Powered By Blogger

Tuesday, May 19, 2015

ပန္နက်ရိုက်ဇာတ်လမ်းအဆက်...(ပဋိန်ဥာဉ်စာချုပ်ဖေါက်ဖျက်မှု့ )...

ပန္နက်ရိုက်ဇာတ်လမ်းအဆက်...(ပဋိန်ဥာဉ်စာချုပ်ဖေါက်ဖျက်မှု့ )...
------------
ကျန်သွားတဲ့ အကြောင်းလေးဖြည့် ပြောရရင် အဲ့ ကန်ထရိုက်တာပေါက်စက  တနင်္ဂနွေ သား ၇၁  ဇွန်လမွေးမို့  အခု အသက် ၄၄ ဟူးသက်ရောက်ပြည့် ခါနီး တစ်လအလိုပေါ့ ...၃ကြွင်းရာဇဖွား..ပထမဆုံး အခေါက် ငွေကျပ်နေတုန်းက ယတြာတွေပေးလိုက်တော့  လစိတ်အကောင်းတွေနဲ့ တိုက်ဆိုင်ပြီး အသက်ရှု ပေါက်ရသွားတယ်...

ကျနော်က လိုအပ်ရင် ပြီးခဲ့ တဲ့ သက်ရောက် လက်ရှိသက်ရောက် နောက်လာမယ့်  သက်ရောက် တွေအကြောင်း ကို ရုဒ်မက် မြေပုံပြသဘောနဲ့  ဆက်စပ် ဟောတတ်တယ်...ရှေ့ နှစ်မှာ လာလတ္တံသောကိစ္စတွေက ဘာဖြစ်နိုင်တယ်ပေါ့ ...ဒီတော့  သူ့  အသက် ၄၅ နှစ် စနေသက်ရောက်မှာ ဖြစ်လာနိုင်ခြေတွေ အကြောင်း ကြိုပြောထားလိုက်တယ်...အခု အဲ့ အတိုင်း လာပြီ...

ပထမ အဆောက်အဦးဆောက်တုန်းက လက်သမားတစ်ဖွဲ့ က သူ့ ဆီက ငွေအပြည့် ယူပြီး အလုပ်ပျက်ပျက်နေလို့  သူနဲ့ ကွိုင်တက်ပြီး နားလိုက်ပြီး နောက်တစ်ဖွဲ့ နဲ့
လုပ်တော့  ပြီးပြီဆိုပါတော့ ...ပြဿနာက အနားခံလိုက်ရတဲ့ အဖွဲ့  အစာမကြေဖြစ်ပြီး နို့ တစ်စာပို့ လာတယ်လို့ ဆိုတယ်... ( သဘောက ပဋိန်ဥာဉ်စာချုပ်ဖေါက်ဖျက်မှု့  ဘာညာပေါ့ လေ...)...အဲ့  အကြောင်း အဲ့ တနင်္ဂနွေသားက ပြောတော့ ..ဘယ်လောက်တိုက်ဆိုင် စနေဂြိုလ်က အမှု့ စောင့် နေတာ..
၃ကြွင်းတနင်္ဂနွေဖြစ်လို့ သူ့ မွေးလ၀င်ခါနီး တစ်လ အလိုဆိုတာ သောကြာမရဏလစိတ်ပဲ...တစ်ချို့ ၃ကြွင်းက သောကြာ လစိတ်မှာ အက်စီးဒန့် ဖြစ်တတ်ပြီး တစ်ချို့ ကတော့  အခုလို ချောင်ပိတ်သွားတာမျိုးကြုံရတတ်တယ်...ဒါလည်းချပြောပြခဲ့ ပြီးသား..အဲ့ လို ပြောခဲ့ လို့  အခု ၃ကြွင်း တနင်္ဂနွေသားက အတော်ဖြုံသွားတာ.....



ဂြိုလ်အကြောတွေကိုနားမလည်တော့  အဲ့ တနင်္ဂနွေသားက မာန်ရှိတော့  ဟိုက နို့ တစ်စာ ပေးယုံရှိသေး သူကတရားအရင်ကြိုစွဲချင်နေတဲ့ ပုံ...ဒီတော့  သူ့ စကားထဲမှာ အဲ့ ပဋိဥာဉ်စာချုပ်အလျော်အစားက သိန်း၁၅၀ ထဲရှိတာလို့  သိလိုက်ရတော့  အစိုးရနဲ့ ခွင်ရိုက်နေတဲ့  ကန်ထရိုက်တစ်ယောက်အတွက်ဆို ဒီငွေက ပါးပါးလေးပဲ...ဒီတော့ ကျနော်က ရှင်းရတယ်....စနေသက်ရောက်မှာ ဒုက္ခရောက်ခဲ့ သူတွေရဲ့ နမူနာအစုံကိုလည်း ပြောပြရတယ်..

သဘောက ပဋိန်ဥာဉ်စာချုပ်အမှု့ က တရားမလမ်းကြောင်းနဲ့ သွားမှာဖြစ်လို့ ရာဇ၀တ်မှု့ လို ဖြုံနေစရာမလိုဘူးပေါ့ ..ပြီးတော့  နှစ်ပေါက်အောင်ကြာတတ်တဲ့  အမှု့ တွေပေါ့  ပြီးတော့  စနေသက်ရောက်သဘောမှာ အမှု့ ဖြစ်ဖို့  အရိပ်အရောင်တွေလာပြီဆိုရင် ဆန္ဒစောပြီး တိုက်စစ်ကြိုဖွင့် လို့ မကောင်းဘူး.ဆိုက်အဖက်တွေရှိတယ် တစ်ဖက်က လာတဲ့  အခြေအနေကြည့် ပြီး ခံစစ်ကြောင်းနဲ့  သွားရတယ်ပေါ့ ...ပြီးတော့  ဒီလို စနေသက်ရောက်မှာ အမှု့ သေးလေးလာတယ်ဆိုတာ တစ်ခါတစ်လေ အသက်ဘေးက လွတ်စေချင်လို့  အမှု့ နဲ့ တင် ပွဲဖြတ်ပေးထားတာမျိုး..ဒိထက်ဆိုးတဲ့ ဘေးတွေမဖြစ်အောင် ဒါလေးနဲ့ ပီးအောင်ပေါ့ ...( ၃ ကြွင်းတွေ စနေဖြတ်ရင် အသက်ကို အတောင်းခံရလေ့ ရှိတယ်..အသက်ကို မလိုချင်သေးရင် အမှု့ တော့ လာပေးတတ်တယ်)...ဒီတော့  သူက သူ့ ရှေ့ နေကလည်း ဒါဟာတရားမသဘောလာနိုင်တယ်လို့ ပြောတယ် ၃ ၄ နှစ်ကြာတတ်တယ်လို့ ပြောတယ် အဲ့ ဒါ ဘယ်လို လုပ်သင့် လဲလို့ ဆိုလာတယ်

ကျနော်က အခု လမ်းကြောင်းက အဲ့ လောက်မကြာဘူး...ဒီအမှု့  ကို ဟိုဖက်က စပြီး တရားမမှု့ လုပ်ရင် ခင်ဗျားက ခင်ဗျားရှေ့ နေနဲ့ တိုင်ပင်ပြီး ပြန် တရားစွဲတာတွေ ပုဒ်မ မျိုးစုံသာ တတ်စွဲ ကစ်တော့ ဆောတော့  ....အဲ့  အမှု့ က ခင်ဗျား အသက် ၄၆ ရောက်ရင် ပွဲသိမ်းအမှု့ ပြတ်မယ့် အနေအထားတွေ လာလိမ့် မယ် ဆိုပါတော့ ဗျာ ကြားလူက ၀င်ညှိပေးတာမျိုးပေါ့ ....ပြီးတော့  အရေးကြီးတာက ဟိုဖက်က အမှု့ မတင်ပဲ နို့ တစ်စာနဲ့ တန်းလန်းထားနေတုန်း ခင်ဗျားက အမှု့  အရင် သွားမလုပ်နဲ့  နောက်ထက် ဆမ်းမ်သင်း တစ်နေရာရာက အမှု့ တစ်ခုထပ်ပေါ်လာလိမ့် မယ် အဲ့ တော့ မှ ခင်ဗျား အမှု့ ၂ ခုကြားမှာ မြွေဖမ်း
နေလိမ့် မယ်လို့ ပါ ပြောလိုက်တော့  သူက အဲ့ လက်သမားအဖွဲ့ နဲ့ ငြိနေတာ ဒီတစ်ခုထဲဆြာ တဲ့ ...ကျနော်က အမှု့ ဆိုတာ သူ့ တစ်ယောက်ထဲက နောက်ထပ်ကို ဆိုလိုတာ မဟုတ်ဘူး ..ဆမ်းမ်သင်း..တစ်နေရာရာက ဖြစ်လာမှာလို့ ပြောလိုက်တော့ မှ...သဘောပေါက်သွားတယ်..

ဒါ မဟဲဗီးတဗီးကေစ်တွေပေါ့ ဗျာ....အဲ့ လို ကြီးကျယ်တဲ့ ကေစ်တွေ ကို ထိုင် သုံးသပ်ရတာဟာ အတော် အုံးစားတယ် ဗဟုသုတတွေပါတယ် စာတွေ အများကြီး ဖတ်ထားရတယ် ခေတ်သဘောတွေပါ တွက်ဆထားရတယ်ပေါ့ ...ဗေဒင်ကြောင်းချည်းပဲနဲ့  ယတြာတွေချည်းပဲနဲ ပုတီးတွေချည်းပဲနဲ့ ပဲ သွားလို့ မလွယ်ဘူးပေါ့ ...၀င်စို့ ထွက်စို့ တွေ  တိုက်စစ်တွေ ခံစစ်တွေ စိတ်ရှည်ပြီးစောင့် ပေးရတာတွေ စသဖြင့် ပေါ့ အများကြီး လက်ဝင်တယ်...အတွက်အချက်အချိန်ဆ တစ်ချက်ချော်သွားတာနဲ့ ကားသွားမှာ...

ဒါတောင် သူ့ အဖြစ်က ကျနော်က အခု အလျော်အစား ၁၅၀တန် ပဋိန်ဥာဉ်စာချုပ် ဖေါက်ဖျက်မှု့ ကို ပါးပါးလေးလို့  ပြောလိုက်တာ သူက အတော်ဖြုံပြီး အံ့ အားသင့် သွားတယ်...ကျနော်က သူ့  ၃ကြွင်းတနင်္ဂနွေရဲ့  အသက်ကို မြင်လိုက်တာ...ဒါ ကံကောင်းတယ်..ဒီအမှု့ အသံသာ မလာသေးရင် သူ့ အသက်က လှုပ်စိလှုပ်စိရယ်ဒီလိုမြင်တာ..

.ပြီးတော့  လက်သမားအဖွဲ က သူ့ လောက် ဓနမတောင့် နိုင်ဘူးလို့ တွက်တယ်...ဒီတော့  မခံချင်စိတ်နဲ့  ထ လုပ်တဲ့ သဘောလောက်ပဲဖြစ်နိုင်ပြီး လရှည်လာရင် တရားစစွဲတဲ့ သူတွေပဲ စိတ်ပြန်ကုန်လာမှာကို တွက်ထားလို့  သူ့ ကို တစ်နှစ်လောက်ပဲ ကြာလောက်မှာလို့ ချပြထားတာ...သဘောက စနေသက်ရောကို အမှု့ တန်းလန်းမလွတ်မလပ်နဲ့  နဲ့ ဖြတ်လိုက်ရတော့  အမှု ထက်ပိုဆိုးတဲ့  အက်စီးဒန့် ဘေးတွေ အသက်တွေလွတ်တယ်ပေါ့ ဗျာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..