Powered By Blogger

Tuesday, July 21, 2015

ကျမ်းကိုးများဖြင့် လိုရာဆွဲ၍လည်း ပြောနိုင်ပါသည်..

ကျမ်းကိုးများဖြင့် လိုရာဆွဲ၍လည်း ပြောနိုင်ပါသည်..
------------
ကျနော်တို့ မှာ အဆိုးကနေ အကောင်း အကောင်းကနေ အဆိုး သဘောကို ဥပမာတွေ မျိုးစုံနဲ့  ဒီက လူ့ အဖွဲ့ အစည်းဝင် အများစုက လက်ခံထားတဲ့  ကျမ်းတွေကပဲ ကိုယ်လိုရာလေး ကွက်ယူပြီး ချပြောလို့  (၀ါ) ဆင်ခြေပေးလို့ (၀ါ) ဆင်ခြင်တုံရှိဖို့ (၀ါ) သံဝေဂရဖို့ (၀ါ) ဓမ္မအာရုံရဖို့ (၀ါ) ကိုယ့် ဓါတ်ခံနဲ့ ယူချင်သလိုယူဖို့  ရေးပြနိုင်တယ် ....



ဆိုပါတော့  အဆိုးသဘောကနေ အကာင်းသဘော အဖြစ် အခု ကျနော်တို့  ဂုဏ်တင်ပြောနေတဲ့  သီရိမဟာသောက မဟာရာဇာ ဆိုတဲ့  ရေကန်ပေါင်း ဘာညာပေါင်း ရှစ်သောင်းလေးထောင် တည်  သာသနာပြုမင်းတြားကြီး အာသောက ဘုရင်ကြီးဟာ ဒိအရင်က လူ့ အသက်ပေါင်းများစွာကို စစ်ပွဲတွေမှာ သတ်ဖြတ်ခဲ့ စေတဲ့ စစ်ဘုရင်ကြီးအာသောကဖြစ်တယ်လို့ ဆိုတယ်....

ဆိုပါတော့  နောက်ပိုင်းမှာ ဘုရားကို ဆန့် ကျင်သူ ရှင်ဒေ၀ဒတ်ဟာ ဒီအရင်က သူ အခု ဆန့်ကျင်ခဲ့ တဲ့  ဘုရားရှင်ရဲ့ သာသနာဝင်ဖြစ်တဲ့ အပြင် အိုက်ချလောင်းတွေ ဖန်ဆင်းပြနိုင်အောင် တန်ခိုးတွေ ဈာန်တွေတောင် ရခဲ့ တဲ့  သူတစ်ယောက်ဖြစ်ခဲ့ တယ်...

ဒါကြောင့်  လူ့ စိတ်သဘောဆိုတာ အကြောင်းတရားမျိုးစုံကြောင့်  အဆိုးကနေ အကောင်း အကောင်းကနေ အဆိုး သဘောကို စိတ်ပြောင်းသွားတတ်တယ်ဆိုတာ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်အထက် (၀ါ) လူ့ သမိုင်း သမိုင်းတင်ခေတ်ကတည်းက ဖြစ်ရိုးဖြစ်စဉ်သဘောပဲ လို့ ဆိုလို့ ရတယ်.....

ကိုယ် လုပ်ချင်တာသာ လုပ်ပါ ဘေးကနေ ထိုင်ကြည့် ပြီး ဝေဖန်ပေးဖို့  စကားပုံတောင် ကိုယ့်  အခြေအနေကြည့် ပြီး အမျိုးမျိုး ရှိတယ် သေချင်တဲ့ ကျားတောပြောင်း နဲ့ တစ်ရွာမပြောင်း သူကောင်း မဖြစ် ဆိုပြီး  ချွန်တာလား ဟန့် တာလား စေတနာလား တားတာလား ကဲ့ ရဲ့ တာလား သတိပေးတာလား ချီးမွမ်းတာလား မြှောက်ပင့် တာလား ဆရာကျတာလား ဘာလေး အတတ်မပြောနိုင်တဲ့  ''အပြောင်းအလဲသဘောကို အခြေပြုတဲ့  စကားမျိုးပေါ့  ...ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိ တို့  ထိုင်နေလို့ တော့ ဘာမှ ဖြစ်မလားဘူး ဆိုတာမျိုးလဲ ရှိသေးတယ် ...အဲ့ တော့  ထိုင်နေနေ ထသွားသွား အရစ် မလွတ်မှတော့ ပက်လက်လှန် နှပ် ကောင်းကင်ပြာကြီး မော့  စိတ်ကူးယဉ်နေလိုက်တာသာ ငိငိ ဖြစ်နေတာ ကောင်းပါတယ်လို့  စကားကပ်
လို့ မရသေးဘူး...ယောက်ျားပျင်း ကျောခင်းတွေဘာတွေက လာဦးမှာ.........

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..