Powered By Blogger
Tuesday, July 21, 2015
တကယ့် ကို နွမ်းလျအိမ်အပြန် တွေပါပဲလားလေ...
တကယ့် ကို နွမ်းလျအိမ်အပြန် တွေပါပဲလားလေ...
-----------------
တကယ်က ဒီနေ့ ပလန်က အရုပ်ဆိုင်အလှည်  မဟုတ်သေးဘူး.. စပိုင်ကင်မရာဘောပင်တွေလို တိုလီမိုလီပစ္စည်းထူးဆန်းလေးတွေ ရောင်းတဲ့ ဆိုင်ကို
အိဒ်နေ့ မို့ ပါဆြာ..တဲ့ ...ဟားး.သေဟ.အိုင်ပက်ပွတ်ကြီး..အဲ့ မှာ ကြားဖြတ်စစ်ဆင်ရေး လုပ် ပလန်ဘီထလုပ်ပြီး အရုပ်ဆိုင်တွေဘက် ဒိုးကြတော့ တာ...
ဒိုးတော့  လူဂုဏ်ထံတွေဆိုလား ဘာထန်တွေဆိုလား အဲ့ လို ခြံကြီးမဟာရပ်ကွက်ကြီးလမ်းကြိုလမ်းသွယ်တွေကြားကနေလျှောက်ပတ်တာ...
လမ်းတစ်လျှောက်ဗျာ.အဲ့ ခြံတွေဝင်းတွေရှေ့ မှာပေါ့ ဆိုင်တန်းလေးတွေ ဆိုတာ မပြတ်သလောက်ပဲ...ပြီးတော့ အမှိုက်ပုံတွေဆိုတာလဲ အသေးတစ်ပုံ အကြီးတစ်ပုံနဲ့ ဆက်နေတာ မနဲဘူး..အဲ့ ရပ်ကွက်တွေထဲဖြတ်သွားရင်းက ကျနော်တို့  ဒေါင်းတောင်း လမ်းတွေ လမ်းကြားတွေကမှ သူတို့ တွေထက်တောင် ပိုသန့် ရှင်းနေသေးလားတောင်ထင်ရတယ်..
အခု သွားတဲ့ ဖက်ကို... မရောက်တာ တော်တော်ကြာခဲ့ ပြီလေ. ...မြင်ကွင်းတစ်လျှောက်ကတော့  အုပ်ခဲတွေကို ပုပုရှည်ရှည်တွေ ၀၀ ပိန်ပိန်တွေနဲ့ 
 ဒီဇိုင်းမျိုးစုံ အုပ်ပုံစီပြီးနေကြတဲ့ အိမ်တွေ နဲ့   အဲ့ အိမ်တွေ ရဲ့ မျက်နှာစာတိုင်းမှာ ဆိုင်းဘုတ်တွေ တန်းစီတင်ထားတဲ့ ဆိုင်တွေက တစ်မြို့ လုံး ဈေးသည်တွေချည်း
လိုလိုပါပဲလား  တစ်ခုခုတော့  ရောင်းစားနေကြရတာပါပဲလား...လို့  ခံစားမိသွားသလို.....
 ဟိုဟိုဒီဒီ သွားနေတဲ့ လူတွေနဲ့  အဲ့ လူတွေရဲ့  မျက်နှာတွေ လှုပ်ရှားနေတဲ့ ဟန်အမူရာတွေ ကတော့  အနာဂတ်မဲ့ နေသလိုလို  မပြုံးတတ်တော့ တဲ့ 
မျက်နှာတွေလိုလို.... မူလ ၀ိဥာဉ် မပါတော့ ပဲ သံပတ်ပေးထားတဲ့ အတိုင်း သွားနေတဲ့  သံချေးကိုက်..စက်ရုပ်လေးတွေလိုလို နဲ့  သူတို့ မျက်နှာလေးတွေမှာ...
ဘ၀အမောတွေ သိသိသာသာတွေ့ နေရတဲ့ ပုံတွေ အများစုက......တကယ့် ကို နွမ်းလျအိမ်အပြန် တွေပါပဲလားလေ.....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..