'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, May 20, 2015
လူဆိုတာ....ရှောက်သီးဆေးပြားသည်တောင်...သတ္တိတွေက
လူဆိုတာ....ရှောက်သီးဆေးပြားသည်တောင်...သတ္တိတွေက
-------------
စာ.အစရလို့  ငယ်ငယ်က ဗရုတ်သုတ်ခေါတွေ လုပ်ခဲ့ ပုံထဲမှာ အခြောက်တွေ (အရင်က ခေါ်နေကျစကားလုံးလေးပါ)..ကို လိုက်စတာလည်း ပါပါတယ်..ကျနော်တို့ ကျောင်းက ကျားကျောင်းဆိုတော့  ဖွန်ကြောင်စရာရှိရင် မ ကျောင်းတက်ချိန် ဆင်းချိန်တွေမှာ ကျောင်းကနေ ခိုးထွက်ပြီးသွားကြောင်ပါတယ်..ကျားကျောင်းနဲ့ မကျောင်းက နီးနေလို့  ကျောင်းချိန်မတိုက်အောင် သက်သက်လွှဲထားပေမယ့်  ကျား ဆိုတာ ကျားပါပဲပေါ့ ဗျာ..
အဲ့ ကာလတစ်ဝိုက်မှာ ရှောက်သီးဆေးပြားထုတ်သေးသေးလေးတွေကို ကာလပေါက်ဈေးထက် တော်တော်ဈေးတင်ထားပြီး သီချင်းဆိုပြ ကပြ တဲ့  မိန်းမအ၀တ်အစား ၀မ်းဆက်ဝတ် မိတ်ကပ် နဲ့ နှုတ်ခမ်းနီရဲရဲ ကို ထူပိမ်းနေအောင် ရွံစရာကောင်းအောင်လိမ်းပြီး အရပ်တကာလှည့် ရောင်းနေတဲ့  အခြောက်တွေ တော်တော်လေးကို ထွက်လာတဲ့ ကာလပါ...သူတို့ လာရင် ၂ယောက်တွဲ အနဲဆုံး လာတတ်ပြီး သူတို့ ရွယ်တူ ဘဲကြီးတွေဆို ပွတ်သီးပွတ်သပ်လုပ် သီချင်းသုံးပုဒ်လောက်ဆို မခါတွန့် လို ဒွန့် ပြပြီး ရှောက်သီးဆေးပြားရောင်းတော့ တာပါပဲ..ဘဲကြီးတွေကလည် တဟီးဟီးတဟားဟားနဲ့ ပါပဲ...အဲ့ ဘဲကြီးတွေရဲ့ မိန်းမတွေနဲ့ ကျနော်တို့ ကလေးတွေက အဲ့ အခြောက်တွေကို မျက်စိ နောက်နေလေ့ ရှိပါတယ်...ဒါကြောင့်  အဝေးကနေ ခဲလုံးသေးသေးလေးနဲ့ လှမ်းပစ်တာမျိုးအထိ လုပ်လေ့ ရှိခဲ့ ပါတယ်...ကြည့် လို့ ကို မရဘူးသဘောပေါ့ ..
တစ်နေ့ တော့  မကျောင်းဆင်းချိန် ကျနော်တို့ စတိတ်က အတန်းကြီးသမားလေးတွေ အချိန်လစ် ကျောင်းတံခါးစောင့် နဲ့ ပေါင်းခိုးထွက်ပြီး သွားကြောင်နေတုန်းအဲ့ ရှောက်သီးဆေးပြားသည် ၂ ယောက်ဟာ လမ်းတစ်လျှောက် လမ်းလျှောက်လာပုံက ပြောင်စပ်စပ်မျက်နှာ မချိုမချဉ်မျက်နှာနဲ့ ဘေးကဖြတ်သွားသမျှ ဘဲတွေကို လက်ဆော့ လိုက် လက်ထဲက ဇာပုဝါနဲ့  လှမ်းပုတ်လိုက် အသံသေးအသံကြောင်နဲ့ ရှောက်သီဆေးပြားဝယ်ကြဦးမလားဆိုပြီး ထအော်လိုက်နဲ့  လုပ်လာတာမြင်လိုက်
ရတော့ အတော် မျက်စိထဲ ခရောစ်ဖြစ်သွားပါရောဗျာ...
အဲ့ မှာ အဲ့ ရှောက်သီးဆေးပြားသည်တွေကို ..ငိုးးးမ..သားးးတွေ...ဆိုပြီး ခဲ လုံးနဲ့ လှမ်းပေါ်က်တော့  ဒီတစ်ခါမှာ အဲ့ ရှောက်သီးဆေးပြားသည် ၂ယောက်ဟာ ထွက်မပြေးတော့ ပဲ သူတို့ ရှောက်သီးဆေးပြားထုတ်တွေ မိတ်ကပ်ဘူးတွေထည့် ထားတဲ့ စလင်းဘက်ထဲက ခလုပ်ဓားကို ဆွဲထုတ်ပြီး ကျနော်တို့ ဆီကို ဒေါသထွက်နေတဲ့  ဘီလူးမ ရှောက်သီး စုတ်နေတဲ့  မျက်ခွက် ရုပ်နဲ့ လာပါရော့ ဗျာ...
ဘာရမလဲ...ပြေးလိုက်တာမှ ဖိနပ်ပါ ချွတ်ပြီ်း လက်ထဲလျှို ခြေကုန်သုတ် ပြေးတော့ တာပါပဲဗျာ....ဟဲဟဲ...အဲ...အဲ့ ကတည်းက ရှောက်သီးဆေးပြားသည်ကြီးတွေ ကို တွေ့ ရင် သိပ် မနောက်ရဲတော့ ပဲ ခပ်လှမ်းလှမ်းကသာ အခြေအနေကြည့်  စတာနောက်တာလုပ်ရဲပါတော့ တယ်ပေါ့ ဗျာ...အဲ့ ကတည်းက လူဆိုတာ လက်နက်ကိုင်ထားရင် ရှောက်သီးဆေးပြားသည်တောင် သတ္တိတွေက ဒီလိုပဲ ဆိုတာ...ဟီးဟီး....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..