Powered By Blogger

Tuesday, July 21, 2015

၎ကြွင်းတနင်္ဂနွေသား

အသက် ၅၀ထဲရောက်နေတဲ့  ၄ကြွင်းတနင်္ဂနွေသားအတွက်လာကြည့် တာ....( အမေးအဖြေအစအဆုံးက..)
မေး...( ဘယ်သူ့ အတွက်လဲဗျ...)
ဖြေ..( တနင်္ဂနွေသား အတွက်ပါရှင့်  ကျမ္မာရေးအတွက် ၂လပိုင်း ၆၆ မွေးပါ)
( မဟာဘုတ်ကောက်ခြစ်...တောက်တောက်တောက်...လစိတ်က..ဗုဒ္ဓဟူး..( တွက်နေရင်း ပါးစပ်ဆော့ လိုက်၏=='' ဆေးရုံ မရောက်သေးဘူးလားဗျ '')
ပြန်ဖြေ=..ဟုတ် အခု ဆေးရုံမှာ....
ဘယ်နေ့ ကလဲရောက်သွားတာလဲဗျ...ဆရာဝန်ကဘာခေါင်းစဉ်တပ်ထားလဲဗျ...
စနေနေ့ က  မောတယ်ဆိုလို့  သွေးတိုးရော ဆီးချိုရောရှိတယ် အဲ့ ဒါ ဘာယတြာလေးလုပ်ပေးရမလဲလို့ ..
----------
ယတြာပေးလိုက်၏....ဗေဒင်တွက် ယတြာကိစ္စပြီး၏...
---------
ဒီကိစ္စမှာ..ကံကြမ္မာ အလုပ်လုပ်သွားပုံက  လစိတ်အားက ဆေးရုံကို ပို့ လိုက်တာမျိုးက သိသာနေတယ်..(နဂိုအခံ ကျမ္မာရေးက လစိတ်မကောင်းရင် ထဖေါက်တတ်တဲ့ သဘော)  တနင်္လာသက်ရောက်ကောင်းဆိုပေမယ့်  တနင်္ဂနွေသားဟာ သုံးတန်ပေါ်နိစ္စအရ  ပြခွင်မှာ  ခွင်လွှဲတိုင်ထူရင် ပြခွင်ကို
ဘေးတိုက်လာပူးတာက ကောဇာမဟာဘုတ်ရဲ့  မရဏအိမ်က တနင်္ဂနွေ နံပေါ့ လေ..ဒီလို ကိုယ့် မွေးနံကို ကောဇာ မရဏလာပူးရင် အဆင်ပြေသလို အရစ်ခံရတတ်တဲ့ သဘောရှိတယ်..( ဒါတွေက နောက်မှပြန်တွက်ပြတာပါ)...ဗေဒင်မေးသူနဲ့  တွက်ပေးသူက လိုတိုရှင်း အပေါ်က စကားလုံးလေးတွေနဲ့ တင်ပြီးသွားတာပါ...ပြောချင်တာက သက်ရောက်တွေက ကောင်းနေသားပဲဆိုပြီး...လစိတ်တွေကို လျှော့ တွက်လို့ မရဘူးသဘောပါ အကြီးအကျယ် မဖျက်ဆီးတတ်ပေမယ့်  အာရုံတော့ နောက်တယ်ပေါ့ 

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..