Powered By Blogger
Tuesday, July 21, 2015
အဟောင်းပြင်ရတာများ...
အဟောင်းပြင်ရတာများ...
--------------
လက်သမားဆရာပြောတာကြားဖူးတယ်...အိမ်ဟောင်းကိုပြုပြင်ရတာထက် အိမ်သစ်သာဆောက်ပေးလိုက်ချင်သတဲ့ ....အိမ်ဟောင်းပြင်ရတာ..ဒီဘက်ကပြင် ဟိုဖက်ကကျိုး ကျိုးတဲ့ ဘက်ဆက်နေတုန်း နောက်ဖက်က အိကျ အိကျတဲ့ နေရာ ပြေးခုနေတုန်း ရေသယောက်အခံတွေက ပြုတ်ထွက် ရေသယောက်...ဟာာာာာ
တော်ပါတော့ ဗျာ...ကျနော်တောင် နားထောင်ရင်းမူးလာပြီ  မီးသာရှို့ ပစ်လိုက်ပါတော့ ဗျာ.....ဟီးးးး....
အဖြစ်က မူလမီးကြိုးဆင်ပေးသွားတဲ့  ဓါတ်ဆရာက ဘက်ထရီ နဲ့ လိုင်း ကို ၂ လိုင်းပြေးသွားပုံက ပညာစွမ်းကောင်းလွန်းလို့  ဘယ်ကြိုးက ဘာမှန်းမသိတော့ ဘူး
ဖြစ်ကုန်ပါရော  ဓါတ်ဆရာသခင်ပြန်ခေါ်မေးဖို ကလည်း ဆရာသခင်က တာဝတိံသာ နတ်ရွာလော တူစွဟုတ္တာ နဲ့  သိကြားမင်းနေရာလုဖို့  တက်ချီတော်မူသွားပြီ...ခက်တာက မြန်မာ့ နည်းမြန့် မာဟန် သူ့ ဟာသူသာ သိတဲ့  မီးကြိုးသွယ်ထားနည်းတွေက ကြိုးသွယ်ပုံ မြေပုံလဲ ဆွဲပေးမထားခဲ့ ဘူး..
အဲ့ ဒါ နဲ့  စုံထောက် ဦးထငါကျော်လို စတပ်တာတစ်ချောင်းနဲ့  ခလုပ်တွေ ဖွင့် လိုက် ပိတ်လိုက် မိန်းချလိုက် ပြန်တင်လိုက် စမ်းလိုက်နဲ့  အတ္တာဟိ အတ္တနော ထလုပ်ပြီး ကိုယ်ထူပြီး ကိုယ်ထနေရတော့  ပိုပြီးဖတ်ဖတ်တွေမောပေါ့ လေ....ဟီးးး....
အဟောင်းပြင်ရတာများ လွယ်မှတ်လို့ ကျွဲရိုင်းသုံးဗူးလေးဗူးတောင် မလောက်ချင်ဘူး......ခိခိ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..