
မီးထွန်းပုဒိအာ..
---
စာမေးပွဲအတွက် ပြန်တင်ပေးလိုက်တယ်ဗျ...၊ ပု ဒိ အာ ဆိုတာ ဘုရားရှင်ရဲ့ ဥာဏ်တော် သုံးပါးကို ရဲ့  အစ စာလုံးတွေပေါ့ လေ..ပညာရေး သဘောက ဥာဏ်ပညာသဘောမို့  တူသောအကျိုး သဘော ရအောင် ပုဒိအာကို အဲ့ လို ပုံလေး စက္ကူမှာ ဆွဲ အလယ်မှာ လိုလားတဲ့ သူရဲ့ မွေးနံ တနင်္လာသားသမီးဆို ၂ ပေါ့ လေ အဲ့ လို မွေးနံ ကိုယ်စားပြု ဂဏန်းလေး ရေးနေကျအတိုင်းရေးပြီး ဆီမီးခွက်တို့  ကြွေပန်းကန်ပြားတို့  အောက်မှာထည့်  ခံ ပြီး ဘုရားမီးအားရုံပြုထွန်းပူဇော်တာ
စာဖတ်တုန်းတို့  စာဖတ်ခါနီးတို့ မှာထွန်းလဲရတယ် စာမေးပွဲသွားဖြေခါနီး မနက်စောစော ထထွန်းလိုက်လဲရတယ်...ထွန်းတုန်း အာရုံပြုလိုက်တာက ဘုရားရဲ့ ဦးခေါင်းတော် မျက်နှာတော်ကိုအာရုံပြုလိုက်တာ..ရောင်ခြည်တော် ၆ သွယ် ဖြာနေတဲ့  ပုံတော် အာရုံပြုလိုက်ရင် ပိုတောင်ကောင်းသေးတယ်.
အလွယ် စက္ကူဖြူပေါ်မှာ ဆော့ ပင်နဲ့ ဆွဲလဲရတယ်...မဟာဘုတ်နဲ့ မွေးနံနဲ့  ညှိပြီး သန့် တဲ့  အညွန့် နံ ရဲ့ အရောင် စက္ကူနဲ့ ဆွဲလဲရတယ် မွေးနံနဲ့  အတွင်းမိတ် နံ အရောင်စက္ကူပေါ်မှာဆွဲလဲရတယ်..ရေရှည်သဘောအတွက် ကြေးပြား ဘာညာပေါ်ဆွဲလဲရတာပါပဲ...စက္ကူ အရွယ်က ယေဘူယျ မ လက်မ ပတ်လည်ပေါ့  ၃လက္မ တို့  ၅ လက္မ တို့ သဘော...ရွတ်တာလဲ ပုဒိအာ ကိုပဲ ရွတ်တယ် ပုတီးစိတ်လဲ ပုဒိအာ ပဲ ။ မျက်နှာသစ်သွားလဲ ပုဒိအာ ရွတ်သစ်တာပဲ....စာမေးပွဲအတွက်သာဆိုတာ ပညာသဘောတွေအတွက် ကျယ်ကျယ်ပြန့် ပြန့် တွေးတော စီရင်လို့ ရတဲ့  တွင်ကျယ်တဲ့  ပုဒိအာ ပါ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..