Powered By Blogger

Wednesday, May 20, 2015

''နဘယံ'' ဘေးမရှိ



''နဘယံ'' ဘေးမရှိ
----------------
ဒီ ဒီဇိုင်းကို  နငယ် နကွင်းပိတ်ကနေ ဆင့် ပွားယူထားတာပဲဗျ...တစ်ကြောင်းဆွဲပေါ့ ...ဘယ်ခေတ်ကစပြီး ဒီ ''နဘယံ ဘေးမရှိ '' ဆိုတဲ့ စာချိုးက စရှိလဲတော့  ကျနော်ကလည်း သမိုင်းသုတေသီမဟုတ်လို့  မလျှောက်တတ်ပေမယ့်  လောကီပညာတွေကို စိတ်ဝင်စားချိန်မှာ ဒီ နဘယံ ကြီးက ခေတ်စားနေပြီ..တစ်ချို့ ဘတ်စကားတွေမှာ ကားရှေ့ လေကာမှန်မှာတို့  ယာဉ်မောင်ရဲ့  မျက်နှာပေါ်က ခေါင်မိုးကွေးနေရာလွတ်မှာတို့  သင်္ဘောဆေးနဲ့ တောင် ရေးထားလာကြတာ
မျက်စိကို ယဉ်နေခဲ့ ပြီ..မင်းသား ၃၀ ၃ပါးလွတ် ပုံဝတ္ထုက နေထွက်လာသလိုလို ဘာလိုလိုလဲ ပြောတယ် ငယ်ငယ်ကလည်း သြဇာစိတွေနဲ့ ဆော့ ခဲ့ ဘူးတယ်..အဲ့ တုံးကတော့ ''ဏဘယံ.'' လို့  ထင်တယ်..သေခြာတော့ မမှတ်မိတော့ ဘူး....ဒါပေမယ့်  ဏကြီးနဲ့ န နဲ့  အသံတူနေတာကြောင့်  နောက်ပိုင်းမှာ နဘယံ ဆိုပြီး ရေးကြတယ်..ဒါလည်း ဆင်ခြေယုတ္တိကရှိနေတယ် န= နတ္ထိ= မရှိ..ဘယံ=ဘေးရန်အန္တရာယ် = နဘယံ=  ဘေးရန်အန္တရာယ် မရှိစေရ...(၀ါ)အန္တရယ်ကင်းပါစေ  သဘောလို့ ဆိုတယ်..။



ဒါနဲ့   အဲ့ နဘယံက န ငယ်ကိုပဲ အာရုံကကျသွားပြန်ပြီး န ငယ် နကွင်းပိတ်က ၀လုံး အစား...မြတ်ဘုရားပွင့် တော်မူခဲ့ တဲ့ မဟာဗောဓိ ညောင်ရွက် ကို အာရုံပြုပြီး နငယ်ကို ညောင်ရွက်ထဲ ရောက်အောင် တစ်ဆက်ထဲ ဆွဲချလိုက်တော့ တာပါပဲဗျာ....ဒါကြောင့်  ကျနော်ထွင်တဲ့  နဘယံ ဒီဇိုင်းက ဗောဓိညောင်နဲ့ တူနေတာဖြစ်သွားတော့ တာပေါ့ ...ကွန်ပြူတာထဲက ပန်းချီပေခ်ျမှာ ဆွဲတော့  ဟိုဆေးပုံးသွန်ဆွဲကြည့် လိုက် ဒီဆေးပုံးသွန်ဆွဲကြည့် လိုက်ကနေ ဒီကာလာအနီကို သဘောကျသွားတယ်ပေါ့ လေ..သဘောက ဘက်ကရောင်းကလာ နီနေတာ ထူးခြားသဘောမဟဟုတ်ဘူး သဘောပေါ့ ...(န၀င်း ဆိုတာတောင် လောကီပညာဂုဏ်တွေ ဘက်ကနေ ကိုယ့် ဘုရားဖက်က ဂုဏ်တော် ၉ပါးကို အာရုံ လှမ်းပြုလိုကသေးတာပဲလေ..)

ဒီတော့  ဒီ နဘယံညောင်ရွက်ဒီဇိုင်းကို ''နဘယံ'' ဘေးကင်းရန်ကင်း အဖြစ်ဆောင်ချင်တဲ့ သူတွေဆို မဟာဗောဓိညောင်ကိုအာရုံပြုပြီး ဆွဲပေးလိုက်တာပေါ့ ..သစ်ရွက်ပေါ်မှာဆွဲချင်ဆွဲတယ် ရွှေစက္ကူငွေစက္ကူပေါ်မှာ ကြေးပြားပေါ်မှာ စသဖြင့် ပေါ့ ..ဒါက ဗေဒင်အကြံလိုင်း။ သဘောက ဒီဇိုင်းတစ်ခု စတင် ပေါက်ဖွားလာတယ်ဆိုတာ အာရုံ အစရှိတယ် လမ်းကြောင်းရှိတယ် ရည်ရွယ်ချက်ရှိတယ် ပစ်မှတ်ရှိတယ် စမ်းသတ်ချက်ရှိတယ် မှတ်တမ်းရှိတယ် စောင့် ကြည့် တာရှိတယ်ပေါ့  အသားလွတ် အခြေအမြစ်မဲ့  မဟုတ်ဘူးပေါ့ ...ကိုယ်လုပ်ထားတာကို ကိုယ် ရှင်းပြနိုင်တယ်ပေါ့ ဗျားးးး...အဲ ကိုယ့် ဟာကိုယ် လုပ်လဲ အဓိပ္ပါယ်သိသိနဲ့ လုပ်လို့ ရတာပါပဲပေါ့ ဗျာ.

ဘာဘဲဖြစ်ဖြစ် အနဲဆုံတော့  တွေ့ ဘူးနေကြ နဘယံထက် ကြည့် ကောင်းတယ် လှတယ်ပေါ့ လေ...


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..