Powered By Blogger

Tuesday, July 21, 2015

လောကဓံဗေဒင်+ န၀င်းပွဲအကြောင်း

လောကဓံဗေဒင်+ န၀င်းပွဲအကြောင်း
-----------------
ပထမဆုံးအချက်က ကျနော်တို့ ရဲ့  ဒီဗေဒင်နည်းရဲ့  သင်ဆရာဟာ ဆရာဦးလင်းအောင် (့ ဝိဇ္ဇာနည်းကျမြန်မာ့ ဗေဒင်) နဲ့  ဆရာကြီး ဦးကြာမြင့်  (ဗေဒင်အချုပ်မဟာဘုတ်နိဒါန်း) နှစ်ယောက်သာဖြစ်တယ်  ဆရာဦးလင်းအောင်ကို ဆရာလို့ ခေါ်ပြီး ဆရာကြီးဦးကြာမြင့် ကို ဆရာကြီးလို့ သာ တစ်သက်တာခေါ်ပါတယ် အမည်ကိုတောင် မလွှဲသာမှ ထည့် ခေါ်ပါတယ်



ကျနော်တို့  ဒီ လောကဓံဗေဒင်ကို ဆရာ့ ဆီမှာ စသင်တုန်းက ပထမပိုင်းမှာ ခက်နေတယ်...ခက်နေရတဲ့ အကြောင်းက အရင်က စာပေတွေကနေ မှတ်ထားတဲ့ သဘောတရားတွေ နဲ့ ခံ ခံပြီး တွေးနေမိတာက ဒီလောကဓံဗေဒင်သဘောကို သိဖို့  ဟန့် ထားခံရသလို ဖြစ်နေတာ ကိုယ့် ဟာကိုယ် သတိထားမိလာတယ်

ဒါနဲ့  အရင်စာပေလာသဘောတွေကို ခဏခေါက်ထား အတွေးထဲက ရှင်းထုတ်လိုက်ပြီး ဒါကိုပဲဒီလမ်းကြောင်းကပဲ တစ်စိုက်မတ်မတ်တွေးတော သင်ယူလိုက်တော့ မှ ဒီဗေဒင်ရဲ့  ချဉ်းကပ်ပုံတွေကို ရလာတော့ တယ်...

နောက်မှ စာပေလာ ဗေဒင်တွေ ကြားဖူးနားဝတွေကို ပြန်ပြီး လိုရာဆွဲသုံး ပူးကပ်တွေးခေါ်သုံးတွေ လုပ်ကြည့် တာမျိုးပဲ...ဒီလောကဓံဗေဒင်နဲ့ တွဲသုံးလို့ ရရင်သုံးတယ် တွဲရခက်တာဆို ထားပစ်ခဲ့ တယ်...မမှန်လို့ မှန်လို့  ထားပစ်ခဲ့ တာမျိုးထက် ကိုယ့် အတွက် အသုံးမတည့် လို့ ထားပစ်ခဲ့ တာမျိုးပဲ

အစတွေကို လိုက်နေတာမျိုးမဟုတ်ပဲ လက်တွေ့ လူ့ ဘ၀သက်တန်းတိုလေးမှာ အသုံးမြန်မြန်တည့် သွားဖို့ သာ အဓိက ပစ်မှတ်ထားသုံးခဲ့ တယ်. အစ လိုက်ချင်သူက အစတွေလိုက်ပေါ့ လေ သဘောပေါ့ ..

နောက်တစ်ချက်က အခု ကျနော် ထွန်းနေ သုံးနေတဲ့  န၀င်းပွဲပြင်ဆင်ပုံစတိုင်တွေက ဆရာဦးလင်းအောင်ဆီကသာ တိုက်ရိုက် သင်ယူလာတာဖြစ်တယ် ဆရာကြီးဆီက န၀င်းပွဲပြင်ပုံ တိုက်ရိုက် မသင်ယူခဲ့ ဘူးဘူး အရွက်တွေ ရိုက်ပုံကိုတောင် ဆရာကြီးဆီက တိုက်ရိုက် မသင်ယူခဲ့ ဘူးဘူး...န၀င်းပွဲတွေကို ဆရာကြီးအိမ်မှာ ထွန်းတာမျိုးသာ တွေ့ ဘူးခဲ့ တယ် ဆရာဦးလင်းအောင်က ဒီန၀င်းပွဲပညာကို ဆရာကြီးဆီက ယူလာတာလို့ သာ သိခဲ့ တယ်....

ဒီသဘောအရ ဒဲ့ ပြောရရင် ဒီန၀င်းပွဲထွန်းတဲ့  စတိုင်ရဲ့ အစဟာ ဆရာကြီးဆီက စလာခြင်းလို့ သာ ကျနော်တို့ ကိုယ်တွေ့ မျက်မြင်အရပြောနိုင်တယ် ဆရာကြီး မတိုင်ခင်က ဒီန၀င်းပွဲ ထွန်းထဲ့ စတိုင် ပေါ်နေပြီလား မပေါ်သေးဘူးလား ကျနော်တို့ မသိဘူး သိအောင်လဲ မကြိုးစားဘူး နောင်လဲကြိုးစားမှာမဟုတ်ဖူး န၀င်းပွဲအစဟာ ဘယ်ကစသလဲဆိုတာကိုလဲ စိတ်မ၀င်စားဘူး...

ကျနော်တို့  သိတာက ဒီန၀င်းပွဲစတိုင်ဟာ ဆရာကြီးဆီက စထွက်လာတာဖြစ်တယ် ဆရာကြီးမတိုင်ခင်က န၀င်းပွဲပြင်ပုံစတိုင် ရှိတယ်လို့ လည်း မကြားဖူးဘူး တွေ့ လည်း မတွေ့ ဘူးခဲ့ ဘူး ဒါ ကျနော်တို့  သိတာ ဒါပဲဖြစ်တယ်..ကိုယ်တွေ့ သိတာထက် ပိုမပြောနိုင်ဘူး..အကယ်၍ ဆရာကြီး မတိုင်ခင်ကတည်းက ဒီန၀င်းပွဲမီးထွန်းပုံ စတိုင် ရှိနေပါပြီဆိုရင်လည်း ဒါဟာ ကျနော်တို့ နဲ့ မဆိုင် ဆရာကြီးရဲ့ ကျန်ရစ်သူမိသားစုတွေနဲ့ သာဆိုင်လိမ့် မယ်...ကျနော်တို့ ကတော့  ဒီန၀င်းပွဲ မီးထွန်းတဲ့ စတိုင်ဟာ ဆရာနဲ့ ဆရာကြီးဆီက ရ ခဲ့ တာသာ ဖြစ်တယ်လို့  မေးလာသူရှိရင် ရဲရဲဖြေမှာပဲဖြစ်တယ်

မေးလာသူမရှိရင်တော့ မဖြေပါ  မေးလာသူရှိတိုင်းလဲ ဖြေချင်စိတ်ပေါက်မှ ဖြေမှာပဲဖြစ်တယ် ..ဒီနေ့ အထိတော့  ယတြာလာလုပ်သူတွေအများကြီးမှာ ဒီ န၀င်းပွဲယတြာက ဘယ့်သူ့ ပညာလဲလို့  အမေး မခံရသလောက်ပဲ သူတို့ သိတာ ဒီယတြာလုပ်ရင် ကောင်းတာ များတယ် ဒါကြောင့်  ပွဲလာထိုင်တယ် ပိုက်ဆံပေးတယ် ပြီးရင်ပြန်တယ် ဒီလောက်ပါပဲ ဘယ်သူမှ န၀င်းပွဲက ဘာညာနဲ့  လျှာရှည် မနေတာများပါတယ် .....

ကျနော်တို့ စိတ်ဝင်စားတာ ကျနော်တို့  ပစ်မှတ်ထားတာက ကျနော်တို့ နဲ့ ကံဆုံတဲ့  သူတွေရဲ့  အခက်အခဲတွေ ဘ၀ပြဿနာတွေကို အကောင်းဆုံး ဖြစ်အောင် ဘယ်လိုကူညီရမလဲဆိုတာ အဓိက ပစ်မှတ်ဖြစ်တယ် ကျနော်တို့  အမည်နာမတွေ လူသိများဖို့ ထက်  ကျနော်တို့ နဲ့ ဆုံတဲ့ သူတွေ ဥပမာ တစ်ယောက်ပဲဖြစ်စေ ဒီထက် ပိုသာတဲ့ ပရိတ်သတ်ပဲဖြစ်စေ သူတို့ တွေ ရဲ့  အကျပ်အတည်းတွေကို သက်သာခွင့်  လွတ်မြောက်ခွင့် ရစေဖို့ ကူပေးနိုင်သမျှကူပေးလိုက်ဖို့ သာလိုရင်း ပစ်မှတ်သဘောလို့ သာ အာရုံရှိတယ်....

ဒိ့ အတွက် န၀င်းပွဲ ယတြာလုပ်ပေးသူနဲ့ အလုပ်ခံသူကြားက အပေးအယူသဘော အခကြေးငွေသဘောက  ကျနော်တို့ နဲ့  ကျနော်တို့ နဲ့  ကံဆုံသူတွေကြားက ကိစ္စသာဖြစ်တယ် ဘေးလူတွေ ကိစ္စ မဟုတ်ဘူးလို့ ယူတယ် ဘေးလူတွေရဲ့  သုံးသပ်ချက်တွေဟာ ဘေးလူတွေရဲ့ သုံးသပ်ချက်ပဲဖြစ်တယ် အဲ့ ဒီ့ ဘေးလူတွေရဲ့  သုံးသပ်ချက်တွေကို အရေးတယူ လုပ်ပြီး ပြန်ရှင်းနေလေ့ မရှိဘူး ကိုယ့် လမ်း ကိုယ်လျှောက် ကိုယ့် ကုသိုလ် အကုသိုလ်တွေကိုသာ တွေးဆပြီး ကိုယ့် လမ်း ကိုယ်လျှောက်တယ်။   ကျနော်တို့  အမြဲ ဆင်ခြင်သုံးသပ်သွားတာက ကျနော်တို့ နဲ့  ကျနော်တို့ နဲ့ ကံဆုံသူတွေကြားက အပြန်အလှန်ဆက်ဆံရေးသဘောတရားကိုသာ ဆင်ခြင်သုံးသပ်တယ်...။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..