Powered By Blogger

Wednesday, May 20, 2015

လိုရာဆွဲပြောတွေ

လိုရာဆွဲပြောတွေ
----
လိုရာဆွဲပြောတွေနဲ့ ဆုံရင် ပြန်ပြန်ထောက်ကြည့် တဲ့ သဘောပါပဲဗျာ....ပြီးခဲ့ တဲ့ ရက်ကမှာ အိမ်မှာလည်း အဲ့ လို ပြောလာသေးတယ်...နီပေါငလျင်ကြီးကိစ္စဖြစ်တာပြီးခဲ့ တဲ့ ၂နှစ်လောက်က ဆိုလားတိရိစ္ဆာန်တွေကို သိန်းနဲ့ ချီပြီး ယဇ်ပွဲလုပ်လို့  ဒဏ်ခတ်ခံရတာလိုလို ဖွဘုတ်က ပိုစ်တစ်ချို့ ဖတ်ပြီး သံယောင်လိုက်လာတယ်ဗျ..

အဲ့ လို ပြောလာတော့  သမိုင်းထဲက မီးတောင်ပေါက်လို့ ချော်ရေနစ်ပြီး သိန်းနဲ့ ချီ တစ်မြို့ လုံးသေသွားတဲ့ ကိစ္စတွေ..ကိုယ်တိုင်ကိုယ်ကျ  စစ်ထွက် မတိုက်ရပဲနဲ့  ကိုယ့် ဟာကိုယ်နေတဲ့ သိန်းချီနေတဲ့  အရပ်သားတွေ အနုမြူဗုံး ၂လုံး နဲ့ မြို့ ၂မြို့  တစ်ပြိုင်နက်ထဲ သေသွားတာတွေ လူတွေ သောင်းသိန်းချီတဲ့ သမိုင်းထဲက တိုကျိုငလျင်ကြီးတွေလို သဘာဝဘေး အန္တရယ်တွေ နီပေါ လူသေနှုံးထက် ပိုများတဲ့  သဘာဝဘေးတွေ က အများကြီးပဲ..အဲ့ ကိစ္စတွေမှာ ဘာ ယဇ်ပူဇော်ပွဲမှ မလုပ်ခဲ့ တာကြတော့  နင်တို့ ဘယ်လိုပြောမလဲလို့  ပြန်ထောက်လိုက်တာပေါ့ ဗျာ.......အဲ့ တော့  ငြိမ်သွားရောဗျား.....ငြိမ်မှာပေါ့  အစ်ကို ကိုး...ဟီးဟီးးး...



.( နေ့ တိုင်း ကမ္ဘာပေါ်မှာ သန်း ၆ထောင် ၇ထောင်လောက်ရှိတဲ့  လူတွေစားဖို့ တိရိစ္ဆာန်မျိုးစုံတွေ သန်းဘယ်နှစ်ထောင်လောက် နေ့ တိုင်း အသတ်ခံနေရမယ်ထင်လဲလို့ တောင် မထောက်ပြလိုက်သေးဘူး...အိမ်က ချာမတွေ စိတ်ညစ်သွားမှာစိုးလို့ တော်ကြာ သက်သက်လွတ်တွေချည်းလုပ်လာရင် ဘိုလုပ်မဲ...ကျနော်က အသားမပါရင် အာသာက သိပ်ပြေတာမဟုတ်သေးဘူး.....ဟီးဟီး.)

သဘာဝဘေးအန္တရယ်ကိစ္စက..ဘာမှ မပြောနိုင်ဘူး..ကိုယ်တောင် အခု စာရိုက်နေရင်း ငလျင်ကြီးလှုပ်လို့ တိုက်ပြိုပြီး ချက်ချင်း အုပ်ကျိုးပိပြီး သေသွားနိုင်တယ်လို့ ကြိုတွေးထားရတာ...မြေကြီးရှိရင် ငလျင်ရှိမယ် မြစ်နားနီးရင် ငါးမျှားမယ် ဒါပဲ....သိန်းချီ သေသွားရတဲ့  နာဂစ်တောင် သေသွားတဲ့ ကိုယ့် ရေမြေအတူနေ သူတွေကိ အားနာလို့  ဧရာဝတီတိုင်းဆိုတာ ဘာညာတွေနဲ့ လျှောက် မပြောရက်ဘူး..လူလည်းသေပေးရ ကိုယ်ကျင့် တရားပါ အစွတ်စွဲခံရပြီးထပ်သေရနဲ့  ၂ခါသေ ၃ခါသေတွေဖြစ်ကုန်မှာ မိသားစုသေကွဲကွဲပြီး  အထီးကျန် ရှင်ကျန်ခဲ့ သူတွေကို အားနာပေးရသေးတယ်...ဆိုးကျိးကောင်းကျိုးတစ်ခုခု ကို အကြောင်းတစ်ချက်ထဲကနေ ထောက်ပြီး လိုရာဆွဲပြောတာဟာ တိုင်းပြည်ပျက်ရဖို့ အကြောင်တစ်ကြောင်းတောင်ဖြစ်သွားနိုင်တာ သမိုင်းထဲမှာတစ်ပုံကြီးပဲ...ကံသတ္တိတွေ သဘောက ကျယ်ပြန့် လွန်းလို့  အတွေးသက်သက်နဲ့  ကြံစည်နေလို့ မရဘူးလို့ တောင်ဆိုတယ်..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..