Powered By Blogger

Tuesday, May 19, 2015

ပန္နက်တင်

ပန္နက်တင်
----
ကျနော်လည်ကိုယ့် ဟာကိုယ် တစ်ခါတစ်လေ ဂလန့် တွေးတတ်သော ဗေဒင်သမားဖြစ်နေပြီလား လို့ ပြန်ပြန်တွေးမိတယ်...ဒါပေမယ့် လည်း တတ်နိင်ဘူး ကိုယ်မှန်တယ်ထင်တာတွေ ပဲ ပြောဖြစ်နေတော့ တာပါပဲဗျာ...ဆရာမှာ မှာသလို စာအုပ်ထဲက ဖတ် ဖတ်မိသလို ပုံသေမှတ်လိုက်မလုပ်တတ်တဲ့ ပဲ တွေးတွေးကြည့် တဲ့  အကျင့် ကိုက စွဲနေသလိုဖြစ်နေတော့ လေ..

အစိုးရပိုင် အဆောက်အဦးလေးတစ်လုံးကို ၀ိုက်ပိုင်ခွင့် ရထားတဲ့  ကန်ထရိုက် အငယ်စားတစ်ယောက်က ပန္နက်ရိုက်ဖို့ အခါတွေနေ့ တွေ လာယူတယ်....အဲ့ ကိစ္စနဲ့  ပတ်သက်ပြီး ကျနော်အများကြီးစဉ်းစားခဲ့ ဘူးတယ်..အဆောက်အဦးတစ်ခုခု ဆောက်ခါနီးရင် သူ့ နိုင်ငံနဲ့ သူ ဓလေ့ တွေရှိကြတဲ့ အထဲမှာ ကျနော်တို့ ဆီမှာလည်းပန္နက်ရိုက်တာက ဓလေ့ တစ်ခုသဘောပဲ...


အဲ ပန္နက်ရိုက်တဲ့  ကိစ္စမှာ တစ်ယောက်ထဲပိုင် ကိုယ့် အိမ်ကိုယ်ဆောက်တာအတွက်ရိုက်တာက ပြဿနာမရှိဘူး ပုံသေနည်းတွေ စာအုပ်တွေထဲမှာ တစ်ပုံကြီးပဲ...ကိုယ်လည်း ဆရာဆီမှာ မေးရကောင်းမှန်းမသိ၊ စာအုပ်ထဲလည်းမပါတတ်တာက ဒီဘက်ခေတ်လို အစိုးရပိုင် အဆောက်အဦးတွေ (၀ါ) အများဆိုင် အဆောက်အဦးတွေကို ပန္နက်ရိုက်ရင် ဘယ်သူ့ နေ့ နံနဲ့ ယူပြီး ဘာအသားက ပန္နက်သား လက်ရိုက်က ဘာအသားနဲ့ ရိုက်မလဲလို့  ဆိုတာမမေးဘူးသလို မေးမိရင်ဘယ်လို ဖြေမလဲကိုလည်း တွေးကြည့် သေးတယ်..ဒါပေမယ့်  ပန္နက်ရိုက်သဘောဟာ အလုပ်မှာ ကြုံရခဲလို့  သိပ်အရေးတကြီးသိထားရမယ့်  ပညာသဘောထဲ ထည့် မထားမိတော့ ပြန်ဘူး...




နောက်တော့ ပန္နက်တင်ခဲ့ ပါတယ်ဆိုတဲ့  အများဆိုင် အစိုးရပိုင် ကိစ္စတွေ အများကြီးကို ကြည့် ပြီးတွေးတာရယ်...ရှေးက နန်းတော်တွေ ရဲ့  ပန္နက်တင်ကိစ္စတွေကိုကြည့် ရင်း ဘာပန္နက်တွေ လုပ်လုပ် အဆောက်အဦး မပျက်ခင် ကိုယ့် နန်းသစ်တည်ထောင်တဲ့  လူတောင် အရင်ပျက်ဆီး နန်းကျသွားတာပါပဲလို့ တွေးမိလာတယ် သဘောက ဘယ်အရာမဆို ပျက်ဆီးချိန်တန်ရင် ပျက်ဆီးသွားတာချည်းပဲလို့ လေ....ဒါဆို ပန္နက်တင်တာ ဘာလုပ်တာလဲ ထင်ရှားသိသာတဲ့ အကျိုး မရှိဘူးလားလို့ ပါ မေးခွန်းက ပြန်မေးစရာဖြစ်လာပြန်တယ်...ဆရာသင်ကတော့  ပန္နက်သား ဘုရားထုကိုးကွယ်ပါ လက်ရိုက်သားက ရှင်သီဝလိ..ဘာညာတွေတော့  သင်ခဲ့ ဘူးတယ်ပေါ့ ဗျာ...

နောက်တော့  ကန်ထရိုက်တွေ တော်တော်များများနဲ့ ကြုံလာပြီးခဲ့ တဲ့ အခါမှာ အရေးကြီးတဲ့  အချက်ကို သွားမြင်တယ်...အများဆိုင် အစိုးရပိုင်တွေနဲ့ ပတ်သက်လာရင် တာဝန်ယူရတဲ့  ကန်ထရိုက်ရဲ့  ကံ က အတော် အရေးကြီးတာတွေ့ ရတယ်...သူကံမကောင်းရင် အစိုးရပိုင် အဆောက်အဦးမပြီးခင် သူအရင် ဘ၀ပျက်သွားနိုင်တယ်...( ပျက်ခဲ့ သူတွေလည်းတွေ့ ခဲ့ ပြီးပြီ)...အစိုးရကတော့  နောက်တစ်ယောက်နဲ့  ဆက်ဆောက်မှာပဲ ဆိုတာရယ် အဲ့ ဒီ့ အစိုးရဆိုတာ ( အဲ့ ဌာနဆိုင်ရာ က လူကြီး) ကလည်း မမြဲဘူး ဆိုတာပါတွေ့ လာရတယ်...ဒီတော့  ကိုယ့် ဟာကိုယ်ပဲ ဆုံးဖြတ်ချလုပ်ရတယ်...

အစိုးရပိုင်တွေ သဘောအဆောက်အဦးဆိုရင် တာဝန်ယူဆောက်ပေးရမယ့်  ကန်ထရိုက်တာရဲ့  သက်ရောက်တွေလစိတ်တွေ အရင်တွက်ချက်ပြီး အဲ့ ကန်ထရိုက်ရဲ့  မွေးနံနဲ့ ပဲ မြေရှင်းယတြာတွေ ဘာတွေလုပ် ပန္နက်သားတွေ လက်ရိုက်တွေ ရွေးပေးလိုက်ရတော့ တယ်...ပြီးတော့ အဲ့ ဒီလို ဘာကြောင့်  ကန်ထရိုက်နံနဲ့  ရွေးပြီး လုပ်ခိုင်းလိုက်ရတယ်ဆိုတာကို ပြန်ရှင်းပြလိုက်တာက....ဌာနလူကြီးဆိုတာ အပြောင်းအလဲ ဖြစ်တတ်တယ်...ဒီတော့  သူက သိပ်အရေးမကြီးဘူး...အဓိက က ကန်ထရိုက်ပဲ ...ကန်ထရိုက်ဟာ အစိုးရဆီက ရဖို့ ရှိတဲ့ ပိုက်ဆံတွေ ရလွယ်ဖို့ ..အဆောက်အဦးဆောက်နေတုန်း အလုပ်ခွင်မှာ လူသေတာ ဆောက်ရင်းတန်းလန်း ပြုကျတာတွေ မဖြစ်ဖို့  ဆောက်ပြီး နှစ်တော်တော်ကြာ ဒါမှမဟုတ် ကိုယ်မသေမချင်း အဲ့ အဆောက်အဦး ပြိုမကျဖို့  အဆောက်အဦးကို
အစိုးရလက်ထဲ တရားဝင်ပြန် မအပ်ခင်အထိ ပြဿနာ အချောင်းချောင်းတွေ မတက်ဖို့ က ပိုအရေးကြီးတယ် လို့ ရှင်းပြလိုက်ပြီး....

တကယ်တော့  ဒါတွေဟာ ယဉ်ကျေးမှု့ သဘောမျိုးတွေသာဖြစ်တယ်...ကန်ထရိုက်က ခေါ်လို့  လာပန္နက်ရိုက်တဲ့ သူတွေက ဘာအသား ဘာညာတောင် ထဲထဲဝင်ဝင်မသိ စိတ်မ၀င်စား သူတို့ လာပုံက မင်္ဂလာဆောင်လာသလောက်ပဲ စိတ်မျိုးရှိတာဖြစ်တယ် ပြန်သွားရင်သတိတောင်မရတော့ ဘူး..ှအဓိက က ကိုယ်ပဲ ဒါကြောင့်  အစိုးရပိုင်အဆောက်အဦးတွေရဲ့  ပန္နက်ကိစ္စကို ဟဲဗီးကြီး အုံးစားမနေနဲ့  ကန်ထရိုက်ရသူက ကိုယ့် ကံသာဂရုစိုက်..အစိုးရလက်ထဲ ကွိုင်မရှိပဲ ပြန်အပ်နိုင်ဖို့ ပဲ အာရုံထား ဖို့ လိုတယ်လို့ ကျနော်ကတော့  အဲ့ အတိုင်းပဲ လှုပ်ရှားလိုက်ပါတယ်ဗျာ...

အဲ့  ပန္နက်ကိစ္စတွေ တစ်ဦးချင်းပိုင်တွေရော အစိုးရပိုင်တွေအတွက်ပါ အများကြီးစဉ်းစားခဲ့ ဘူးတယ်..ဆိုပါတော့  တစ်ဦးချင်းပိုင်မှာ ပန္နရိုက်ရတဲ့ အကြောင်းက အဆောက်အဦး ကောင်းကောင်းမွန်အဆုံသတ်ဖို့ အပြင် စီးပွားတက်ဖို့  ရေရှည်ခိုင်မာဖို့ တွေပါ ဆိုတဲ့ ရည်ရွယ်ချက်ပါတယ်လို့ ဆိုတယ်...ဒါဆို ဒီပိုင်ရှင်က ဒီအိမ်ဆောက်ပြီး မကြာခင် အဲ့ အိမ်ကို အကြောင်းတစ်ခုခု ကြောင့်  တစ်ခြားသူလက်ထဲကို အပြီးရောင်းသွားလို့  တစ်ခြားသူက တက်နေတဲ့ အခါ မူလအိမ်ရှင်ရဲ့  ပန္နက်ဓါတ်သား နောက်အိမ်ရှင်နဲ့  ဓါတ်မတည့် ဘူးဆိုရင် အကျိုးဆက် ဘယ်လိုရှိနိုင်မလဲ...အကျိုးဆက်ရောရှိနိုင်သလား ရှိခဲ့ရင် ဘယ်လောက်အထိ အကျိုးဆက်ရှိနိုင်လည်း...ရှိခဲ့ ရင် ဘယ်လိုရှင်းမလဲ...ဒါဟာတွေးစရာရှိလာတယ်....


အခုရေးပြတဲ့  သဘောက လောကီ နည်းစနစ်တွေ မှာ တွေးမယ်ဆို ဆက်တွေးစရာတွေ မေးစရာ ထောက်စရာတွေ အများကြီးရှိတတ်တယ်ဆိုတာကို ရေးတာပါ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..