မြေလှန် မြေရှင်းစတိုင်/ နည်းပညာ / ပရလောက
-----------
ဒီနေရာမှာ မြေလှန်ရဖို့  သဘောက အရင်အိမ်ရှင်ရဲ့  ဓါတ်သက်အကြွင်းအကျန်တွေကို နောက်အိမ်ရှင်အသစ်ရဲ့  သက်ဆိုင်ရာ အရွက်တွေ နဲ့  န၀င်းပွဲနဲ့  ကစားရတဲ့ သဘောပဲ...စည်းတစ်ခုက အပိုင်ဖြစ်မယ် နောက်ထပ်ပြောင်းဖို /ရောင်းဖို့ မရည်ရွယ်တော့ ဘူး သားစဉ်မြေးဆက်နေမယ် ဆိုတဲ့  သဘောတွေပါမှ ဒီမြေလှန်တာကို ပွဲနဲ့ ထည့် ကစားတယ်...ရောင်းမယ်တို့  ပြောင်းမယ်တို့ ဆို မြေကိုပြန်လှန်ပေးလိုက်မှ ရောင်းလို့ လွယ်တာ ပြောင်းဖို့  လွယ်တာ လူမထိတာတွေ ဖြစ်မယ်ပေါ့ ..န၀င်းပွဲထည့် လိုက်လို့ ဓါတ်ခိုင်သွားတဲ့ သဘောကြောင့် ပါပဲ..ဒါကို န၀င်းပွဲနဲ့ ပဲ ပြန်ဖြည်တဲ့ သဘော မြေပြန်လှန်ပေးလိုက်တာမျိုးပါ...
ဒီကစားကိုကို နောက်အိမ်ရှင်မြေရှင်အသစ်ရဲ့  မွေးနေ့ န၀င်းရောက်ချိန် (တစ်နာရီခွဲအတွင်း ) မှာသာ အများအားဖြင့် ကစားလေ့ ရှိတယ်....
ပထမ နည်းက..
-----
၁။ က အိမ်ရှေ့ မြေ ၊နောက် နဲ့ ဘေး ၂ဖက်မှာ သင့် တော်ယုံ မြေကျင်း ၄ ခု ကြိုတူးထားလိုက်ပြီး မြေစာတွေကို ဘေးမှာပုံထားလိုက်တယ်...မြေ တစ်ကျင်းမှာ.အပေါ်မြေ ဆိုပြီးတစ်ပုံ အောက်မြေဆိုပြီး တစ်ပုံ ၂ပုံ သီးခြားစီ ပုံတယ်..။ သဘောက မြေစတူးပြီး တစ်ထွာကျော်၂ထွာက အပေါ်မြေ ဆိုပြီးပုံလိုက်ပြီး
နောက်ထပ်ဆက်တူးတဲ့  မြေ ၂ထွာလောက်က အောက်မြေဆိုပြီး သီးခြားပုံထားတယ်...
၂။ အိမ်ရှင်ရဲ့ န၀င်းချိန်ရောက်တဲ့ အခါ အိမ်ရှင်ကို သူ့ အိမ်ပေါ်မှာ န၀င်း ထိုင်ခိုင်းထားလိုက်တယ်...
၂။ အိမ်ရှင့် မွေးနံ ရဲ့  အပေါ် နေ့ နံသား သုံးယောက်ထဲကတစ်ယောက်ယောက်က အဲ့  အိမ်ပေါ်မှာ...ပြီးရင် ခြံထဲဆင်းပြီး ခြံထဲကနေ အိမ်ကို အိမ်အပြင်ဘက် အိမ်ဘေးကနေ တစ်ပတ်''' မတွန့် စေရ ၂ နံတွဲ ;; နဲ့  တရော်ကင်ပွန်းရေ + အမွှေးနံ့ သာရေနဲ့  ဖြန်းစေလိုက်တယ်...။ အဲ့ ဖြန်းပြီးအညွန့် ကို အိမ်ရှင် န၀င်းရိုက်
ဖို့ အရွက်အဖြစ် သွားထားလိုက်တယ်။ ဒုတိယမြောက်က အညွန့်  သက်သက်နဲ့  (တရော်ကင်ပွန်းမပါတော့ ) ရွှေရည်ငွေရည်+ အမွှေးနံ့ သာရည် နဲ့ စောစောကလို ထပ်ဖြန်းတယ်..ဒါကိုလည်း န၀င်းရိုက်ဖို့ အတွက် သွားထားလိုက်တယ်...
၃။ ပြီးရင် အိမ်နောက်က အပေါ်မြေစာကို အိမ်ရှေ့ က ကျင်းထဲ အရင်သွားထည့် ..အဲ့  အိမ်ရှေ့ က အပေါ်မြေစာကို အိမ်နောက်က ကျင်းထဲ ပြန်ယူလာထည့် ...၊
ပြီးရင် အိမ်နောက်က အောက်မြေစာကို အိမ်ရှေ့ က ကျင်းမှာ အပေါ်မြေအဖြစ် ပြန်ဖုံး...အိမ်ရှေ့ က အောက်မြေစာကို အိမ်နောက်က ကျင်းမှာ အပေါ်မြေအဖြစ်ပြန်ဖုံး....( ဘေး ၂ဖက်လည်း ဒီအတိုင်းပဲ...)..
၎။ ပြီးရင် အိမ်ရှင်မြေရှင်ကို န၀င်းရိုက်ပေးလိုက်တယ်....( ပွဲံက ဆရာအိမ်မှာ ထွန်းတယ် ..၊ ရိုက်ပြီးတဲ့  အမှိုက်ကို တစ်ခါတည်း အပြီးစွန့် တယ်..ဒါကပထမနည်း..
=====================================
နောက်တစ်နည်းက န၀င်းမထိုင်တော့ ပဲ့  မြေသာသက်သက်လှန်ဖို့ ပြီး မတွန့် စေရနဲ့ တစ်ကြိမ် အညွန့် နဲ့ တစ်ကြိမ် ဖြန်းတယ်...လူက ဆရာ့ အိမ်မှာသာ န၀င်းခေါ်ထိုင်စေတယ်...( မြေလှန် မြေရှင်း သဘောဟာ မြေကို သန့် ပစ်တာ ဖြစ်သလို့  အဲ့ ဒီမြေဟာ ဖုန်းဆိုးမြေ တွေ ပယောဂအတိုက်ခံထားရတဲ့ မြေ အင်းပစ်ခံထားရတာ အင်းအမြှတ်ခံထားရတာ သင်းချိုင်းပြာ လာ အပစ်ခံထားရတာ လူသေအရိုးမှုံ့ လာအပစ်ခံထားရတာ မိန်းမရာသီသွေးအ၀တ်စုတ် လာအပစ်ခံထားရတာတွေကပါရှိနေခဲ့ ရင် တပါတည်း ကိစ္စရှင်းပြီးသား သန့် ပြီးသားဖြစ်သွားတယ်...တစ်ချက်ခုတ် အချက်အများကြီးပြတ်သဘောပေါ့ ..
==================================
ပြန်ရောင်းချင်ရောင်းမယ်ဆိုရင် လူကို မြေ နဲ့  တွဲ န၀င်းမထိုင်စေဘူး မြေလှန် မြေရှင်းသက်သက် နဲ့ န၀င်းပွဲပဲ တွဲတယ်.....၀င်းနဲ့ နေသူတွေဟာ လှန်စရာမြေမရှိရင်
အိမ်ရှင်း သက်သက်သာသုံးချင်ရင်လည်း သုံးလို့ ရတယ်...အိမ်ရှင်းရင် နောက်ဖေးက စဖြန်း အိမ်ဝကနေ မြေပေါ်ဆင်းတံခါးဝသွား အဲ့ ကနေ လက်ယျာရစ် အိမ်ကိုပတ်ပြီးဖြန်းတယ်..ခြံဝမှာပြန်ဆုံးတယ်...
=====================================
အိမ်ရှင်း မြေရှင်းအညွန့် တွေကို ရေသန့် နဲ့  ပြန်ဆေးပြီး အိမ့် ဘုရားစင်မှာ လှုထားရင် ပိုကောင်းတယ်..
-------------------------------------------
ပရလောကအန္တရယ်...
---------
ရှင်းတဲ့ ဆရာ အုပ်စုဟာ မြေမသန့် တာတွေကို ရှင်းတဲ့ အခါ တစ်ခါတစ်လေ ဆိုးတဲ့ ဘုမ္မစိုးတွေ ပြိတ္တာတွေ မြေဖုတ်ဘီလူးတွေက ပြောင်းပေးရာမှာကို မကျေနပ်လို့  ပြဿနာ ရှာလွှတ် လိုက်တာမျိုးလည်းးရှိတယ်...အများအားဖြင့်  ဦးဆောင်ဆရာကို မထိခိုက်တတ်ပဲ လိုက်ကူညီတဲ့ သူ ပညာယူနေတဲ့ သူတွေကိုသွားထိခိုက်လေ့ ရှိတယ်..ဘာအမည်တတ်ရမှန်းမသိတဲ့ ရောဂါတို့  အမည်တတ်ရခက်တဲ့  ဆူးးရှိနေမှန်းသိနေပေမယ့်  ဓါတ်မှန်နဲ့ ရှာမတွေ့ တဲ့  ဆူးစူးခံလိုက်ရတာတို့  ကွိုင်တွေ တက်လာတာတို့ သဘောတွေ သိပ်ပြင်းထန်ရင် လူပါလျှောတတ်တဲ့ အထိကြုံရတတ်လို့  တော်ယုံနဲ့  ခပ်ပေါ့ ပေါ့ ထားပြီး မြေလှန်တာမြေရှင်းတာ မလုပ်တော့ ဘူး...( ဆရာနဲ့ လိုက်သွားတုန်းက ကြုံခဲ့ ဘူးလို့ )
===========
ဂယ်ပေါက်...
------------
အရွက်အညွန့် တွေနဲ့ ဝင်းခြံလေးထဲ လိုက်ဖြန်းတဲ့ အခါမှာ ( ပထမ မတွန့် စေရ ၂နံတွဲနဲ့  )အိမ်နောက်ဖေးက ထောင့် တစ်ထောင့် ကို မဖြန်းပဲ ထားခဲ့ တယ်..ဂယ်ပေါက်တစ်ခုဖွင့် ပေးထားခဲ့ တယ်...၀င်းခြံထဲရှိနေနိုင်တဲ့  ပရလောကသားတွေ ထွက်သွားလို့ ရအောင်ပေါ့ ...ဒုတိယမြောက် အညွန့် သန့် နဲ့ ဖြန်းမှ အကုန်ဖြန်းတော့ တယ်...
--------------
တကယ်ကတော့  မြေလှန်မြေရှင်းရတာဟာ လေးပင်တဲ့ ပညာသဘောဖြစ်ပြီး အန္တရာယ်လည်းများလို့  နောက်တော့  လွယ်လွယ်နဲ့ လိုက်မလုပ်တောာ့ တွေဖြစ်လာတယ်
(ပြီးတော့  ပညာရှင်ငွေကြေးသဘော နဲ့  သုံးရမယ် ပညာဝိတ်..ပြန်လာနိုင်တဲ့ အန္တရယ် တွက်ချေမကိုက်လို့ လည်း စာအုပ်ထဲ ပြန်ရောက်သွားနေတဲ့  ပညာသဘောဖြစ်လာတယ်) ( ပြီးတော့ ခေတ်စနစ်ကြောင့်  ကိုယ့် ဝင်းကိုယ့် ခြံနဲ့  နေခွင့် ဆိုတာ ခက်လာသလို အငှားခဏနေတာ တိုက်ခန်းတွေ ကွန်ဒိုတွေနဲ့ နေတာတွေ ဖြစ်လာတာကြောင့်  သုံးရမယ့် နေရာနဲ သွားတာလည်းပါတယ်)
--------------
ဝင်းနဲ့ နေပေးမယ့်  မြေသားများများ မရှိရင် မြေသားကျစ်ကျစ်မရှိရင် တစ်ပတ် နှစ်ပတ်လောက်တစ်ခြားကမြေ သွားယူလာပြီး မြေမွေးထားရတာလည်း ရှိတယ်...
ပြီးမှ အဲ့ မြေနဲ့ မြေလှန်ကစားရတယ်ပေါ့ ...
--------------
ပညာက အဆင့် အဆင့် တွေ ပါဝင်ပတ်သက်ရတဲ့ ကိစ္စတွေ အားထုတ်ရတဲ့  ၀ိတ်တွေ သိပ်များလို့  ခေတ်အလိုက်သဘော နဲ့ ခေတ်အကြိုက် အလွယ်သဘောကတော့  မြေလှန်တာ ထက် ဓါတ်ပင်တွေကို အိုးနဲ့ ခြံဝမှာတံခါးဝမှာ အရှင်စိုက်တာ...ရိုးရိုး အရွက်အညွန့် နဲ့  အိမ်ရှင်းတာတွေကိုသာ လုပ်ဖြစ်တော့ တာများတော့ တယ် ဒါလည်း အလုပ်ဖြစ်နေတာပါပဲ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..