Powered By Blogger

Saturday, November 7, 2015

အုန်းသီးပြဿနာ..


အုန်းသီးပြဿနာ..
--
ကျနော်တို့ ရဲ့ မူလဇာစ်မြစ်က အုန်းသီးပွဲရုံလောကသားတွေပါ ခုထိလဲ အပြီးမကင်းသေးပါဘူး
ညီအစ်ကိုမောင်နှစ်မအမျိုးတွေ ဆက်လုပ်နေဆဲတွေရှိပါတယ်...အုန်းသီးတွေမှာ ဖြစ်တတ်တဲ့
သဘာဝတွေတစ်ချို့ ကိုတော့  အရင်က ရေးပြခဲ့ ဘူးပါတယ်နော်..ကျနော်တို့ အုန်းသီးလောကမှာ ကျင်လည်စဉ်ကဆို အုန်းဆီချက်တာ တစ်ပိုင်တစ်နိုင်အုန်းဆံကြိုးကျစ်စက်လေးတွေထောင်ထားတာ အပါအ၀င် ဆွဲအုန်း ပွဲအုန်း အုန်းခြောက် စသဖြင့် ပေါ့ ကဏ္ဍတွေမျိုးစုံ ပတ်သက်ခဲ့ ရသလို အုန်းသီး အရင့် အနုအကြော အရွယ်အစားကို ကြည့် ယုံနဲ့ နဂဘာရီအုန်းလား မော်ကျွန်ဘိုကလေးလား ရခိုင်ဘက်ကလား တောအုန်းလား လယ်ဝေးလားစသဖြင့်  ခွဲနိုင်ကြတယ်သုံးရာသီအလိုက် အုန်းသီး အနုအရင့် အရည်ချောင်အရည်ကျပ်သဘောတွေ လက်လေးတွေ လက်ပေါ့ ဆိုတာတွေ နားလည်းကြတယ်...ကမ်းနား ရေတက် ရေကျသဘောကိုတောင် လဆန်းလဆုတ်နဲ့  စိတ်တွက်တွက်ယူတတ်ကြတယ် လဆန်း ၇ရက်လောက်ဆို ၇ကျပ် ၇မတ်= မနက် ၇နာရီနဲ့ ၈နာရီကြားမှာ ရေစတက်လိမ့် မယ်...စသဖြင့် မှတ်ပြီး ကမ်းနားကပ်ထားတဲ့ လှေတွေသင်္ဘောတွေပေါ်ကနေ အုန်းသီးတွေ ကုန်းပေါ်ကိုချကြတယ်ပေါ့ .ပွဲရုံကြီးတစ်ရုံရဲ့  အုန်းသီးအ၀င်အထွက်ဟာ လစဉ် ထောင်ပေါင်းများစွာရှိပါတယ်

ဆိုတော့ အခွံပါ အခွံမပါ အုန်းသီးတွေ  ပွဲတင်ထားရင် လှုထားရင် အုန်းသီးတွေ ဖြတ်ကနဲကွဲတာ အုန်းရေတွေ အရှိန်ပြင်းပြင်းနဲ့  ပန်းထွက်တာ အစို့ ပေါက်တွေ အပင်ဖြစ်ဖို့ ထွက်လာတာ အုန်းသီးအတွင်းထဲက လူတောက်ခေါက်သလို တောက်ခေါက်တာ ထောပတ်အုန်းတို့  အုန်းအမြူတေတို့ ဆိုတာ မကြုံချင်မှအဆုံး ခဏခဏကြုံနေရတဲ့ အဖြစ်တွေဖြစ်ပြီး အထူးအဆန်းတွေ မဟုတ်ကြတော့ ဘူးပေါ့ လေ....ဒီလို ဖြစ်နေတဲ့ သဘောတွေဟာ ရာသီအလိုက်ကို ဖြစ်နေတာပါ..
ဆိုပါတော့  အုန်းသီးက အလိုလို လန့် ကွဲတာ အုန်းရေးတွေ ရှန်ပိန်ပုလင်းဖေါက်သလို ရူးကနဲ ပန်းထွက်လာတာမျိုးတွေဟာ ဆောင်းဦးပေါက်နဲ့  မိုးဦးကျမှာ လာတဲ့  အုန်းသီးတွေမှာ အများဆုံးကြုံတတ်ပါတယ်..အကြောင်းက အရင့် မမှန်သေးခင် အသားဘ၀မရောာက်သေးတဲ့ အုန်းရေတွေဟာ အုန်းသီးထဲမှာ လေဟာနယ်မရှိပဲ ပြည့် ကျပ်နေချိန်မှာ အပင်ကခူး ဈေးကွက်ရောက် ပြင်ပအပူဒဏ်နဲ့  တွေ့ ပြီး  အပူုနဲ့ အအေးလျှော့ ဖြစ်ပြီး ထ ဖြစ်ကုန်တာမျိုးသဘောပေါ့ လေ...အအေးထည့် နေကျ ဖန်ခွက်ထဲ အပူထည့် လိုက်ရင် လန့် ကွဲတတ်သလိုပေါ့ မိုးဦးကျမှာတော့  မိုးနဲ့ လေနံ့ ရတာနဲ့  အုန်းသီးတွေက အစို့ တွေ ချက်ချင်းလိုလို ထွက်လာတတ်တာနဲ့  တက်သုတ်ရိုက် ဈေးလျှောရောင်းရတာမျိုးတွေလဲ ရှိပါတယ်....အုန်းထောပတ်သဘောကတော့  အုန်းသီးထဲက အုန်းရည်က အသားအပြည့် ဘ၀ကို အပြီးမရောက်ခင် အရည်စစ်စစ်လည်းမဟုတ်တော့ တဲ့  ကြားဘ၀ ပျစ်ချွဲချွဲနဲ့  ဒိန်ချဉ်ဖတ်လို အရည်နဲ့ အဖတ်ရောနေတဲ့ ဘ၀ပေါ့ ..အရင့် မှန်သွားတဲ့ အုန်းသီးတွေမှာ ဖြစ်လေ့ ရှိါတယ် အဲ့ အုန်းသီးမျိုးကိုလှုပ်ခါလိုက်ရင် အဖတ်သံတွေ ကြားနေရတတ်လို့ 
အုန်းသီးအပုပ်နဲ့  မှားသွားတတ်ပါတယ်...အုန်းသီးအပုပ်ဆုံး အချိန်က မိုးဦးကျပေါ့  အုန်းသီး ထိပ်ခွက်တွေမှာ မိုးရေ ရေစိုလိုက်ချိန် အုန်းသီးကလဲ နုသေးချိန်မှာ ခပ်မြန်မြန်ပုပ်တတ်ပါတယ်...သဘောက အရပ်ထဲမှာ ဂမ္ဘီရတွေ သိပ်လုပ်နေတဲ့ 
ဝပေါ်တယ်ဘာညာဆိုတာမျိုး အုန်းသီးတွေရဲ့  အဖြစ်အပျက်တွေဟာ အုန်းသီးပွဲရုံလောကအတွက်တော
့ ကြုံနေကျ ဖြစ်နေကျ သဘာဝအဖြစ်အပျက်တွေသာဖြစ်ပြီး ဘာမှအထူးအဆန်းသဘောတွေ မပါသလောက်ပါပဲလို့ ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..