Powered By Blogger

Tuesday, May 19, 2015

ကျနော်ပြောတဲ့ အရွေ့ 


ကျနော်ပြောတဲ့ အရွေ့ 
---------
ဖေဖေါ်ဝါရီလ ၉၂ မွေး ၂ ကြွင်းအဓိပတိဖွား သောကြာသမီးဗျ.....သူက စလုံးမှာ ကျောင်းတက်လာတာ ၅ နှစ်ကျော်ကြာပြီး...သူ့ အသက် ၂၁ နှစ် ဗုဒ္ဒဟူး သက်ရောက်မှာ ကျောင်းပြီးတယ်...ဒီတော့  သူကျောင်းပြီရင်အလုပ်ရမလားလို့ သူ့ အိမ်က လာတုန်းက ကျနော်က မူလမွေးမဟာဘုတ်အရရော မွေးချိန် သောကြာမနက် ၉ နာရီသဘောအရ ရောက ၂ ကြွင်း ချည်းမို့ အလုပ်ရလွယ်မှန်းသိတော့  အိုကေ ယတြာလေး ဆီဆွတ်ပေးလိုက်တယ်..ရရောဆိုပါတော့ ..

ဒါနဲ့  သူအလုပ်လုပ်နေတာ အသက် ၂၂ နှစ် စနေသက်ရောက်တစ်နှစ်လုံးဆိုပါတော့ ....အခု သူပါ မြန်မာပြည်ပြန်ရောက်လာ သူ့ အမေနဲ့ ရောက်လာတယ်...သူပြောပုံက ကန်ထရိုက်ဆက်ရပေမယ့် ဆက်မလုပ်ချင်တော့ ဘူး ဒီမြန်မာပြည်မျာပြန်လုပ်တော့ မယ်ဆိုပြီးပြန်လာတယ်လို့ ဆိုတယ်..အဲ့ အတွက် အလုပ်ပေါ့ လေ....

သူက ၂ လပိုင်းမွေးဆိုတော့  ပြီးခဲ့ တဲ့  ၂ လပိုင်းက အသက် ၂၂ ပြည့် ခဲ့ ပြီး အခု အသက်၂၃ နှစ်ပေါ့ ..သဘောက စနေသက်ရောက်ကထွက်ပြီး ကြာသာပတေးသက်ရောက် ထဲပေါ့ ...ကြာသာပတေးသက်ရောက်ဆိုတာ အပြောင်းအလဲတွေလုပ်လို့ ကောင်းတဲ့ ဂြိုလ် လုပ်လို့ ရတဲ့ ဂြိုလ် အလုပ်ချိန်းတာ အလုပ်သစ်ပြောင်းတာ အလုပ်ဆက်ရတာမျိုးဖြစ်တဲ့ ဂြိုလ်လို့ ကျနော်ရေးပြခဲ့ ဘူးတယ်မဟုတ်လား...



အဲ့ တော့  ဒီသောကြာသမီးလေးလည်း အသက် ၂၃ ထဲလည်းရောက်ရော စလုံးမှာ ငယ်ငယ်ကတည်းက ကာလရှည်ကြီး ကျောင်းတက်နေလာခဲ့ ရ လို့  ငြီးငွေ့ နေတဲ့  ဒဏ်တွေရောစိတ် ဖိအားတွေပါ   ၀င်လာပြီး ကြာသာပတေးသက်ရောက် လည်းရောက်ရော စလုံးကနေ ပြန်ချလာတော့ တဲ့  အခြေအနေကိုရောက်သွားရောဆိုတဲ့ သဘောပဲ...၂၁ တို့  ၂၂ တို့ ဆိုတာ ပိုက်ဆံရှာဖို့ ထက် လူငယ်ဘ၀ရဲ့  အလွတ်လပ်ဆုံးအပျော်ဘ၀တွေ မဟုတ်လား စလုံးလို့ နိုင်ငံမျိုးမှာ အလုပ်ခွင်ထဲ ၀င်ကြည့် လိုက်တော့  ဖိအားတွေများတဲ့ သဘောကိုရင်ဆိုင်လိုက်ရတာ ခါထွက်သွားတဲ့ သဘောပေါ့ ...( မိဘကလည်း ငွေမလိုတဲ့ လူတွေဆိုတော့  ပြန်ချလာလို့ လွယ်တာပေါ့ )

၂လပိုင်းမွေးသောကြာမို့ လို့  လစိတ်တွက်ရင် အခု ၁၁လပိုင်းးနဲ့  ၁၂လပိုင်းကြားက ကြာသာပတေးလစိတ်ပေါ့  ဒီတော့  ဒီ ၁၁ လပိုင်းထဲမှာ အလုပ်ရလိမ့် မယ်လို့ ပြောခဲ့ ပြီးယတြာပေးခဲ့ တာ...သူ လာတုန်းက ၁၀လပိုင်းလဆန်း စနေလစိတ်ပါ.....

အခုတော့  NGO တစ်ခုမှ အလုပ်ရသွားတယ် ဗမာငွေနဲ့ တွက်ရင် ၅ ပုံးကျော်ပေးတယ်လို့ ဆိုတယ်...ဒါကလည်း သူလာတုန်းက ဘယ်အလုပ်တွေလျှောက်ရကောင်းမလဲလို့ မေးခဲ့ တော့  ကျနော်က ၂ ကြွင်းအားတွေ သိပ်များနေတာ သိလို့  နိုင်ငံခြားသားတွေပါတဲ့ ကုမ္ပဏီတွေ လူမျိုးခြားတွေ ထူထောင်ထားတဲ့ ကုမ္ပဏီတွေ NGO တွေမှာ အလုပ်လျှောက်ကြည့် ပါ....ပြီးတော့  ဗမာပြည်မှာ အလုပ်ရှာရင် စလုံးလို မတွေးပါနဲ့  ဒီက ကုမ္ပဏီတွေက ကုမ္ပဏီအစစ်တွေ မဟုတ်ဘူး...အသားကုန်သာ ခိုင်းချင်တာ အပေးဘက်ကတော့ ကပ်စေးနဲတယ်..ဒါကို ကြိုတွက်ထားပါ...အခုမှပြန်လာတာ ၂ ပတ်ပဲရှိသေးတယ်..ဗမာပြည်မှာ လုပ်ကြည့် အုံးပေါ့ ...နောက်တော့  လမ်းပိတ်တာ မီးပျက်တာ မပုတုနှေးတာ မနာလိုတာ အတိုက်အခိုက်တွေ အတင်းအဖျင်းတွေ ကြုံလာလိမ့် မယ်...အဲ့ ဒါတွေ ခံနိုင်ရည်ရှိအောင် ကြိုစဉ်းစားထားပါ လို့  ပြောခဲ့ တယ်....

အခုတော့  အလုပ်ရသွားပြီဆိုတော့ ပြီးတာပါပဲပေါ့ လေ....ဘယ်တော့  ပြန်လစ်ချင်စိတ်ပေါက်လာမလဲတော့  စောင့် ကြည့် လိုက်ါဦးမယ်....

ပြောချင်တာက စနေသက်ရောက်အထွက် ကြာသာပတေးသက်ရောက်ဟာ အရွေ့ တစ်ခု ကို ဖြစ်စေလာတတ်တယ်ဆိုတဲ့ သဘောပဲ...သူဘာကို ရွေ့ ချင်တာလည်းကို ကိုယ်က နားထောင်ပြီး ဖြစ်နိုင် မဖြစ်နိုင် သူ့ မဟာဘုတ်နဲ့  ချိန်ပြီး ၀ိုင်းစဉ်းစားပေးတာ အရွေ့ ဖြစ်နိုင်တဲ့  လပိုင်းတွေကို တွက်ထုတ်ပေးတာတွေလုပ်ရင် အလုပ်ဖြစ်တယ် ဒီဗေဒင်ဟာရိုးရှိးရှင်းရှင်းစဉ်းစား လုပ်သွားရင် သိပ်ခက်ခဲနေတဲ့ နည်းတွေမဟုတ်ဘူး...ဆိုတာပါပဲ...

( သောကြာ ၂၃ ရဲ့ ဂြိုလ်အိပ်က တနင်္ဂနွေ ဂြိုလ်အိပ်ကြီး ၆ နှစ်ထဲမှာ ကောင်းတဲ့ ဂြိုလ်အိပ်ကြီး နဲ့  သက်ရောက်က ကြာသာပတေး အလုပ်ပေါ်သက်ရောက်....ဒါကြောင့်  အလုပ်ရလွယ်တာ....စလုံးမှာ ဆက်မလုပ်တော့ ဘူးဆိုပြီး ၀ုန်းဝုန်းဒိုင်းဒိုင်း ပြန်ချလာတာက ၂ ကြွင်းရဲ့  ကြာသာပတေး မရဏ ရဲ့  တဇွတ်ထိုးဥာဉ်သတ္တိပေါ့ )

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..