Powered By Blogger

Monday, November 23, 2015

'''' အုန်းသီးယတြာ သဘော ပေါင်မုန့်  ငှက်ပျော်သီး ခေါစာ ...ကုန်းစာရေစာသဘော..လှူဒါန်း ပေးကမ်း စွန့် ကြဲ သဘော.....'''



'''' အုန်းသီးယတြာ သဘော ပေါင်မုန့်  ငှက်ပျော်သီး ခေါစာ ...ကုန်းစာရေစာသဘော..လှူဒါန်း ပေးကမ်း စွန့် ကြဲ သဘော.....'''
-----
ရေးပြီးသားလေး ..ပြန်လိုချင်တယ်ဆိုလို့ ...နဲနဲ မွမ်းမံပြီး...ငိငိ လိုက်တယ်....ငိငိ :P =D
---
အုန်းသီး ယတြာ အစက နှစ်ဆန်းတစ်ရက်နေ့ မှာ လုပ်တဲ့  ယတြာပါ မိသားစု တစ်စုလုံး တစ်ယောက်ချင်းကို ခြေမန်းကွင်းနဲ့ ဆောင်ပန်းနင်းကြမ်းရိုက် ခြေသည်းလက်သည်းဆံပင်တွေ စက္ကူနဲ့  တစ်ထုတ်စီထုတ် အုန်းသီးထဲ ထည့်  ချွတ်ချထားတဲ့ ခြေမန်းကွင်း ၁ကွင်းပါထည့်  ပြီး မိသားစု အားလုံးပြီးသွားတော့  အဲ့ အုန်းးသီးကို ရောမျှော ပွဲကတော့  မိသားစု ၁စု အတွက် စုပေါင်းပွဲ ၁ပွဲထွန်းပေးလိုက်တယ်ပေါ့  .....သင်္ကြန်စာတွေမှာ ပါတတ်တဲ့  နှစ်သစ်အကူးပြောင်းမှာ ဘာနေ့ သား ဘာယတြာလုပ်လိုက်ပါ တစ်နှစ်တာအတွက် ဘာညာ သဘောလိုပဲ နှစ်ဆန်း ၁ရက်နေ့ မှာ အုန်းသီးယတြာကို လုပ်လိုက်ရင် တစ်နှစ်တာ အတွင်း ဥပစ္စေဒကကံတို့  ကပ်သဘောတွေတို့ က ဘာညာပေါ့ ...အုန်းသီးယတြာဆိုတာ မိသားစု အသင်းအဖွဲ့  ဆိုတဲ့  မူလအခြာ တနင်္ဂနွေတိုင်စဉ်ကြီးက မူလအခြာတည်မြဲခိုင်ခန့် အောင်သဘောပေါ့ လေ....



ဒါပေမယ့်  အဲ့ အုန်းသီးယတြာကို နှစ်ဆန်း ၁ရက်တင်မကပဲ အင်္ဂါလို စနေလို သက်ရောက်တွေမှာ ကျမ္မာရေး နာတာရှည်ဖြစ်နေတာမျိုးတွေ ခဏခဏ ခြူခြာနေတာမျိုးတွေမှာတော့  န၀င်းပွဲလာထိုင်ရင် လိုအပ်တယ်လို့  စိတ်ကထင်လာရင် န၀င်းပွဲနဲ့ အတူ ထည့် လုပ်ပေးလို့ လည်း ရပါတယ် သဘောက နှစ်ဆန်း ၁ ရက် ယတြာ သဘောမဟုတ်တော့ ပဲ ကျမ္မာရေး အနေအထားကြည့် ပြီး အချိန်မရွေးထည့် လုပ်တယ်ပေါ့ ဗျာ...

နောက်ကြတော့  န၀င်းပွဲဖို့ မတတ်နိုင်လောက်တဲ့ သူတွေ န၀င်းပွဲယတြာဆိုတာ ရှိကြောင်းကို မပြောချင်ပဲ အလွယ်ယတြာကိုပဲ ပြောပေးလိုက်ချင်တဲ့ အခါ မျိုးတွေ အဝေးသမားတွေ အတွက် န၀င်းပွဲလွတ် ခြေမန်းကွင်းလွတ် ကိုယ်တိုင် လုပ်လို့ ရတဲ့  အုးသီးယတြာစတိုင်ကို တွေးပြီး ညွှန်ပေးလိုက်တယ်...လုပ်ပုံက ရိုးရိုးလေးပါပဲ...

ဆံပင်လက်သည်း ခြေသည်း စတိညှပ် စက္ကူနဲ့ တစ်ထုတ်ချင်း ခွဲထုတ်(သေးသေးကျစ်ကျစ်ထုတ် ) အုန်းသီး ထိပ်က မျက်စိ ၃ စိ အရာလေးက ပြော့ စိစိ ဖြစ်နေတဲ့  အပင်ထွက်ဖို့  အရာလေးကို ဓားဦးလေးနဲ့ ဖေါက် ပြားစေ့ လောက် အပေါက်လေးထဲ ဆံပင် လက်သည်း ခြေသည်း အစဉ်လိုက်ထည့် 
( အစီအစဉ်မကျလဲရတယ်) အရည်မသွန်နဲ့ ...ထည့် ပြီးရင် တစ်ခုခုနဲ့ အဲ့ အပေါက်လေးပြန်ပိတ် ကျွတ်ကျွတ်အိပ်ထဲထည့်  ရေမျှော (၀ါ) အမှိုက်ပုံပစ် ပေါ့ လေ
( အင်းကျီပေါသူဆို အင်းကျီဟောင်း တစ်ထည်ရော ပစ်၊ မပေါရင် အင်းကျီ မထည့် နဲ့ ပေါ့  ဒါက အုန်းသီးယတြာကို အလွယ် ၀မ်းဘိုင်ဝမ်း သဘောမှာ သုံးတာ....

ကျမ္မာရေး ညံ့ မှ ထ သုံးတာမျိုးဆိုပေမယ့်  စနေလိုသက်ရောက်တွေ မရဏ သက်ရောက်လို လအဆိုး လစိတ်အဆိုးတွေချိန်ပြီး တစ်လ တစ်လခွဲ စာ ကြိုလုပ်ထားလို့ လဲရတယ်...အုန်းသီးယတြာချည်းလဲ လုပ်လို့ ရသလို တစ်ခြား ကိုယ်စားပစ်ယတြာတွေနဲ့ လဲတွဲလို့ ရတယ်...အုန်းသီး ယတြာသဘောက အညံ့ ဓါတ်တွေကို ဖယ်တာမျိုးဖြစ်လို
ညအိပ် အိမ်ထဲ မထားပဲ နေ့ ချင်းစွန့် သဘောသွားတယ်
------------

နောက် ကုန်းစာရေစာ သဘော အလွယ်တွေက ပေါင်မုန့်  ၂ ချပ်ကြားမှာ ဆံပင်လက်သည်းခြေသည်းကို ဟမ်ဘာဂါလို ညှပ်ပြီး စက္ကူနဲ့ ပတ် အမှိုက်ပုံ ပစ်တာလဲ လုပ်လို့ ရတယ်

နောက် ဖီးကြမ်း ငှက်ပျော အမှည့်  ကို အခွံမခွာပဲ ဒေါင်လိုက် အလျားလိုက် ခွဲ ၊ ပြီးရင် ဆံပင် လက်သည်း ခြေသည်း ထုတ်တွေကို တစ်ထုတ်စီ ငှက်ပျော်သီးအသားထဲ ထိပ် လယ် အရင်း ဆံပင်ထုတ် လက်သည်း ခြေသည်း ထုတ်တွေ မြှုတ်ထည့်  ပြန်စိ အမှိုက်ပုံ ပစ် တာ ရေမျှောတာတွေ လုပ်ပေါ့ လေ...

ကုန်စာရေစာသဘောက မြေဖုတ် သဘော အောက်သတ္တ၀ါတွေကို ဒါနခန်းသဘောပါ ပါတယ်...သဘောက ထမင်းကျန်ဟင်းကျန် စွန့် တာတောင် ပုရွက်ဆိတ်တွေ စားပါစေဆိုတဲ့ စိတ်မွေးလိုက်ရင် အမှိုက်ပစ်တာတောင် အလှုမြောက်တဲ့  ဒါနခန်း ကုသိုလ် ရသွားတာမျိုး...ပြီးတော့  မြန်မာ့  ဓလေ့  အစဉ်အလာက ခေါပဒေါင်း ( ခေါပန်းတောင်း )နဲ့  ခေါစာပစ်တဲ့  ဓလေ့ ကို မြို့ နည်း မြို့ ဟန် ခေတ်သစ်ဟန်နဲ့  အသွင်ပြောင်းလုပ်တာနဲ့ သဘောတရားအတူတူပဲ...ခေါစာ အကြောင်းတော့  ရေးတော့ ပါဘူး တစ်ရွာတစ်ပုဒ်ဆန်းတွေ.. ကျနော်တို့  အမေတွေကတော့  ဆန်ကောနဲ့ ဘာညာတွေထည့်  နေ၀င်ရီတရော အိမ်နောက်ထွက် ချ ယောင်းမနဲ့ ဆန်ကော နံဘောင်ခေါက်ပြီး ကျွေးခဲ့ တာပဲ...ငိငိ :P =D 😁

နောက်တစ်နည်းက န၀င်းပွဲနဲ့ ထည့် သုံးတဲ့  နည်း ထမင်း ၇ ဆုပ် ပန်း ၇ ပွင့် နည်း...ဒါကိုလည်း ၀မ်းဘိုင်ဝမ်း အတွက် ချုပ်ချလိုက်တာက ဘာန၀င်းပွဲ ဘာခြေမန်းကွင်းမှ မပါပဲ ခြူခြာနေရင် ကံနိမ့် နေတယ်လို့  ကိုယ့် ဟာကိုယ် ထင်လာရင် လုပ်တာက ...

ကျွတ်ကျွတ်အိပ်ထဲ ထမင်း ၇ ဆုပ်ထည့်  ပန်း ၇ ဆုပ်ထည့်  ( ပန်းဆိုလို့  အကြီးကြီးတွေ တွေးမနေနဲ့  စပယ် ၇ ပွင့် လဲ ဖြစ်တယ် နှင်းဆီ ၇ ပွင့် လဲ ဖြစ်တယ် ပန်းဖြစ်ရင် ပြီးတာပဲ )
ဆံပင် လက်သည်းခြေသည်း ညှပ်ထည့် ပြီး အမှိုက်ပုံ ပစ်လဲရတယ်..( အထည်ပေါရင် ၀တ်ဟောင်းတစ်ထည် ထည့် ပစ်ပေါ့ )

ဒီသဘောတွေက အပယ်ဘုံသား ပရလောသား အောက် အတွက် သဘောတွေချည်းပဲ အဲ့  အောက်အတွက် သဘောဆိုတာလဲ ဒါနခန်း သုံးမျိုးကလာတာ...ဒါနခန်းမှာ ဘုံသဘော သီလသဘော ဂုဏ်ရည် သဘော လူနေမှု့ သဘော တွေ နဲ့  ဘ၀အဆင့်  သုံးမျိုးခွဲနိုင်တယ် အသုံးအနှုံးက
''' လှုဒန်း ပေးကမ်း စွန့် ကြဲ '''...ဆိုတဲ့  အသုံး...

ဘုရားအမှုးရှိတဲ့  ဘုန်းကြီးသီလရှင်တွေ မိဘtဒေါ်ဦးလေး ဆရာသမားတွေ သက်ကြီးဝါကြီးတွေ စသဖြင့်  ကိုယ့် ထက် သီလဂုဏ် ဘာညာတွေ မြင် သူကို သွားတဲ့ ဒါနခန်းက '' လှုဒါန်းတာ...ဥပမာ သောကြာသား ကျမ္မာရေး ညံ့ ရင် သစ်သီးဆွမ်း သီဟိုစေ့  ဘုရားကပ်တာက ဆရာသခင်တွေကို ငွေတွေ မုန့် ပုံးတွေ သွားကန်တော့တာမျိုး
''''လှုဒါန်း ဒါနပြုတာ....'

ကိုယ်နဲ့ စီးပွား ပညာ အလုပ် လူနေမှု့ ဘ၀အဆင့် အတန်း သဘော လယ်ဘယ် တန်းတူတွေကို ထမင်းလိုက်ကျွေးတာ အိမ်နီးနားချင်းတွေကို အစားအသောက်တွေ ဒါနခန်းအဖြစ် တစ်ခုခု ဝေတာ စသဖြင့် က '''ပေးကမ်းဒါန '''ပြုတာသဘော..

အိမ်ရှေ့ လာရပ်တဲ့  အလှုခံ ( သူဖုန်းစားတွေသဘော) ကိုတော့  ကိုယ့် အ၀တ်အစားတွေ ပေးလိုက်တာက စွန့် ကြဲဒါနခန်းသဘော....အဲ့  စွန့် ကြဲ ဒါနခန်းထဲမှာ အပေါ်က ရေး
ခဲ့ တဲ့  ကုန်းစာရေစာသဘောတွေ ပါပြီး ဘုရားပွဲ သာသနာပွဲ ဘိုးတော်ပွဲ ကိုယ့် နံတူ ဘုန်းကြီးကို သင်္ဃန်းကပ်တဲ့  သဘောတွေက လှုဒါန်းတဲ့ ဒါနခန်းထဲပါတယ်....

သဘောက ယတြာပညာတွေမှာ အဲ့ လိုတွေ ရှိတယ်ပေါ့ လေ ပြီးတော့  အဲ့ လို မျိုးနွယ် အယူ ဒေသ အသက် မရွေး လုပ်ဖို့ လွယ်တဲ့  အပေါ့ အပါးယတြာသဘောမျိုးတွေ အများဆိုင်ရာ သဘောတွေ အတွက်လည်း လိုအပ်တယ်ပေါ့ လေ


ဝဋ်နာ ကံနာ လို့ ထင်လာရင် ဆေးပေါင်းခလာရင် ( ပျောက်လွယ်သင့် တဲ့  ရောဂါက အရစ်ရှည်နေတယ်လို့ ထင်လာရင် ဘုရားကုတွဲ ကြည့် ရတဲ့ အကြောင်း ရေးခဲ့ ဖူးတယ်..သဘောက ဒူးနာက ဆေးဝါးလည်းကောင်းတယ် လူကလည်း အစားအသောက်အနေအထိုင် အားလုံးဆင်ခြင်ရဲ့ သားနဲ့  မပျောက် မပျောက် ဖြစ်နေရင်...
ဘုရားတစ်ဆူဆူသွား ဒူးခေါင်းတော်ကို ရွှေဆိုင်းတွေ ချ ပူဇော် ပြီး ဒူးနာရောဂါ ဆေးတွေါ့စေ ကုသလို့ ပျောက်လွယ်ပါစေ စသဖြင့် ဆုတောင်းပြီး ဆေးဆက်ကုတာမျိုး..
(  တစ်ခါတစ်လေ အဲ့ လိုယတြာက အကြိမ်ကြိမ် လုပ်ပြီးဆေးကုရတာလဲရှိတယ်...ကိုယ်တိုင်မလုပ်နိုင်ရင် မိသားစုကို ကိုယ်စားလွှတ်ပြီး ဝေဒနာရှင်ရဲ့ အမည်တွေ နေ့ နံတွေ ပြောဆုတောင်း ယတြာပြုစေတယ်)

တစ်ခါတစ်လေ အရေးကြီးတဲ့ ဆေးကုသချက်တွေ မပြုလုပ်ခင်လဲ ဘုရားကုကို အရင်လုပ်ပြီးမှ ကုတာမျိုးလုပ်တယ် ဟိုတလောကရေးတဲ့  မျက်စိ ကိုလေဆာနဲ့  မပစ်ခင်ဲဆီနဲ့ ဆီမီး ပူဇော်ဆုတောင်းပြီးမှ ဆေးရုံသွားကုတာမျိုးပေါ့ ...

ဒီသဘောတွေက လူမှာ ဖြစ်ပျက်နေသမျှ အရာအားလုံးမှာ သံသရာက ပါလာတဲ့  ကောင်းမှု့ ဆိုးမှု့ တွေက ပတ်ပတ်သက်သက် ဖြစ်နေတတ်လို့  ဒါကို ကြိုတင်ပြီး ကောင်းမှု့ တွေနဲ့ 
ကံမြှင့်  အကျိုးအားကို ဆွဲယူထားတဲ့ သဘောပါ

နောက်တစ်ချက်က ယတြာသဘောက ကံအကူ သဘောပါလို့ လဲ ယူထားတယ်ပေါ့ လေ....ဆိုလိုတာက ဥပမာ ယတြာကြောင့်  နိုင်ငံခြားရောက်တာမဟုတ်ပဲ နိုင်ငံခြား မြန်မြန်ရောက် တဲ့  ကံသေဘောလေး နီးစပ်သွားအောင် ကံ ရှိနေပေမယ့်  ပိတ်ဆို့ နေပုံရတဲ့ ကံ တံခါးတွေကို ပွင့် သွားအောင် ယတြာနဲ့  တွန်းပေးကြည့် တာသဘော...
နဂိုကကို ကံမရှိရင်တော့ လဲ တတ်နိုင်ဘူးပေါ့ လေ..ဒါပေမယ့်  နဂိုကကို ကံပါမပါက မှန်းဆရ ခက်နေတဲ့ အခါ ခက်တတ်လို့ ရယ် တစ်ချို့ က ယတြာတစ်ခုခု ရမှ လုပ်လိုက်ရမှ ကြိုက်နှစ်သက်တတ်လို့   ယတြာတော့  ကူကြည့် လိုက်တယ်ပေါ့ လေ..( အဲ့ လို  ယတြာ နဲ့  ကံ သတ္တိသဘောတွေကို  အပြန်ပြန်အလှန်လှန်တွေးဆရတာမျိုးပါ )

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..