Powered By Blogger

Tuesday, July 21, 2015

ကိုယ့် အကြိုက်နဲ့ ကိုယ်ပေါ့ လေ...

ကိုယ့် အကြိုက်နဲ့ ကိုယ်ပေါ့ လေ...
------------
ကိုရီးယားခေါက်ဆွဲ ၊အီတလီခေါက်ဆွဲ ၊ ကြောင်နှစ်ကောင်ခေါက်ဆွဲ ၊ပန်းသေးခေါက်ဆွဲ ၊ ကြေးအိုးဆီချက်ခေါက်ဆွဲ ၊ ဘဲသားဆီချက်ခေါက်ဆွဲ ၊ရယ်ဒီမိတ်ခေါက်ဆွဲ ၊ နို့ စိမ်းခေါက်ဆွဲ ထွေလီကာလီခေါက်ဆွဲတွေ အများကြီး စာဖူးသမျှ ဘယ်ဟာမှ အသေအလဲကြိုက်တယ် ဆိုတာ မရှိခဲ့ ပေမယ့် ....

အုန်းနို့ ခေါက်ဆွဲကို ကြက်လည်ချောင်းရိုးတွေ ကြက်ခြေထောက်တွေ ကြက်သဲကြက်မြစ်တွေ ဘဲသွေးတွေနဲ့ ကိုတော့  ခေါက်ဆွဲပေါင်းစုံထဲမှာ အတော့် ကိုကြိုက်ပါတယ်...နောက်မှ သွေးတိုးတိုး ဆေးသောက်ပြီး အပီ စားပစ်လိုက်မယ်ဆိုတဲ့  သဘောအထိကြိုက်ပါတယ်...

ကိုယ့် လို အကြိုက်တူသူတွေ ရှိကောင်းရှိမယ် မကြိုက်သူတွေ ရှိကောင်း ရှိနိုင်ပါလိမ့် မယ်...မကြိုက်သူတွေကိုတော့  အတင်းလိုက် မကြိုက်ခိုင်းဘူးသလို ကိုယ့် လို မကြိုက်ရ ကောင်းလားလို့ လည်း အပြစ်ဖွဲ့ စကားမပြောဘူးပါဘူး.....ကိုယ့် အကြိုက်နဲ့ ကိုယ်ပေါ့ လေ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..