Powered By Blogger

Saturday, November 7, 2015

ဆိုက်ကို (၀ါ) ပတ်ပြေးခြင်း..



ဆိုက်ကို (၀ါ) ပတ်ပြေးခြင်း..
--
ကျနော့် မှာ ဆိုက်ကိုတစ်ခုဖြစ်နေတာက အနိဌာရုံဆန်တယ်ထင်တဲ့ ဓါတ်ရိုက်ဓါတ်ဆင်မျိုးတွေ မလုပ်ရဲတာပဲဗျာ...
အဲ့ စိတ်ဖြစ်လာတာက ၀ဋ် သဘော နဲ့  ကုသိုလ် အကုသိုလ် သံသရာ သဘောကို တွေးကြောက်ရာက စတာပဲ

ဣရုံသဘော အနိဌာရုံသဘောကို ယေဘူယျခွဲတဲ့  စိတ်က ဥပမာ နေမကောင်းရင် ကောင်းအောင် လူ ၂ ယောက် လင်မယား ၂ ယောက် ရန်ဖြစ်ရင် ကွဲလုလုဆို ပြန်တည့် အောင် မကွဲလွယ်အောင် စတာမျိုးသဘော ပေါင်းစည်းခြင်းသဘောတွေဆောင်တာမျိုးပေါ့  အိမ်က ဆင်းသွားလို့ ပြန်ခေါ်တာ
ဣဌာရုံ သဘော အိမ်ကနေထွက်သွားအောင် ဓါတ်ရိုက်တာမျိုးကို အနိဌာရုံသဘောလို့ ယူတာ..

ဗေဒင်အလုပ်မှာ အပေါင်းဆန္ဒချည်း လာတာမျိုးမဟုတ်ပဲ ဖဲ့ ဖို့  ပြန်တိုက်ဖို့  ထွက်သွားစေချင်လို့ အနိုင်လိုချင်လို့  ၀ပ်သွားအောင်လို့ ဆိုတဲ့  ဆန္ဒမျိုးတွေ အတွက်လဲ လာတတ်လေ့ ရှိတယ်...အဲ့ မှ ကျနော် ညစ်တာပဲ...ကျနော်က အဲ့ တာမျိုးတွေ မလုပ်ချင်ဘူးလေ..၀ဋ်ကိုကြောက်တယ်လေ....
အလုပ်သဘောကလဲ ရှိနေတယ်လေ..အဲ့ မှာ တွေးရတော့ တာ..

အဲ့ မှာ ကျင့် သုံးရတဲ့ စတိုင်က တစ်ချို့ ကိုတော့  လုံးဝမလုပ်တတ်ပါဘူးဆိုပြီး ငြင်းလွှတ်လိုက်ရပြီး တစ်ချို့ ကိုတော့  ကိုယ့် အခြမ်းသာကိုယ်ကာကွယ်ထား ဆိုတဲ့ ကာကွယ်ရေးယတြာမျိုးတွေပဲ ပေးလွှတ်လိုက်ရတယ်..ရှောင်တတ်တာက အကွဲ ယတြာတွေ ဆိုပါတော့  မယားကြီးက သူ့ ယောက်က်ျား စမော်နဲ့  ကွဲအောင် လုပ်ပေးပါဆိုရင် အဲ့ ဒါမျိုးပါ ရှောင်တော့ တာမျိုး...ဒီလိုကိစ္စတွေဟာ သံသရာ ၀ဋ်ကံသဘောတွေ ပါတယ် ဖြစ်ချင်တိုင်း ဖြစ်လို့ ရတာမဟုတ်ဖူး သူတို့ သုံးယောက် ကံ ပြဿနာကြားထဲ ငါလက်ဝင်ရှိုလို့ မဖြစ်ဖူးဆိုပြီး ရှောင်တာမျိုး ပြီးမှ မယားကြီးနဲ့  သူ့ ယောက်ျားနဲ့  ကံ ရှိနေသေးရင် အကြောပြန်တဲ့  သွားအောင် ၂ နံတွဲ ယတြာမျိုးတွေလောက်ပေး အဲ့ မယားကြီးကြိုက်ကြိုက်မကြိုက်ကြိုက် ပေးလိုက်တတ်တယ် ကွဲအောင်လုပ်မပေးလို့ နောက်မလာတော့ ဘူး
ဆိုလဲ နိုးပရော်ဘလန်ပါလို့ သဘောထားလိုက်တယ်ပေါ့  စမော်လေးကိုတော့  ဘာဓါတ်ရိုက်တာမှ သွားလုပ်လေ့ မရှိဘူး....

ဓါတ်ရိုက်ဓါတ်ဆင်ပညာတွေသဘောတစ်ချို့ က လက်ဖ၀ါးနဲ  လက်ဖမို့ လို သဘောရှိတယ်  ကောင်းအောင်လုပ်တဲ့ ယတြာကိုပဲ ပြောင်းပြန်လှန်ကစားလိုက်ရင် ဆိုးအောင်လုပ်တဲ့ ယတြာ ဓါတ်ရိုက်ခန်းဖြစ်သွားတယ်...

ဆိုပါတော့  ကျနော်တို့ သုံးနေတဲ့  မတွန့် စေရ ပညာ သဘောမှာ ဥပမာ ဗုဒ္ဓ္ဓဟူးသားသမီးတွေအတွက် ဣရုံ အကောင်းဖြစ်စေတဲ့  စပယ်ညွန့်  ယတြာကိုပဲ  ပင်စိမ်းရွက်နဲ့ ပြောင်းပြန်  ကစားလိုက်ရင် အဲ့  ဗုဒ္ဓ္ဓဟူးသားသမီးတွေကို ပုံမှန်ဖြစ်နေတဲ့  သဘောကနေ အဆိုးဖက် ဆင်းသွားတဲ့  အနိဌာရုံ ပညာသဘောကို ဖြစ်သွားစေတယ်ပေါ့ လေ...

ဆိုလိုတာက သူများကိစ္စတွေကို ဗေဒင်ယတြာတွေ ဓါတ်ရိုက် ဓါတ်ဆင်ကစားတာမျိုးတွေမျာ ကိုယ်ငရဲကျနိုင်တဲ့  ကိုယ်ပြန်ပြီးဝဋ်လည်တာမျိုးဖြစ်လာနိုင်တဲ့ သံသရာတစ်ကွေ့ ဝယ် ဖြစ်လာနိုင်တာမျိုးတွေကို ပါထည့် တွက်ပြီး ကိုယ့်  ကံဘ၀ကို ထိခိုက်လာနိုင်တယ်လို့ တွက်လို့ ရရင်
လက်လျှောက်ပြီး တစ်ဘ၀တာလေး ထောဖို့ လောက် နဲ့ သံသရာ ကံဘ၀နဲ့ မလဲတော့ ဘူး...ပတ်ပြေးတော့ တယ်ပေါ့ လေ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..