ဒီလိုက ဒီအကြောင်း...
--------
ကျနော်တို့  ကံချိန်ဗေဒင်တွက် အကြံပေးတယ်ဆိုတာ ဂဏန်းတွေ ကိန်းတွေအပေါ်မှာချည်း အသေထိုင်ပြောနေတာမျိုးမဟုတ်ပဲ ကိုယ်တိုင်ရဲ့  ဘ၀အတွေ့ အကြုံတွေ အတွေးအခေါ်တွေပါ ပေါင်းစပ်ပြောတာမျိုး....
မနက်က ကျောင်းဆရာမတျောက်လာတယ်၂၂ ဖွား ဟူး သမီး ဒီတေ့  အသက် ၅၅ တနင်္လာမရဏသက်ရောက်ပေါ့  နောက်လာမှာက အသက် ၅၆ အင်္ဂါ သက်ရောက်ပေါ့ ....အဲ့ ဆရာမ ၅၅ ၀င်စက တစ်ခါလာတယ် မှိုစိုက်မလို့ တဲ့  တပည့် တျောက်နဲ့ တဲ့ ...( စိုက်မလို့ လား ဆိုက်နေပြီလားလို့  မေးလိုက်တော့ စိုက်နေပြီ ) ( စိုက်မလို့ ဆို တားမလို့ မေးတာ)...စိုက်နေပီဆိုတော့  ကျနော်က အင်း စိုက်ဖူးတယ်နဲ့ ရပ်သွားမှာပါ ကစားသလိုပဲလို့ ဖြေလိုက်တယ်...အဲ့ ဆရာမကတော့  အဲ့ တုန်းကပြောသွားတာက မှိုက အောင်မြင်နေပြီ ထွက်တောင်နေပြီလို့ ပြောသွားတယ်
အခုလာတော့  မှိုကိစ္စမပြောသေးဘူး ဆေးလ်ုငန်းလေး လုပ်နေတာ အဆင်ပြေအောင်လို့ တဲ့ ...ဒီတော့ မေးရပြန်တယ် ဆေးလုပ်ငန်းဆိုတာ တိုင်းရင်းဆေးလား ဘာဆေးလဲ ထုတ်တာလားဖြန့် တာလား လို့ မေးလိုက်ပြန်တော့  အင်္ဂလိပ်ဆေး ဖြန့် တာလို့ ဆိုတယ်...ကျနော်က အဲ့ ဆေးလုပ်ငန်း ကြာကြာခံမှာမဟုတ်ဘူး ၄ လနဲ့  ၆လကြားလောက်ဆို ရပ်သွားမှာလို့ ပြောလိုက်တယ် ( သောရီတိုင်(၀ါ) စနေတိုင်မှာ ဆေးဆိုတဲ့ အင်္ဂါနံက နာ နေရာမှာကိုး..)
.အဲ့ တော့  အဲ့ ဆရာမက ဟောတာကို စာရွက်ပေါ်မှာ ကောက် မှတ်နေတုန်း ကျနော်က ဆေးဖြန့် တယ်ဆိုတာ ဘယ်လိုဖြန့် တာလဲ လို့ ထပ်မေးလိုက်တော့  ...လူရှာပေးရမှာ အစက သူငယ်ချင်းတစ်ချို့ ပါမယ်ပြောတယ် တေ့တေ့ ဆိုင်ဆိုင်ကျတော့  မရပြန်လို့ ..လို့  ပြောလာတယ်...လူက ဘယ်နှစ်ယောက် ရှာပေးရမှာလဲလို့ ထပ်မေးလိုက်တော့  ၀ါးတားတားနဲ့  ရှာပေးနိုင်ရင်ပေးနိုင်သလောက်...၅ ယောက်လောက် အဖွဲ့ ပေါ့ ဘာညာပြောလာတယ်..
..( အမှန်က အမှု့ စစ်သလို ကျနော်တို့ တွေ အများကာ သိနေတဲ့  ဆေးဖြန့် ချီရေးမျိုးတွေ ဟုတ်မဟုတ် ကို မေးနေတာ..ဟုတ်နေတယ်...လင်ဇီးရောင်းတဲ့ အဖွဲ့ တွေစတိုင်)...
( အဲ့ ဒါကြောင့်  ကျနော်နောက်နောက်နေတာ တစ်ယောက်သွား နှစ်ယောက်လာ စိတ်မပူပါနဲ့  ဗမာပြည်မှာ အချဉ်တွေ တစ်ပုံကြီးပဲ ကိုယ်တောင် သံပြာသီးအပုပ် ရှောက်သီးတစ်ခြမ်း လူတွေထဲပါနေတာမျိုး လို့ ..ငိငိ)
ဒါနဲ့  အဲ့ ဆရာမ စိတ်မကောင်းမှာစိုးလို့  လတ်တလော အဆင်ပြေအောင် ယတြာကြံဖန်ပေးလိုက်ရတယ် .ယတြာရတော့ ပျော်သွားပုံတော့ ရတယ်..အဲ့ မှာ သူပြောတာက မှို အကြောင်း ကျနော် မှိုကိစ္စပြောလိုက်တုန်းက မှိုစိုက်နေတဲ့ ပါတနာ သူ့ တပည့် က မယုံဘူး...မှိုတွေက ထွက်နေတာကိုးတဲ့  နောက်သိပ်မကြာဘူး မှိုတွေ ပိုးကျပြီး နောက်တော့ မှိုက်စိုက်ပျိုးရေးပါ ဘရိပ်ဖြစ်သွားတယ်ပေါ့ လေ...အဲ့ တော့ မှ သူ့ တပည့် က ယုံတော့ တယ်လို့ ဆိုတယ်...
ဒီနေရာမှာ ကျနော်တွေးခေါ်ပြောသွားတာက ဗေဒင်ချည်းမဟုတ်ဘူး...၆ ကြွင်း ရဲ့ အထွန်းအိမ်မှာ ကြာသာပတေးနံ ရှိလို့ မှို စိုက်တာ အလုပ်ဖြစ်နိုင်တယ်လို့ အမှတ်တမဲ့ တွေးမိနိုင်တယ်...ကျနော် စတွေးတာ ဟူးသမီး ၅၅ ဆိုတာ ငွေကြေးရင်းပြီး လုပ်နေမကျတဲ့  စီးပွားသစ်ကို တနင်္လာ မရဏ သက်ရောက်နဲ့  ဘုမ္မိကြီး ခွင်ပိုင်နက်မှာ စလုပ်လို့  အဲ့ အလုပ်မအောင်မြင်ဖူး တာရှည်မခံဘူး လုပ်ဖူးတယ်နဲ့  ဘရိပ်ဖြစ်သွားလိမ့် မယ်လို့  ဟောခဲ့ တာ...ပြီးတော့ ၆ကြွင်းတစ်ယောက်အဖို့  ကြာသာပတေးနံ ဆိုတာ မှို တွေ မြေတွေ မြင်းမွေးတာတွေ ပဲစိုက်တာ ပဲလောကသားလုပ်နေတာမျိုးကို ပုံမှန် ကံမျိုးနဲ့  အစဉ်အဆက်လုပ်လာတာမျိုးဆို ဘာမှ သိပ်ပြောစရာ မရှိဘူး ဆက်လုပ်ပေါ့ လေ...ဒါပေမယ့်  ကြာသာပတေးနံဆိုတာ ပညာကိုပါ ကိုယ်စားပြုနေတာ...
သဘာက ၆ကြွင်းတစ်ယောက်က ငွေရင်း အဓိကထက် ပညာရင်း အဓိက ဆိုရင်လဲ ဒါဟာ အထွန်းနံနဲ့ ကိုယ်စားပြုအသက်မွေးတာဖြစ်တယ်..ပညာနဲ့ အသက်မွေးကံပါနေသူ နှစ်ပေါင်းများစွာ ပညာရင်း အသက်မွေးလာသူတွေဟာ ငွေရင်း အဓိက စီးပွားကို သွားလုပ်ရင် အောင်မြင်ခဲ တာရှည်ခံခဲတယ် ရပ်ရပ်သွားတာများတယ်..အကြောင်းက သူ့  ပင်မ အသက်မွေးလမ်းကြောင်း စတိုင်ကနေ သီးခြားဆန်တဲ့  လမ်းကြောင်းမျိုးဖြစ်သွားလို့ ပဲ...
ဆိုပါတော့  မင်းသားက ချစ်တီးထမင်းဆိုင်ဖွင့် ကြည့် တာ ဆေးပေါ့ လိပ်ခုံထောင်ကြည့် တာ ဖိနပ်ဆိုင် အထည်ဆိုင်ထောင်ကြည့် တာ အဆိုတော်က မွင်းငှါးဆိုင်ဖွင့် ကြည့် တာ စသဖြင့် ပေါ့  မူလဘ၀ အသက်မွေးဝမ်းကြောင်းလ်ုလာတဲ့ စတိုင်ကနေ မဆီလေးရယ်မှ အိုမဆိုင် လမ်းကြောင်းတွေ ဖြစ်နေလို့  တာရှည် မခံလွယ်တာမျိုးပေါ့  မင်းသားက ဗွီဒီယိုထုတ်လုပ်ရေးတိုက်ထောင်မယ်ဆို အလုပ်ဖြစ်နိုင်သေးသလို အဆိုတော်က အသံသွင်းစတူဒီယိုထောင်မယ်ဆို ဖြစ်နိုင်ခြေပိုရှိသေးတယ်...အကြာင်းက မူလ အသက်မွေးဝမ်းကျောင်း နယ်ပယ်စက်ဝိုင်းကြီးအတွင်းထဲ အကျုံးဝင်နေသေးလို့ သဘော...။ သဘောက လူတစ်ယောက် ရဲ့  ပြောင်းလဲချင် တိုးချဲ့ ချင်တဲ့  ဆန္ဒတွေအကြောင်း ဗေဒင်တွက်ပေးတဲ့ အခါ ကိန်းတွေ ဂဏန်းတွေချည်းမဟုတ်ပဲ အဖက်ဖက်က တွေးတောတယ်ပေါ့ ဗျာ..
..အဓိက အပြောင်းအလဲတွေ အသစ်တွေ ချိန်းမယ့် သဘောမှာ ပိုက်ဆံ ဘယ်လောက်ရင်းမှာလဲ ပြန်မရရင် အဆုံးခံနိုင်ပါ့ မလား သဘောကိုပါ တီးခေါက်ကြည့် သေးတယ်ပေါ့ လေ.... အရခြမ်းချည်းကပဲ တွေးရင် အဲ့ လို ဘုမ္မိကြီးတို့  ဘာတို့ နဲ့ ကြုံသွားရင် အသားလွတ် ငွေလုံတတ်တယ်...
ကျောင်းဆရာဆရာမက ဘော်ဒါဆောင်ဖွင့် ကျောင်းထောင်ကျူရှင်ထောင်တာ မိတ္တူစက်ထောင်တာ စာပေတိုက်ထောင်တာ စသဖြင့် စတိုင်တွေက ပညာစက်ဝိုင်းကြီးထဲမှာ အကျုံးဝင်လို့  မှိုကို ပါတနာနဲ့  စိုက်ပျိုးရေးလုပ်ကြည့် တာထက် အလုပ်ဖြစ်ကောင်းပိုဖြစ်နိုင်သေးတယ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..