Powered By Blogger

Tuesday, July 21, 2015

၂ကြွင်း သိုက်ဖွား ဟူးသားလေးပေါ့ 

အခုပြထားတာ ၂ကြွင်း သိုက်ဖွား ဟူးသားလေးပေါ့ ..မနှစ်က ကတည်းက သူ့ အဖေနဲ့ လာနေသူဖြစ်တယ် သူ့ အဖေက သူ့ သားကို သိပ်မျှော်လင့် ထားသူဖြစ်သလို
သူ့ သားကလည်း သူ့ အဖေ က ဤ ကို ကျွဲ ဖတ်ပါဆို ဖတ်မယ့် ပုံ လို့ အကဲခတ်လို့ ရတယ်။ (ဒါဟာ ၂ ကြွင်းတွေအတွက် သူတို့ ကြံစီရာတွေ အလုပ်ဖြစ်ဖို့ သဘောဖြစ်လာတယ်)



သူ့ အဖေက သူ့ သားကို ပြည်ပမှာ ကျောင်းတက်စေချင်သလို  သူ့ သားကလည်း သွားတက်ချင်တဲ့ သဘောရှိတယ် ၊ ဒါ့ အပြင် ဒီ ၂ကြွင်းဟာ ပညာချွန်ပုံလဲရနေတယ်။ ဒီတော့  ပြည်ပတိုင်းပြည်သွားစာဖတ်ဖို့  စကော်လာလျှောက်ချင်တယ်လို့  တိုင်ပင်လာတယ် ....ကျနော်က ၂ကြွင်းရဲ့  ပြည်ပ အကျိုးပေးသန်လေ့ ရှိတဲ့ အား သူ့ အဖေကို ရက်စပက်ရှိတဲ့ အား နဲ့  အဲ့  ဗုဒ္ဒဟူး အသက် ၂၄ အင်္ဂါသက်ရောက်ဖြတ်တဲ့ အခါ ( ရာဇာကိန်း) အတွင်းရန် အိမ်က အထွက်ပြရမယ့် အား နဲ့  သုံးတန်ပေါ်နိစ္စ တိုင်ပညာလာ ကြာသာပတေးနံ ပညာသဘော တန်းစီး အကောင်းအားတွေကို ခြုံငုံအကဲခတ်ပြီး စကော်လာရပြီး စသွားဖတ်ရဖို့  အခွင့် အလန်းများတယ်လို့  ယူဆလိုက်တယ် ဒါကို တွန်းအားပေးတဲ့ ယတြာတွေပေးလိုက်တယ် သူတို့ သားအဖကလည်း ယုံတယ် လုပ်တယ်

အခုတော့  စကော်လာလဲရခဲ့ ပြီ သံရုံးလဲဝင်ခဲ့ ပြီ နောက်လ ၁၅ရက်နေ့  ဗမာပြည်ကထွက်ဖို့ စီစဉ်ခဲ့ ပြီးပြီ....ကြံစီတာတွေ အလုပ်ဖြစ်မဖြစ် ကို တွေးဆသွားတာဒီအတိုင်းပါပဲ အပိုစာသားတွေမပါပါဘူး။.

ပထမ ဆုံတုန်းက ဒီ ၂ ကြွင်း ကို မေးခွန်းတစ်ခုဘဲ ထောက်ခဲ့ ပါတယ် တကယ့် ကို ပညာလိုချင်လို့ စာသွားဖတ်ဖို့  ပြည်ပထွက်မှာလား   ပညာထက် အလုပ်လုပ် ငွေရှာဖို့ သွားမှာလား ပါပဲ...ပညာထက် ငွေရှာဖို့ ကို ကြံတာဆိုရင် အထွက်တော့ ရလိမ့် မယ် ပြန်ရောက်လာလိမ့် မယ် ပညာသဘောက ပထမ ပစ်မှတ်ဆိုရင် အိုကေ နေလိမ့် မယ်လို့ ထောက်ပြလိုက်တော့  ဒီ၂ ကြွင်းက ပညာမှ ပညာလို့ ဆိုတယ် ဒါဆို စိတ်မပူနဲ့ အလုပ်ဖြစ်တယ် ဟိုရောက်မှ ပန်းတိုင်ပျောက်သွားရင်တော့  ကျနော်လည်း မတတ်နိုင်ဘူး...စာဖတ်ရမှာ အသက် ၂၆ အထိလောက်တော့  ဖြစ်လိမ့် မယ်လို့ ဆိုတော့  သူတက်ရမယ့် ကျောင်းက ၂ နှစ်လောက် စာဖတ်ရမှာဖြစ်နေလို့  နဲ့  သက်ရောက်က ပိုက်ဆံထက် ပညာရမယ့်  အင်္ဂါ+ဟူး+စနေ သက်ရောက် သုံးနှစ် လမ်းကြောင်းနဲ့  ကွက်တိသဘောပါပဲ....အသက် ၂၇ ကြာသာပတေး သက်ရောက်မှ နောက် ကံ အရွေ့ တစ်ခုကို အဲ့  အသက် ၂၇ ရောက်မှ ဆက်စဉ်းစားယုံပဲပေါ့  အဲ့ မှာ အလုပ်ခွင်ဝင်မလား ဗမာပြည်ပြန်လာမလားပေါ့ ....။

ဖြစ်ဆဲ အခြေအနေကတွေကနေ အနာဂတ်ကို ကံချိန် လှုပ်ရှားကြတာ ဒီသဘောတရားတွေနဲ့ ပါပဲဗျာ..ကြိုဟောနေတာမျိုးမဟုတ်ပါဘူး သူ့ ရဲ့ ဖြစ်ဆဲ အနေအထားတွေ သူ့ ရဲ့ ရည်ရွယ်ချက်တွေ သူ့ ရဲ့ စိတ်နေစိတ်ထားတွေ ကို အကဲခတ် သက်ရောက်သဘောတွေနဲ့ ညှိကြည့် ပြီး သုံးသပ် လှုပ်ရှား အဖြေထုတ်ပေးသွားတာမျိုးပါ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..