-----------------
အဲ့ ဒါ...သူပြောပုံက ကျနော်က ကိစ္စတစ်ခုဆို ဒဲ့ ပြောတာပဲ ကြိုက်တယ် တဲ့  ၀ိုက်နေတာ မကြိုက်ဘူးတဲ ကြာတယ် ဒူးအော်ဒိုင်းပဲ..ဘာညာနဲ့ ဗျ....ပုံစံက ဒဲ့ ပြောတတ်တာကိုပဲ ဂုဏ်ခံချင်နေပုံပေါ့ ဗျာ..ဟီးဟီ.....အဲ့ တော့  ကျနော်ကလည်း..ဟားဟား ဟုတ်တယ် ဒဲ့ ပြောတာ ပေါ်တင်ပြောတာ ကျနော်လည်းကြိုက်တယ် ခေတ်က လိုတိုရှင်းခေတ်လေ အချိန်မစောင့် နိုင်ဘူး.....ဒါပေမယ့် ဗျ..နေရာတကာ ဒဲ့ လွှတ်နေလို့ လွယ်ဘူး...ဘုရားတောင် တရားဟောတာ စ စချင်း ၀ိုက်ဟောသွားတဲ့ တရားတွေ အများကြီးပဲ....ဟိုဇာတ်ထုတ်ဆိုဗျာ.. ခလေးသေလို့  ငရံ့ ပြာလူးဖြစ်လာတဲ့  ကလေးမအေ့ အပူသည်မကို....လူဆိုတာသေမျိုးပဲ ဘာညာနဲ့ ဆရာကြီးလုပ်ပြီး အပေါ်စီးကနေ ဒဲ့ ကြီး လေသံ တန်းလွှတ်တာ မဟုတ်ဘူးဗျ..ဟယ်..ခလေးကိစ္စဖြစ်သွားလို့ ဟုတ်လား မှန်း..ဟယ်..မကြာသေးဘူးပဲ ..ပြန်ရလိုရသေးငြား ဒီလိုလေး လုပ်ကြည့် ရအောင်..မသာ မဖြစ်ဖူးသေးတဲ့  အိမ်က မုန်ညှင်းဆီလေး.ရရင် ဆေးဘက်ဝင်တယ်ဟ အဲ့ ဆီလေး ၅ကျပ်သားလောက် သွားရှာခဲ့ ပါလား ဘာညာနဲ့  ခလေးကိုပဲ ဆီလေးနဲ့  ရှင်အောင်ပြန်လုပ်ပေးမလိုလိုနဲ့  ၀ိုက်ပြီ စဟောသွားတာ....အပူသည်မရဲ့ ဖီလင်သဘောကို တွက်ရသေးတာ.....ဆိုတော့ မှ.....ကပ်သီးကပ်သတ်ပြောတယ် .ဟီးဟီးးး..တဲ့ .....သူက ဟီးဟီး...ဆိုတော့  ကျနော်ကလည်း ဟီးဟီး ပေါ့ ...အဲ့ တော့ ..သူ ဟီးဟီး ကိုယ် ဟီးဟီး........ခ်ခ်.
သူနဲ့  အဲ့ လို နောက်ပြောင်ပြောပြီးမှ လူမသေဘူးတဲ့ အိမ်က မုန်ညှင်းဆီ ရှာခဲ့ ပါဆိုတာကို ကွက်ကနဲတွေးမိတာကအဲ့ တုန်းက လူတွေက တော်တော်ရိုးကြတာပဲလို့ ဖြတ်ကနဲ တွေးမိရောဗျာ့ ...ပြီးတော့ ဆက်တွေးမိတာက...ငါ့ အိမ်ကိုသာ ဆီလာတောင်းရင် ဘာလုပ်ဖို့ လဲ လို့  အကျိုးအကြောင်းမေးပြီး လူမသေဘူးပါဘူး ပါဘူးနဲ့  ဘတ်ပြီး မုန်ညှင်းဆီလေး နဲနဲပေးလိုက်မှာ...ပြီးမှ မုန်ညှင်းဆီနဲ့  ခလေးအသေကို ဘယ်လိုပြန်ရှင်အောင် အိုက်ချလောင်း လုပ်မလဲလို့  ဘုရားဆီကို လိုက်ချောင်းမှာလို့  တွေးမိရောဗျားး...ဟဲဟဲ...အင်းး...ငါလည်း အတွေးထဲတောင် ဘတ်တွေး တွေးနေတတ်ပြီပဲလို့ ..ကိုယ့် ဟာကိုယ်တွေး ပြီး ရယ်ချင်သွားတယ်...ငါတို့ လည်း ငဘတ်တွေနားနေပြီး ရေကြောမြေကြော လိုက်တတ်နေပြီနဲ့ တူပါရဲ့ လို့ ....ခ်ခ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..