'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, November 23, 2015
.''''သီချင်းလေး နဲ့ အတူ ..''
..''''သီချင်းလေး နဲ့ အတူ ..''
-------------
ဂီတတွေနဲ့ အဖေါ်လုပ်နေရင်းက ၁၀တန်း ဒုတိယနှစ်တုံးက ပျော်စရာ ဘ၀လေးကို သတိရလိုက်တယ်..၊ သတိရတာက ကျောင်းစာတွေ ဆရာမတွေကို မှုတ်ဖူး..အဲ့ တုန်းက ရီးစားလေး အကြောင်း...ခိခိ..၊ နော်တို့ စတိတ်က ဒေါင်းတောင်းမှာ ဆိုပေမယ့်  ရီးစားက မြေနီကုန်းအတက် မဟာမြိုင် စိန်ဖလိုးက ၊
ကိုယ့် ကျောင်း အနားမှာ တစ်ခြား မိန်းခလေးကျောင်းတွေရှိပေမယ့်  အဲ့ ကျောင်းက ဟာဒေကို သိပ်ကြည့် ရတာ မှုတ်ဖူး ရှာလိုလို မလိုလိုတွေဆိုပြီး..ဟီး..၊ စတွေ့ တာက ကျူရှင်မှာ..ဒါနဲ့ စတိတ်ကျောင်းအထိ
လိုက်ပတ်သက်တော့ တာမျိုးပေါ့ လေ..အဲ့ မှာ ရီးစားလောင်းလေးက ကျောင်းဘတ်စ်စီးတယ် ၊ နောက်တော့ သူနေတဲ့ အရပ်အထိပါ ဇွဲကောင်းတော့ တာ...ကြွေပြီဆို အဲ့ လို ကြွေတတ်တယ် .အဟီး..။
ရီးစားဖြစ်ပြီးမှ မကြာခင်ဆိုသလိုပဲ အချစ်တွေရှိတဲ့  အရပ်ကို ရောက်ဖူးသွားရောဆိုပါတော့ ..အဲ့ မှာ ရီးစားလေးရဲ့  တကယ့် ဘ၀ကို တွေ့ လိုက်ရတော့  ပိုကြွေသွားတော့ တာပါပဲ၊
သမိုင်းဖက်မှာ နေတယ် လို့ သာသိထားပေမယ့်  တကယ်ကြတော့  အုပ်ကျင်း ဘူတာရုံလမ်းကနေ တမျှော် တစ်ခေါ်ကြီး ၀င်ချသွားရပြီး မြို့ ပတ် ရထားလမ်းပါ ထပ်ကျော်လိုက်ရတဲ့  အနောက်အုပ်ကျင်းထဲက ရပ်ကွက်လေး..သွပ်မိုးက ခပ်ရှားရှား ..အဲ့ အထဲရောက်သွားရင် ဗမာပြည် ရန်ကုန်မြို့ ထဲတောင် ရှိသေးရဲ့ လားထင်ရတယ် သီးသန့် ဆန်လွန်းနေတဲ့  အရပ်
ကျနော်တို့ သူငယ်ချင်းတွေက အဲ့ အရပ်ထဲဝင်သွားရင် သူတို အရပ်သား မဟုတ်မှန်း သိပ်သိသာ လွန်းနေတယ် ရွာထဲ တစ်စိမ်းတွေဝင်သွားသလိုပဲ ရွယ်တူဘဲတွေက ကွက်ကြည့် ကွက်ကြည့် နဲ့ ပေါ့ ..အတော်လေး အမြီးကုပ်ပြီး သွားခဲ့ ရတာမျိုး...ဒီလိုပေါ့  အချစ်အတွက် အသက်စွန့် ရဲပါတယ်ပေါ့ လေ..ခွစ်ခွစ်...ပြီးတော့  အဲ့ က အရပ်သားတွေက ဒေါင်းတောင်းအရပ်က လူတွေနဲ့ စရိုက်ချင်းကို တအားကွဲနေတာ သိသာတယ်ပေါ့ လေ..ကျနော်တို့ က အဲ့ အရပ်ကို ကောင်းဘွိုင်တွေနေတဲ့အရပ်လို့ ငေါ့ ပြောကြတယ် သုံးပုံ၂ပုံလောက်က ခပ်ရင့် ရင့်  နဲ့ ချိုကြည့် ကြည့် တတ်ကြလို့ ...ဟီး.. ..
ရီးစားလေးက ရီးစားအဖြစ်သာ လက်ခံထားပေမယ့်  သူ့ တို့ ဘ၀ကို နော်တို့  သိပြီဆိုတော့  ပထမတော့ ရီးစားလေးရဲ့  အကြည့် တွေက အားငယ်ကြည့် ပေါ့  ( အဲ့ မှာလဲ ထပ် ကြွေတာပဲ ခိခိ)..နော်က ချစ်ခြင်းတရားမှာ ဒါတွေ မလိုပါဘူးလို့  သဘောထားတယ်ဆိုတော့ မှ ပျော်သွားရှာတယ်.( အလဲ့ ..ငိငိ ) .၊ အမှန်တော့ နော်တို ကလဲ ဒေါင်းတောင်မှာ နေတယ်သာဆိုတာပါ တကယ်က ရေလျှံနေတဲ့  မိသားစုတွေ မဟုတ်ပါဘူး ရရစားစား ရုန်းနေဆဲ မိဘတွေနဲ့ ပါ၊ အရင်လောက် မဆိုးဘူးလောက်ပဲပြောလို့ ရသေးတာ၊
ဒါပေမယ့်  မဆိုးတော့ ဘူး ဆိုတဲ့  နော်တို့ ထက်ကို ရီးစားလေးတို့  မိသားစု ရုန်းနေရချက်က ..အဲ့ မှာလဲ...သနားချစ်တွေရော ဘ၀ဆန်လွန်းတယ်ဆိုပြီး ကရုဏာရောပေါင်းပြီး ကြွေချက်က အသေအလဲကြွေ...။
..အဲ့ မှာ ဒေါင်းတောင်းအရပ်နဲ့ တိုင်းရင် ခေါင်လွန်းနေသေးတဲ့  အဲ့  အနောက် အုပ်ကျင်းကို ချောင်းပေါက်တော့ တာပဲ ချောင်းပေါက်တယ်သာ ပြောတာ ဝေးလွန်းတဲ့ ခရီးအတွက် မုန့် ဖိုးပြတ် လမ်း စားရိပ်မရှိလို့  မြို့ ပတ်ရထားခိုးစီးပြီး ရီးစားလေးနေတဲ့ အရပ်သွားရတာ အကြိမ်ကြိမ်..အဟီး..
အဲ့ လို ဘ၀သမားလေးတွေဖြစ်နေတုန်း ရီးစားလေး နဲ့ ကာလချိုလေးတွေမှာ ဟော့ လာတဲ့ ဂီတက ''ကိုခိုင်ထူး '' ကြီးပေါ့ ..အဲ့ ကာလရဲ့  ဂီတသစ်တစ်ခုက ကိုခင်မောင်တိုးနဲ့ ကိုခိုင်ထူးက ကျနော်တို့ အတွက် ဂီတသစ်၊ ရီးစားလေးရဲ့ ဘ၀ကို ၀င်ခံစားပြီး ဖီးလ်တွေ တအားဖြစ်နေချိန်မှာ ကိုရွှေခိုင်ထူးကြီးရဲ့  ♫ ♪♫ ''အိမ်ခေါင်မိုးစုတ် အောက်က တို့ ဘ၀ထဲ မလာချင်ပါနဲ့ ကွယ်...ရေယိုလာရင် မင်း ငိုမှာစိုး.''..♫ ♪♫ ဆိုတဲ့  '' ရွှေလသာမှ ''သီချင်းက တိုက်ရိုက် ဟတ်ထိပြီး ကြွေခဲ့ တော့ တာပါပဲ.
..ကြွေပုံ ကြွေနည်းက အခုနေပြန်တွေးတော့  ရယ်ချင်စရာ...သီချင်းထဲကလောက် နော်တို့ က မွဲနေတာမျိုးတော့ မဟုတ်ပေမယ့်  အဲ့ သီချင်းကို ရီးစားလေးရဲ့  အရပ်နဲ့  အိမ်ကို မြင်ယောင်ပြီး ကြွေလိုက်ရင် ချက်ချင်း လူက ငုတ်တုတ်ကြီး တစ်ထိုင်ထဲ မွဲသွားတာ...စိတ်ထဲမှာလေ...အဟီးး....
( တကယ်ကလဲ စိတ်ထဲမှာက ကိုယ့် မှာရီးစားလေးကို ရှာကျွေးနိုင်မယ့်  ဓန မရှိဘူး အရည်အချင်း မရှိဘူး ကိုယ့် မိဘတွေကလည်း ဓနမတောင့် တင်းဘူး ဆိုပြီး အားငယ်ပြီး ဖီးလ်ဖြစ်ခဲ့ တဲ့ အချိန်တွေပေါ့  )
.( ဓနမဲ့ လွန်းနေရင်လဲ သတ္တိတွေ နဲကုန်တတ်တာမျိုးနဲ့ တူပါရဲ့ လေ..)
'အချိန်တွေ ဘ၀တွေ ရွေ့ လျားသွားနေပေမယ့်  တစ်ခါတစ်လေ အဲ့ ရွှေလသာမှ သီချင်း အပိုင်း အစလေးတွေ စိတ်ရဲ့ စေရာ နားထဲကြားယောင်လာတတ်တဲ့ အခါ သီချင်းလေး နဲ့ အတူ ..သတိရချင်စရာတွေ မမေ့ ခဲ့ နိုင်တာလေးတွေကို အလွမ်းသံစဉ် လှိုင်းရဲ့ ခြေရာလေးတွေ အဖြစ်....မကြာခဏ.....သတိတွေ ရတတ် ရတတ် နေပါသေးတယ်.....
.♫ ♪♫
''' နေရောင် အောက်က တို့ ရဲ့ ဘ၀မျိုးထဲ မလာချင်ပါနဲ့ ကွယ် အပူဒဏ်တွေကို မင်း မခံနိုင်ဘူး.
.ကြယ်ရောင် မလင်းတဲ့ တို့ ဘ၀ လမိုက်ည မလာချင်နဲ့ ဦးကွယ်..မသာယာတာတွေ မင်းမြင်မှာ စိုးတယ်..
.အိမ်ခေါင်မိုးစုတ် အောက်က တို့ ဘ၀ထဲ မလာချင်ပါနဲ့ ကွယ်...ရေယိုလာရင် မင်း ငိုမှာစိုး
ရွှေရောင်တောက်ပ မင်းရဲ့ ဘ၀မျိုးထဲ ပျော်ပျော်နေအချစ်ရယ် အချိန်မတန်ခင် ဝေးနေကြမယ်
..''ရင်ထဲမှာ ကိုယ်လေ သိပ်ချစ်တတ်တယ် အတူ နေရရင်ပျော်စရာ ကောင်းမှန်း သိတယ် ရွှေလမှ မသာသေးခင် အချစ်ရယ် အတူတူ နေမယ်....မပြောရက်နိုင်ဘူး......''.♫ ♪♫
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..