Powered By Blogger

Tuesday, July 21, 2015

ဘ၀ဖြစ်တည်မှု့ တွေမှာ

၃၈ ဖြာ မင်္ဂလာက  ပထမဆုံး အရေးအကြီးဆုံးဖြစ်တဲ့  ဘ၀ကြီးတစ်ခုလုံးရဲ့  ဖြစ်တည်မှု့  တွေးခေါ်မှု့ တွေကို ခြယ်လှယ်နိုင်တဲ့   နံပါတ် တစ် အချက်

'' အသေ၀နာ စ ဗာလာနံ '' သဘောမှာတောင် သံသရာက ပါလာတဲ့  ကံသတ္တိက ပါနေသေးတာ တွေ့ နိုင်တယ်...ဆိုပါတော့  ...လက်ဦးဆရာ မိ နှင့် ဘ နှစ်ဦးစလုံးဟာ အကယ်၍ ဝေးလံခေါင်သီတဲ့ ပစ္စိဖိတ်သမုဒ္ဒရာရဲ့ အလယ်လောက်မှာ ရှိနေတဲ့  ပြင်ပကမ္ဘာနဲ့  အဆက်ပြတ်နေတဲ့ ကျွန်းလေးတစ်ကျွန်းက လူသားစား လူရိုင်းတွေသာ ဖြစ်နေခဲ့ ရင် ?...သူတို့ က မွေးတဲ့ သားသမီးတွေဟာ သူတို့  ကိုယ်ပိုင် အသိဥာဏ်နဲ့ တွေးခေါ်နိုင်စွမ်း မရှိသေးခင်   ဘယ်လိုမျိုးလက်ဦးဆရာရဲ့ လက်ထဲမှာ ဘယ်လိုမျိုး လူသားတွေ ဖြစ်လာနိုင်မလဲ ?....အကယ်၍ အဲ့ ကျွန်းမှာပဲမွေး ပြင်ပကမ္ဘာနဲ့ မထိတွေ့ ရပဲ အဲ့ ကျွန်းမှာပဲ သေသွားရင်ရော ?..ဆိုတာမျိုးပေါ့ .
.
ဘ၀ဖြစ်တည်မှု့ တွေမှာ တစ်ချို့ အရာတွေဟာ ရွေးခြယ်ခွင့် ရှိသလို တစ်ချို့ အရာတွေဟာ ရွေးခြယ်ခွင့် မရတတ်တာမျိုး လည်း ရှိတတ်သေးတယ်ပေါ့ ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..