Powered By Blogger
Tuesday, May 19, 2015
အကွဲကြားထဲ ညပ်သွားတဲ့ လင်မယား ကိစ္စ
အကွဲကြားထဲ ညပ်သွားတဲ့ လင်မယား ကိစ္စ
---
တိုက်ခန်းငှားနေတဲ့ သူတွေရဲ့ ဒုက္ခတစ်မျိုးပေါ့ ...အဲ့ ငှားနေတဲ့ လင်မယား ၂ယောက်က လင်က ၄ကြွင်း တနင်္လာ ရာဇဖွား အခု အင်္ဂါသက်ရောက်..အသက် ၅၀ ပြည့် ခါနီးပြီး မိန်းမက ၆/ စနေ..အခု အသက် ၄၈ ဟူးထဲမှာ....ကိုင်တစ်ခုခုပူလာရင် ပေါ်လာလိုက် သာယာယသွးရင် ပျောက်သွားလိုက်
လင်မယားပေါ့ ..
အခုပေါ်လာပြန်တော့ ပြဿနာက အခုငှားနေတဲ့ တိုက်ခန်းက နောက်ထပ် တစ်နှစ်စာတောင် ထပ်ချုပ်ပြီးပြီ စိတ်အေးရပြီဆိုမှ...အဲ့ အခန်းပိုင်ရှင်လင်မယားက ပြဿနာ ထ တက်ပုံက လင်က စမော်လ်ဆွဲလို့  ကွဲမလိုလို ကွာမလိုလိုဖြစ်နေတယ်တဲ့ ...လင်က ကျနော်တို့ ကို အခန်းကနေ လာအဖယ်ခိုင်းတယ်တဲ့ ..ကျနော်တို့ က သူ့ မိန်းမနဲ့ စာချုပ်ချုပ်ထားတာ.အခန်း အမည်ပေါက် မီတာဘာညာတွေက မိန်းမနာမည်နဲ့ ချည်းပဲတဲ့ ....သူ့ ယောက်ျားက မိန်းမကို ပေးထားတဲ့  အငှားခတွေ သူပြန်စိုက်ပေးမယ်.အခန်းကနေသာ ဖယ်ပေးပါ သူလာ တက်နေမလို့ လို့ ပြောတယ်တဲ့  .မိန်းမကတော့ အေးအေးနေပါ ဒီကိစ္စကျမ ရှင်းပေးမယ်လို့ တော့ ပြောတယ်...အဲ့ ဒါ ဘယ်လိုဆက်လုပ်ရမလဲတဲ့ ..ဗျာ...
အဲ့ မှာ လောနဲ့ ပတ်သက်ပြီးကြားဖူးနားဝသဘောလေး..ဗဟုသုတမျိုး အဲ့ တနင်္လာ+စနေ လင်မယားမှာမရှိဘူးဆိုတဲ့ အချက်က ပေါ်နေတာတော့  တွေ့ နိုင်တယ်ဗျာ...
တိုက်ခန်းဝယ်ရင် ဘယ်သူ့ အမည်ပေါက်ဖြစ်ဖြစ် လင်မယားတွေသားသမီးတွေရှိရင် တစ်မျိုးလုံးလက်မှတ်ခေါ်မထိုးခိုင်းယုံတမည် ၀ယ်သူက အိမ်ရှိလူစုံလက်မှတ်ထိုးခိုင်းလာတာ ဒီလို မရှင်မရှင်းဇာတ်လမ်းတွေကြောင့် ပေါ့ ..အငှားသမားတွေကတော့  ၀ယ်တာမဟုတ်ဖူးဆိုပြီး ခပ်ပါးပါးထားလိုက်လို့  အဲ့ လို အဆင်မသင့် ရင် ကိုယ်ပိုက်ပိုက်နဲ့ ကိုယ် စိတ်ညစ်စရာတွေ ခဏခဏကြုံလာရတော့ တယ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..