နေရာတကာ ဂြိုလ်ပြဿနာ ချည်းပဲ မဟုတ်ဖူး လူ ပြဿနာလည်း ပါတယ်ဆိုတဲ့ အကြောင်း မေးသူ အချို့ ကို တစ်ခါတစ်လေ ဒဲ့ လွှတ်မိတာမျိုးရှိတယ်...
အဲ့  လူပြဿနာတွေအများကြီး ကြုံဖူးတဲ့ အထဲက ၁ ခုက သုည ကြာတေးသား ၁ ယောက်ပေါ့ လေ....မိဘက အလတ်တန်းစား..သမီး ၁ သား ၁ ၊ သမီးက နိုင်ငံခြားမှာ အလုပ်ဝင်နေတယ် မဆိုးဘူး မိဘကို ပြန်ထောက်ပံ့ နေတယ် ၊ အဲ့ သားက ၂၄ အထိက အလုပ်တွေ လုပ်တာ မိဘ ပိုက်ဆံလဲ အတော်လေး ပလုံသွားတယ် ( ကျောင်း က ကိုယ့် ဟာကိုယ်ပြီးသွားတယ်) အဖတ်တင်ကျန်ခဲ့ တာက အရက်...၊
၂၅ ရောက်တော့  ကြာသာပတေးသက်ရောက်ပေါ့  အလုပ်လုပ်ချင်တယ်ဆိုလို့  ယတြာပေးတယ် ရတယ် လုပ်တယ် ၃ လမခံဘူး ထွက်တယ် သူ့ အမေကပြန်လာတယ် အလုပ်သစ်အတွက် ထပ်ယတြာပေးတယ် ရပြန်တယ်...၆ လမခံဘူး ခေါင်းစဉ်တစ်ခုနဲ့ ထွက်ပြန်တယ် သူ့ အနေပြန်လာပြန်တယ်.....
အသက် ၂၈ အထိ အလုပ်ဝင်စို့ ထွက်စို့ လုပ်တာ ၅ ကြိမ် ယတြာပေးတိုင်းအလုပ်ရတာချည်းပဲ...ဒါပေမယ့်  ပေးရတဲ့ သူက ညစ်လာပြီး ကျနော်က သိနေတယ် ယတြာတန်ခိုးထက် ကြာသာပတေးတွေ အသက် ၂၅ကနေ အသက် ၂၉ တနင်္လာ သက်ရောက်အထိက သက်ရောက်ကောင်းနေချိန်ဖြစ်နေလို့  အလုပ်က ရလွယ်နေတာမှန်း...ဒါပေမယ့်  ဒီဘဲက လက်ကြောကိုမတင်းလို့ ဖြစ်နေတာ...
နောက်တော့  ကျနော်က ညစ်ညစ်နဲ့  ပြောချလိုက်တယ် သူ့ အမေကို အသက် ၂၉ အထိက ကောင်းကံလေးရှိနေလို့  အလုပ်က ရလွယ်နေမှာပဲ ဒါပေမယ့်  ဒီအချိုးအတိုင်းသွားရင် အသက် ၃၀ဖြတ်ရင် အလုပ်မပြောနဲ့  ဂျေးမအောင်းရရင်တောင် ကံကောင်းပဲ....( အင်္ဂါ မရဏဖြတ်ချိန် နဲ့  ရှပ်ထုနေတာကိုထောက်ထားလိုက်ပြီ)....အစ်မသား အလုပ်ဈာန်ရွေးနေတာ တကယ်က မငတ်သေးလို့  အစ်မတို့ က သူ့ ကို ထမင်းကျွေးထိုင်နိုင်သေးလို့ ဗျ...တစ်ချို့  ဘ၀တွေများ အလုပ်အမျိုးအစားတောင် ရွေးချိန်မရဘူး လုပ်နေကြရတာ...လို့  ပြောချလိုက်ရောဗျာ....ဟီးးး..။
အခု အဲ့  ဘဲ အသက် ၃၀ ၀င်သွားပြီ သူ့ အမေလဲ သူ့ သား အသက် ၂၉ မှာ ပြောလွှတ်လိုက်ကတည်းက ထပ် လာတော့ ပုစ်...နားကို အေးသွားရော...ဟီးဟီး...
ဂြိုလ်နဲ့  လူ ပြောင်းပြန် သဘောတရားကို တင်စားတာ ရှိတယ် သက်ရောက်ကောင်းချိန်မှာ ဟေး ဟား ၀ါး နဲ့  ဖရီးရိုက်နေပြီးမှ ဆိုးပါပြီဆိုတဲ့  သက်ရောက်ကြမှ ထ စွန့် စာရတာနဲ့  ဆိုင်ထောင်ချင်ရတာ ချမ်းသာချင်ရတာ နဲ့  လို့ ....ဆရာသခင်တွေက ဆိုတယ်..( နော်ဆိုတာ ဟုတ်ပုစ်.....ငိငိ ..)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..