Powered By Blogger

Tuesday, May 19, 2015

ပန္နက် ဇာတ်ထုတ် နောက်ထပ်အဆက်..

ပန္နက် ဇာတ်ထုတ် နောက်ထပ်အဆက်..
--------------
ကျနော် စဥင်္းစားပြခဲ့ သလို မူလမြေရှင်အိမ်ရှင် အမျီုးတွေ မရှိတော့ ပဲ လက်လွှဲရောင်းသွားလို့  နောက် ပိုင်ရှင်သစ်လာနေရင် မူလပန္နဓါတ်က နောက်လာတဲ့  အိမ်ရှင်ကို မတည့် ရင် ဓါတ်မခိုက်နိုင်ဘူးလား ဆိုတာအထိ တွေးခဲ့ တယ် ဒါကို ရှေးဘုရင်တစ်ချို့  နန်းသစ်တွေ တည်တည်ပြီး နောက်ဆက်ခံတဲ့ ဘုရင်တွေ ခဏခဏ ပြိုလဲသွားတာ ဇာတ်ထုတ်တွေ ရှုတ်ကုန်တာတွေကို ပါ ထည့် တွေးတယ်...အကယ်၍ မူလဓါတ်ပန္နက် နောက်လူကို ဓါတ်ခိုက်ပြီဆိုရင် ဘယ်လိုရှင်းမလဲလို့ ဆက်တွေးတယ်....

အဲ့ ဒီမှာ အလွယ်ဆုံးကတော့  ၂ နည်းပဲ...အိမ်ရှင်းယတြာပေါ့ ...၀င်းနဲ့ ခြံနဲ့ နေရင် ရှေ့ မြေ နောက်မြေ ချိန်းပြီးမြေလှန်မြေရှင်းယတြာပေါ့ ...ကန်ထရိုက်တိုက်တွေ ၀ယ်တိုင်းပြောင်းတိုင် အခန်းရှင်းယတြာ အရင်ကစားပြီး အခန်းသန့် ပစ်ပါပေါ့ ဆိုတာ ဒီအတွေးကနေ မူလက ဆရာကြီးဆီက သင်ယူလာတဲ့ ပညာကို ဆက်စပ်သုံးတဲ့ သဘောပဲ....မြေလှန် မြေရှင်းယတြာမှာ အဓိက ဆင်ခြင်ရတာ အငှားနေရင် မြေမလှန်သင့် ဘူး အိမ်ရှင်းနဲ့ ပဲသွားသင့် တယ် အပိုင်သမားမှ..ဆိုတာ ပဲ..ဒါဟာ
လောက စည်း အတွက် အကုသိုလ်မဖြစ်အောင်တားလိုက်တာ...မြေမြေရှင်းလုပ်ထားတေ့ နေရာကနေ ပြောင်းချင်ရင်ပြောင်းရခက်တယ် လူခိုက်ပြီးမှ ပြောင်းလို့ ရတာမျိုးဖြစ်တတ်လို့ ....တကယ်လို့ မြေလှန်ကစားထားတဲ့  မြေကနေ ပြောင်းချင်ရင် ပြန်ပြီး မြေလှန်ပစ်ရတယ်လို့ ပညာသဘောအရ ဆိုတယ်ဒါကြောင့်  အခိုင်အမာ မြေချ ဓါတ်သစ်ပင်စိုက်တာထက် အိုးနဲ့ အရှင်စိုက်တာ ကို သာပိုအားပေးတာ..မြေလှန်တာထက် မြေရှင်းယုံ အိမ်ရှင်းယုံက ဆိုက်အဖက်ကင်းတာလို့ ဆိုတာပါပဲဗျာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..