Powered By Blogger
Thursday, July 23, 2015
'' အဖေ....''
'' အဖေ....''
--------------
နေ့ လည်လောက်ကတည်းက အဖေရဲ့ အထိအတွေ့ တွေက ပြန်တုန့် ပြန်မှု့ မရှိတော့ ဘူး...ကုတင်ပေါ်မှာ မျက်လွှာလေးချလို့ ..ပက်လက်အနေအထားနဲ့  လက်နှစ်ဖက်ဘေးချတန်းလို့ 
စန့် စန့် လေး မလှုပ်မယှက်နဲ့ ပေါ့ ....ကျနော်ကတော့  အဖေ့ ခြေရင်းမှာ ကုတင်ပေါ်တက် ငုတ်တုတ်လေးထိုင် အဖေ့ ရဲ့  ရင်ဘတ်ကလေးကိုသာ မမှိတ်မသုန် စိုက်ကြည့် နေခဲ့ တယ်
ရောက်လာပြီး နားကျပ်တပ် လက်နှိပ်ဓါတ်မီး ထုတ်ပြီး အဖေ့ ရဲ့  မျက်ခွံလွှာလေးကို လှန် ဓာတ်မီးနဲ့  တစ်ချက်နှစ်ချက်ဝိုက်ထိုးကြည့်  နားကျပ်နဲ့ အဖေ့ ရင်ဘတ်ထောက် နဲနဲစမ်းပြီး.
...''' အချိန်နဲနဲတော့ လိုသေးတယ် ''' '''မျက်လုံးကတော့ တုန့် ပြန်မှု့ မရှိတော့ ဘူး သူငယ်အိမ်ကတော့  ကျယ်စပြုလာပြီ.'''.လို့  ကျနော့် ကို လှန်းပြောလိုက်တာ့  ဟုတ်ဗျာ...ညနေကျရင်တစ်ချက်...လို့ ပဲ ပြန်ပြောလိုက်နိုင်တော့ တယ် ရင်ထဲမှာ စို့ တက်လာချက်က အသံအိမ် တစ်ခုလုံး အသံဓါတ် ခြောက်ခမ်းသွားသလိုပါပဲ ဘာသံမှ ဆက်ထွက်မလာတော့ ဘူး..
သူငယ်ချင်း သူ့ အခန်းပြန်သွားပေမယ့်  အဖေ့ ရဲ ခြေရင်းလေးမှာ ငုတ်တုတ်လေးဆက်ထိုင်မိနေရင်း ကျနော့် လက်တွေက အဖေ့ ခြေသားလုံးသားလေးတွကို ကယောင်ကတမ်းနဲ လျှောက်နှိပ်ပေးနေမိတယ်. .......အဖေ တကယ်သွားတော့ မယ်ပေါ့ ...
..အဖေ့ ရဲ့ ထူးထူးခြားခြား တည်ကြည် ငြိမ်သက်ေနတဲ့  မျက်နှာလေးက နှာခေါင်းဝကို ငေးကြည့် နေရင်း စိတ်အာရုံထဲမှာတော့  အဖေ ရှင်သန်တက်ကြွနေတုန်းက ပုံရိပ်တွေ အလှုတုန်းကပုံရိပ်တွေ ဟိုတစ်စ ဒီတစ်စ သွားမြင်ယောင်မိနေတယ်..အဖေပါခွဲသွားပြီဆိုတော့  ငါတို့ မောင်နှမတွေပဲ ကျန်ခဲ့ ပြီပေါ့  ကိုယ့် ဘ၀ခရီးကို ကိုယ့် ဟာကိုယ်ဆက်သွားရတော့ မှာပေါ့ လိုလဲ အတွေးထဲ တစ်ချက်တစ်ချက်ဝင်လာတယ်
အနားမှာတော့  ညီလုပ်သူက နာရေး အတွက် စီစဉ်စရာရှိတာတွေ သူ့ ဘော်ဒါတွေဆီ ကွန်တက်လုပ်ရင်း ၀င်လာလိုက် တစ်ချက်ကြည့် လိုက် ပြန်ထွက်သွားလိုက်ဖြစ်နေပြီ အစ်မနဲ့ ညီမတွေကတော့  မျက်လုံးအိမ်တွေ ရဲစပြုလာပြီ...ညနေစောင်းနာရီတွေကလည်း တစ်စတစ်စ ဆုတ်လာခဲ့ ပြီ..နေညိုလာခဲ့ ပြီပေါ့ လေ...
နှာခေါင်းဝကို လက်ညှိုးလေးခံကြည့် နေလိုက် ရင်ဘတ်ကလေးကို စိုက်ကြည့် နေလိုက် လည်တိုင်ဘေးက သွေးကြောမကိုစမ်းကြည့် လိုက် ကျောကပ်ဆေးသက်ကြာလို့ အညိုအမဲတွေစွဲ သိမ် သလိုလို တောင်ဖြစ်လာချင်နေတဲ့ လက်ဖျံက သွေးပြန်ကြောလေးကိုဖိစမ်းကြည့် လိုက်နဲ့ လုပ်နေမိတုန်း ကုတင်ဘေးမှာတော့  အိမ်သားတွေ တစ်ယောက်ပြီးတစ်ယောက် ၀ိုင်းလာခဲ့ ပြီ ရှိုက်သံ သဲ့ သဲ့ ကြားစပြုလာခဲ့ ပြီ
''' သွားခေါ်လိုက်တော့ ကွာ ပြီးသွားပြီနဲ့ တူတယ် ခြေထောက်တွေက သိပ်အေးနေပြီ လက်က သွေးစမ်းမရတော့ ဘူး '' လို့  ၀ဲတက်လာနေတဲ့ မျက်ရည်တွေကြောင့် ဘယ်သူ့ ကိုမှန်းမသိတော့ ဘူး ပါးစပ်က အက်ကွဲကွဲအသံနဲ့ လှမ်းပြောလိုက်တော့  သူငယ်ချင်းဆရာဝန်ရောက်လာတော့ တယ်....သူ့ လက်ထဲမှာ ဓာတ်မီးတစ်ချောင်းပဲပါတော့ တယ်  ရောက်ရောက်ချင်းပဲ ကုတင်ခေါင်းရင်းနားကပ် မျက်ခွံကို အသာလှန်ကြည့် လိုက်တော့ သူငယ်အိမ်က ကျယ်နေပုံက ဂိတ်ဆုံးခဲ့ ပြီပေါ့ ..
''' ဆေးစားလာယူခိုင်းလိုက်ကွာ.'''...တဲ့ ...ပြန်မော့ မကြည့် နိုင်ခဲ့ တော့ ဘူး  အဖေ့ မျက်နှာလေးကို ဆက်ပြီးစိုက်ကြည့် နေမိရင်းက.....''.အဖေ.''.....'' ဒီတစ်ခါတော့  ကျနော်တို့ မောင်နှမတွေနဲ့ အပြီး ခွဲသွားခဲ့ ပြီပေါ့ လေ.
...လမ်းမဘက်မှာတော့  နေ့ တာဝင်လို့  လောကကို လွှမ်းခြုံလာတဲ့  အမှောင်ထုရဲ့ အောက်မှာ. .......မိုးကြီးစုန်းစုန်းချုပ်ခဲ့ ပြီ အဖေ...'''
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..