Powered By Blogger

Tuesday, July 21, 2015

ဖိနပ်တွေ

ဖိနပ်တွေ...
-----------------
ကြောင်ကို သနားတတ်သူ အဖို့ 
ကြောင်ဟာ ကြောင်ဖြစ်နေတာနဲ့ တင် သနားဖို့ လုံလောက်ခဲ့ ပြီ
ကြောင်ထီးလား ကြောင်မလား အရေးမကြီးတော့ ..

ဗင်းဆင့် ရဲ့ နေကြာလား မခံစားတတ်ဘူး
သီချင်းထဲက နေကြာလား ကျန်ခဲ့ ပြီ
စိုက်ခင်းထဲက နေကြာလား မကိုင်ဘူးဘူး
ဆိုဖီယာလောရင့် စ့် ရဲ့ နေကြာကိုတော့ စွဲလမ်းခဲ့ ဘူးတယ်
ချစ်သူ ခွာပေးတဲ့ နေကြာစေ့ တွေကိုတော့  မက်မက်စက်စက် စားခဲ့ ဘူးတယ်
ဖိနပ်တော့ မစားခဲ့ ဘူးပါဘူး...

ဘုရားသမိုင်းထဲက ဖိနပ်
အနောက်ကမ္ဘာကဖိနပ်
အာရပ်ကမ္ဘာကဖိနပ်
လွှတ်တော်တွေထဲက လေ၀ဲဖိနပ်
သမ္မတမိန့် ခွန်းစင်က လေပျံ ဖိနပ်
တွယ်ချိတ်ထိုးစီးကြတဲ့ ဆင်ကြယ်ဖိနပ်
ချစ်သူ့ ခြေဖ၀ါးနုနုလေးရဲ့  ကတ္တီပါဖိနပ်
အရေးအခင်းတွေက ဖိနပ်
ငွေကြာရံက ဖိနပ်
ပစ်သတ်ပွဲတွေကဖိနပ်
အာဏာရှင်တွေရဲ့ ဖိနပ်
မဒမ်မာကိုစ့် ရဲ့ ဖိနပ်
တော်လှန်သူတွေရဲ့ ဖိနပ်
ချိုင်းထောက်တွေရဲ့ ဖိနပ်
ခြေတုစာအုပ်ဆရာတွေရဲ့ ဖိနပ်
ကုန်ထမ်းသူတွေရဲ့ ခါးကြားကဖိနပ်
နာဂစ်ကဖိနပ်
မိဘမဲ့ ကျောင်းတွေကဖိနပ်
ထီးတင်ပွဲကတ္တီပါလမ်းပေါ်ကဖိနပ်
တောင်သူမကြီး ဒေါ်ခင်ဝင်းရဲ့ ဖိနပ်
ဒဿနစာရေးဆရာရဲ့ ကဖ်ကာရဲ့ ဖိနပ်..
ဖွရွာထဲက ဖိနပ်
ဖိနပ် ဖိနပ် ဖိနပ်တွေ ဖိနပ်တွေ..ဖိနပ်အကြောင်းတွေ.
--- --- ---- ----
ဖိနပ်ကိုတော့  မစားခဲ့ ဘူးပါဘူး...။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..