Powered By Blogger

Tuesday, July 21, 2015

အဆိပ်ရေလွှမ်း မီးသင့် မြေလွှာ

အဆိပ်ရေလွှမ်း မီးသင့် မြေလွှာ
----
လူ လူ ချင်း အတူတူ အရင်မွေးလို့  လူစောဖြစ်တာကိုတောင် ဂုဏ်တစ်ခုလုပ် ရိုးလ်တင်ပေးထားပြီး ကိုယ်နဲ့ တိုက်ရိုက် ဘာမိဘဘာဦးကြီး ဒေါ်ကြီး ဘကြီး ဘဒွေး အဒေါ်ဦးလေး အမျိုး အဆွေ ဘာသွေးသားမှ မတော်စပ်ပဲ ကိုယ့် ထက် လူဖြစ်စော အသက်ကြီးနေယုံလေးနဲ့ ကိုတောင်  ကိုယ့် ထက် အသက်ကြီးလို့ ဆိုပြီး အရိုအသေပြုပေးတဲ့  ယဉ်ကျေးမှု့  ကောင်းမြတ်သောယဉ်ကျေးမှု့ ....မဟာယဉ်ကျေးမှု့ ...။



ဒီလောက် ကောင်းတဲ့ ယဉ်ကျေးမှု့ မှာ လူဖြစ်လာတဲ့ လူတွေကို ရိုင်းသွားအောင် ရိုင်းချင်စိတ်ပေါက်သွားအောင် အရိုင်းတွေဖြစ်လာအောင်...ဘယ်သူတွေက လုပ်ပစ်ခဲ့ သလဲ.

အနု အလှ သုခုမ စကား အင်္လကာ သံသာ နုညက် ကိုယ်ချင်းစာ ညှာတာ သနား မေတ္တာတရား ကရုဏာပန်းတို့ ပွင့် တဲ့ မြေအဖြစ်ကနေ အရိုင်းမြေဖြစ်အောင် ဖုန်းဆိုးတောဖြစ်အောင် ဘယ်သူတွေက အဆိပ်ရေလွှမ်း မီးသင့် မြေလွှာဖြစ်စေခဲ့ သလဲ ...အဲ့ လူတွေမှာ တာဝန်အပြည့် ရှိတယ်..

ရှင်းတယ် ..အရင်းစစ်တော့  အတ္တ စစ်မြေ အဖြစ် ပုံဖေါ်ခံ နွံနစ်ခဲ့ကြရလို့ ပဲ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..