'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, July 21, 2015
ယတြာဆိုတာ
ယတြာဆိုတာ အကျပ်အတည်းတစ်ခုခုဆိုက်ရောက်လာမှ လိုအပ်ချက်ရှိမှ ထ ထလုပ်တာမျိုးများတယ်...
ပြီးတော့  ကိုယ်နဲ့ တိုက်ရိုက် သက်ဆိုင်တယ်ထင်မှ လုပ်မိတာလည်း များတယ်
ကိုယ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့  ယတြာမျိုးပေမယ့်  ကိုယ့် အတွက် မလိုအပ်သေးဘူးထင်ရင်
ကိုယ့် မှာ အကျပ်အတည်းတစ်စုံရာ ရှိတယ်လို့  မခံစားမိသေးရင် ယတြာနည်းသိပေမယ့် 
ဗဟုသုတအဆင့် မှာ ထားပြီး ယတြာမလုပ်ဖြစ်တတ်ပြန်ဘူး
ဥပမာ စာအုပ် တွေ အရောင်းသွက်စေချင်ရင် သြဇာကိုင်းနဲ့ ဖြစ်စေ သြဇာကိုင်း အဖျားမှာ အုံးဆီ စတိစွတ်၍ဖြစ်စေ စာအုပ်ပုံတွေကို မကြာခဏ လိုက်ရိုက်ပုတ်ပေးပါလေ...ဆိုတဲ့ ယတြာ ဓါတ်ရိုက် နည်းကို စာလည်းဖတ်တဲ့  ယတြာဓါတ်ရိုက်တာကိုလည်း စိတ်ဝင်စား ၀ါသနာ ပါပါတယ်ဆိုတဲ့ 
စာအုပ်ရောင်းသူ အတော်များများ ဖတ်ဖူး သိဖူးပေမယ့်  ဘယ်နှစ်ခါများ စာအုပ်ပုံတွေကို သြဇာကိုင်းနဲ့  ရိုက်ဖူးခဲ့ ကြသလဲ လို့ တွေးစရာ ရှိတာမျိုးပေါ့ 
အဲ...ကိုယ့် အတွက်သာ ကိုယ်မေ့နေကောင်းချင်မေ့ နေကောင်းမယ် သူများအတွက်တော့  ညွှန်ပြတတ်ပြန်တာမျိုးကလည်း အံ့ စရာ ချစ်စရာ
လူ့ သဘော မနောတစ်မျိုးလေးပါပဲ.......။..
သဘောကတော့  ပုံမှန်အနေအထားတွေမှာ
ယတြာတွေ ဓါတ်ရိုက်နည်းဆိုတာတွေကို
သတိတောင်ရလေ့ မရှိပါဘူးသဘော.
..တစ်ခြားသော တစ်ချို့ သောကိစ္စတွေ
အတော်များများမှာလဲ ဒီသဘောတွေ့ နိုင်တယ်....
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..