Powered By Blogger

Wednesday, May 20, 2015

ဘယ်လိုကနေ ဘယ်လို အချစ်ရေး စမ ဖြစ်သွားရတာတုံး..


ဘယ်လိုကနေ ဘယ်လို အချစ်ရေး စမ ဖြစ်သွားရတာတုံး..
-------------
အခု ပြထားတဲ့  န ငယ် ဒီဇိုင်းက ကျနော့် ဟာ ကျနော် လက်ဆော့ ပြီး လျှောက်ဆွဲထားပြီး ပရိုင်ဖိုင်ပုံအဖြစ် ကောက်တတ်ခဲ့ ဘူးတဲ့ ပုံပေါ့ ဘာဗေဒင် ဘာစမရုပ်မှ မဟုတ်ဘူး န ငယ်ကို ပုံစံအမျိုးမျိုးနဲ့  လက်ဆော့ နေတာ န၀င်း က န ငယ်ကို ယူဆော့ နေတာ န၀င်းတောင် န၀ ဆိုတဲ့  မြတ်ဘုရားရှင်ရဲ့ ဂုဏ်တော် ၉ပါးကိုပဲ အာရုံပြုတာ....

နက်လိုင်းကောင်းရင် ၀က်ဆိုက်တွေ ပတ်တတ်တယ်..တစ်နေရာမှာတော့  ဒီ နငယ်ပုံကြီး သွားတွေ့ ရောဗျ...ဟားးး မြင်ဘူးလိုက်တာ..မှန်း..ဟ..ငါ့ လက်မငြိမ်လို့ နငယ်အမြီးကနေပြန်တက်တော့  လိုင်း တွန့် သွားတာရော အ၀ါရောင် ဘက်ကရောင်းကာလာရော ဒဲ့ ကြီးပါလားဟ...ဒါ ဒါ..ဒါ...ငါလက်ဆော့ ပြီး ပရိုဖိုင်ကောက်လုပ်ထားတဲ့ ပုံကြီးပဲဟပေါ့ ..မှန်း ဘာတွေများရေးထားပါလိမ့် ဆိုတော့  ဒီပုံကို ဟိုနင်း ဟိုလုပ်လုပ်ရင် အချစ်ရေး ဘာပြုတယ်ညာပြုတယ်နဲ့ ...ဟားဟားဟား...ရယ်ရတယ်. တစ်ခါထဲ လက်ဆော့ ပြီး ဆွဲတဲ့  ပုံက ချက်ချင်း ရှေးပညာရပ်တွေက စမပုံကြီး လိုလိုဘာလိုလို ဖြစ်သွားပါရောလားဗျာ........
ပြီးတော့  ဆရာသာခင် ခင်မျာ....အဲ ဆရာသ္ခင်ခမျာ.....အဲ့ နငယ်ခေါင်းထိပ်က မြွေလို တွန့် လိမ်တက်သွားတဲ့  စတွန့် တာကရော ဘာကြောင့် စတွန့် ရတာလဲရောခင်ဗျာလို့  တောင် ပြန်မေးယူရမလိုလို ..ဟီးဟီး.....အဲ...ဘာမှ မြတ်ဘုရားရှင်ရဲ့  နှာခေါင်းထိပ် မျက်ခုံး ၂ ဖက်ကြား တတိယမျက်လုံးနေရာက သင်းကျစ်တော်တွေ ကိုယ်စားပြု သင်္ကေတ အတွန့် တွေ ဘာတွေ ဘာမှ မဟုတ်ဘူး အဲ့  ပုံဆွဲတုံးက....အလှ လျှောက်တွန့် လိုက်တာ လက်မငြိမ်လို့ မြွေတွန့် နေသလိုလိုဘာလိုလို.....

ဗေဒင်ပညာကို မယုံတဲ့ သူများတာလဲ မပြောနဲ့  ကျနော်တောင် သိပ်ယုံချင်တာ မဟုတ်သေးဘူး...အဟီးးး...ခ်ခ်....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..