မတွန့် စေရ နံတွဲ အရွက်အညွန့် တွေအစား အစားထိုး အကြံအဖန် အာဟာရ ယတြာ
-------------
ယတြာ သမိုင်းကြောင်း
--
ပြည်ပရောက်တွေ လုပ်ရ လွယ်အောင် အကာအကွယ်ယတြာအဖြစ် တွေးပြီး ပေးခဲ့ တဲ့  ယတြာပါ တစ်ပတ်မှာ မွေးနေ့  ၁ရက် မနက်ပိုင်းမှာ ဘုရားကို ရည်စူးပြီး ကပ်ပါပေါ့ လေ..
ဒီနေရာမှာ ဘုရားစင်ရှိခြင်းမရှိခြင်းဟာ ယတြာ အတွက် ပြဿနာ မဟုတ်ပါဘူး ယုံကြည်မှု့  နှလုံးသားရှိရင် ခုံလေး တစ်လုံးပေါ် တင် အာရုံပြုကပ်လို့ လဲ ဖြစ်တာပါပဲလို့  ပြောပေးလိုက်တတ်သလို....အလုပ်အတွက် အချိန်လုနေရတဲ့  သူတွေ များလို့  သီလကို တစ်ထိုင်ယူကြသလို တစ်ထိုင်ကပ်ထား အလုပ်သွားဖို့ ပြင်ဆင်ပြီးရင် ပြန်စွန့် နိုင်တယ်စွန့် ပြီးသား စားချင်စား မစားချင် အပြီးစွန့် ပေါ့ လို့ ပါ မှာပေးပ်ါတယ်....ပြည်ပ ရောက်တွေအတွက် စတွေးပေးခဲ့ ပေမယ့်  ကိုယ့် ကိုယ်ကိုယ် ဘာနေ့ သား လို့ သိရင် ဘယ်နေ့ သားမဆို ဒီ ယတြာကို လုပ်လို့ ရတာပါပဲ ယတြာရဲ့  အဓိက ပစ်မှတ်က ( အိုတွေ) အဖမ်းခံရတဲ့ ဘေးမျိုးတွေက ကြံဖန်ပြီး ကပ် လွတ်နေအောင်ပါ ..အန္တရာယ်ကင်းနိုင်သလောက် ကင်းပါစေတော့ ပေါ့  သက်ရောက်လစိတ်လဲ မရွေးပါဘူး..ရေရှည် အကျင့်  ရသွားသူတွေကတော့  ဘေးကင်းနေလေ့ ရှိတာ တွေ့ ရပါတယ်...
ပြီးတော့  မွေးနေ့  ၁ ရက်လို့  ပြောပေမယ့်  တကယ်က နေ့ တွေ အချိန်တွေ အကန့် အသတ်မရှိပါဘူး ကပ်ချင်တဲ့ ရက်ကပ် နေ့ စဉ်ကပ်ကပ် ၁ ပတ်အခါ လှုလှုပေါ့ ....အရွက်အညွန့်  ခက်ခဲလွန်းတဲ့  သူတွေအတွက် အဓိကထားတွေးပေးခဲ့ တဲ့ ယတြာပါ။..
----------------------------------------------
ယတြာ....
-----
တနင်္ဂနွေသားသမီးတွေဆို ......မြေပဲယို ပေါင်မုန့် ယိုသုတ် ဒိန်ချဉ် သီဟိုစေ့ တွေကို ဆားစတိဖြူး..ကပ်တာ ( မရမ်းရွက်၊ ဒါန်းကြီးညွန့်  ၊ သစ္စာပန်းအရွက်အစား သဘော)
တနင်္လာ..........သင်္ဘောသီး...ဆွမ်းအဖြူပေါ်အုန်းဆီစတိဆမ်း.....ရှောက်ယိုနဲနဲအပေါ် ထန်းလျက် တစ်လုံး တင်ကပ်တာ....( သပြေ၊ သြဇာ၊ ဒါန့် သလွန် အစား)...
အင်္ဂါ ......သီဟိုစေ့ တွေအပေါ် နို့ ဆမ်းကပ်တာ..ပေါင်မုန့် ၁ချပ်အပေါ် အုန်းသီး ဖြူး ကပ်တာ.(၀ါ) အုန်းသီးပေါင်မုန့်  ၁ (ဒါပဲ လုပ်ရအလွယ်ဆုံး)
ဟူး............မုန့် နှစ်နဲ့ ကြော်တဲ့ ကြက်သွန်ကြော် ၁ချပ် (၀ါ) ဆွမ်းအဖြူပေါ် လဘက်ကြက်သွန်ကြော် စတိဖြူးကပ်တာ..အုန်းထညက်...ဆွမ်းအပေါ် အုန်းနို ဆမ်း...ဘဲသားဆံပြုတ်..
ကြာတေး............နို့ တစ်ခံက်ထဲ ဆား စတိခတ်ပြီးကပ်တာ...ရေသန့် ဗူးထဲကရေနဲ့  သောက်တော်ရေကပ်တာ...၃မျိုးစပ် အကြော်စုံ ကပ်တာ
သောကြာ.............ပေါင်မုန့်  နို့ ဆမ်း ၁ချပ်....ဆွမ်းအဖြူပေါ် ဆီချက်ဆမ်းကပ်တာ...၀က်အူချောင်းကြော် စတိ ကပ်တာ...
စနေ..............သီဟိုစေ့ တွေအပေါ် အုန်းသီးဖြူးကပ်တာ...ပေါင်မုန့် မီးကင် ၁ချပ်...မန်ကျီး ဖျော်ရည် မန်ကျီးတော်ဖီတွေ ကပ်လှုတာ ( ဒါပဲလွယ်တယ်...)
-------------------
သဘောက မတွန့် စေရ အတွဲ ဒဲ့  မရရင် အတွဲဖြစ်အောင်တွေးပေးတဲ့  ယတြာပေါ့  ဥပမာ... စနေ အတွက် မာလကာရွက် မရတတ်လွန်းရင် မန်းကျီးဖျော်ရည် ကပ်ဆိုတာက ဒဲ့  မတွန့် စေရ အာဟာရ သဘော....
သောကြာ မှာ ပေးတဲ့  ပေါင်မုန့် နို့ ဆမ်း က ပိတောက် အစား ပေးတာ...ဒီနေရာမှာ....ကြာသာပတေးနံ ပေါင်မုန့် က အောက်ပစ္စည်း စနေနံ နို့ က အပေါ်နံ....ဒါ့်ကြောင့်  အောက်က အောက်နေရာ အပေါ်က အပေါ်နေရာနေ သဘောအဖြစ် ပေါင်မုန့် ကို အပေါ်ကနေ နို့ ဆမ်း ကပ်ပါလို့ တွေးပေးယတြာပေးတဲ့ သဘောပါ...ဒီ ယတြာကို ချဲ့ တွေးပြီး တစ်ခြားနေရာ ကိစ္စတွေမှာ ကာကု ယတြာ အဖြစ် သုံးလို့ လဲ ရနိုင်ပါသေးတယ်ဗျား..
------------------------
နောက်တစ်ချက်က အရွက်နဲ့ ပါ တစ်ပြိုက်နက်ထဲလဲ သုံးပါတယ် အရွက်ရရင်ပေါ့  ဥပမာ စနေသားသမီးတွေ အညံ့  ဖြစ်နေရင် မာလာကာ ၇ ရွက်လည်း လှုပါ မန်းကျီးဖျော်ရည် မာလာကာသီးတွေလဲ ဘုရားကပ်ပါ လို့ ယတြာပေးတာမျိုးပေါ့  ပိုပြီး အကာဖြစ်တယ်ပေါ့ 
ကျနော်တွေးခေါ်လုပ်နေတဲ့  ပေးနေတဲ့  ဗေဒင်နဲ့ ယတြာတွေ သဘောတွေရဲ့  ရာခိုင်နှုံး ၈၀ ၉၀ လောက် ( ၁၀၀လောက်တောင်ဖြစ်မလားမသိ..ငိငိ ) က လွယ်လွယ်နဲ့  မဆင်းရဲအောင် လွယ်လွယ်နဲ့  မသေအောင် အညံ့ ကြုံနေရင် အကယ်ခံရတဲ့  ကံမျိုးလေးတွေ မြန်မြန်ရလာအောင် သဘောကို အဓိက ပစ်မှတ်သဘော သွားနေတာပါ
အပြင်မှာလဲ ဒီသဘောတရားအတိုင်းပဲ ၁၀စုနှစ်တွေနဲ့ ချီပြီး လုပ်ခဲ့ တာ လုပ်နေဆဲ ဆက်လုပ်နေမယ့် သဘောပါ...သဘောက ချမ်းသာအောင် တွန်းပေးတဲ့ ယတြာမျိုးတွေ မပါသလောက် ပါပဲလို့ ဆိုလိုတာပါ ကိုယ်တိုင်လဲ ချမ်းသာအောင် တွန်းပေးတဲ့  ယတြာတွေ ပညာကစားကွက်တွေ မလုပ်ခဲ့ သလောက်ပါပဲ တစ်သက်တာ နေခဲ့ တဲ့ စတိုင်က စုတ်ပြတ်နေအောင် မွဲ မသွားရင် ရပြီ ဆိုတဲ့ စတိုင်နဲ့  စုတ်ပြတ်သွားနိုင်တဲ့ အကွက်တွေ မလုပ်မိအောင် ရှောင်ပြီး နေခဲ့ တာမျိုးပါဗျား...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..