှာ ဂျုံနဲ့  လူရုပ်လေးလုပ်ပြီး ခေါတောင်းနဲ့ ဆန်ကောနဲ့ မြေဖုတ်ဘီလူး အပကောင် အောင်ကောင်တွေကို ကောင်တွေကို ဒါနခန်းပြု ကိုယ်စားစွန့် တဲ့ ယတြာပညာရှိတယ် တစ်ချို့ ကျေးလက်တွေနဲ့ တစ်ချို့  ရိုးရာဓလေ့ လုပ်ရတာ နှစ်သက်ဆဲသူတွေ လုပ်နေဆဲပေါ့ 
နောက်တော့  ဒီန၀င်းပွဲပညာမှာလဲ မကျမ္မာရင် ဆံပင်စ လက်သည်း ခြေသည်း ဖြတ်ယူ မွေးနံကိုယ်စား ကိုင်းလေးမှာပတ်ချီပြီး န၀င်းယတြာကစားပေးတာ ရှိတယ်ပေါ့ လေ..
နောက်တစ်ခါ တရုပ်သရဲကားတွေမှာ မြင်လာရတာ ကိုယ် ရန်ရှာလိုတဲ့  တဖကကလူ ပိုင်ဆိုင်တဲ့  ပစ္စည်းတစ်ခုခုကို အောက်လမ်းသဘောမှော်သွင်းထားတဲ့  အ၀တ်စလူရုပ်လေးတွေ မှာ ထည့် သွင်းထားပြီး အဝေးကနေ အပ်နဲ့ ထိုးပြီး တိုက်ခိုက်တာ စီရင်တာမျိုးတွေ တွေ့ ခဲ့ ရတယ်ပေါ့ 
ဒီသုံးခုဆက်စပ်လိုက်ပြီး....နည်းပညာနဲ့  အခါနဲ့  အရပ်ထောင့် နဲ့  ဘာညာ ဘာညာပေါ့ လေ...အဲ့ လို...တွေးခဲ့ ဘူးတယ်လို့ ...အဲ တွေးခဲ့ ဘူးတယ်ပဲညှော်....ခိခိခိ
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..