ကြားဖူးနားဝတွေကို ကိုယ်တွေ့ မျက်မြင်လိုလို တန်ဆာဆင်ပြောလွန်းရင်လည်း အဆင်မသင့် တဲ့ အခါ ဒုက္ခရောက်တတ်ပြန်တယ်
ကိုယ့် ဒုက္ခနဲ့ ကိုယ်သဘောတွေပေါ့ ....
ဒီ ကမ္ဘာလောကကြီးတော့  မိုးလင်းလာလိုက် မိုးချုပ်သွားလိုက် မွေးလာလိုက်ကြ သေသွားလိုက်ကြနဲ့ ပုံမှန်သွားနေတာပါပဲ..
တစ်ခုခုကို ယုံပြီး...တစ်ခုခုကို မယုံပဲ သေသွားကြတယ်
တစ်ခုခုကို ယုံသည်ဖြစ်စေ တစ်ခုခုကို မယုံသည်ဖြစ်စေ မွေးလာပြီးရင် တစ်ခုခုကြောင့်  သေသေကုန်တာတော့  လောလောဆယ် ၉၉.၉၉၉ အင်ဖက်နတီ % အသေခြာဆုံး ဆိုတာတွေထဲက အသေခြာဆုံး သဘောတရားတစ်ခုဖြစ်တယ်.
အသေခြာဆုံး သဘောတရားပါဆိုတဲ့  လူ ဆိုတာ သေမျိုး ဖြစ်တယ် ဆိုတာတောင် ဒီ ကမ္ဘာပေါ်မှာရှိနေတဲ့  (သို့ ) တစ်ခြား ကမ္ဘာမှာသွားနေချင်နေကောင်းနိုင်တဲ့  မသေသေးတဲ့  လူသားမျိုးနွယ်ဝင် တစ်ယောက် ကျန်နေသေးသ၍ လူဟာ သေမျိုးဖြစ်သည်ဆိုတဲ့ အဆိုကို ၁၀၀% အမှန်လို့  စာပေသဘောတရား အဖြစ် ကိန်းမဖွဲ့ ပေးနိုင်သေးဘူး...လူသားမျိုးနွယ် တစ်စုလုံး တစ်ယောက် မကျန်သေသွားမှ ၁၀၀ % ပြည့်  ကိန်းဖွဲ့ ပေးနိုင်လိမ့် မယ် ဒီကိန်းကို လူသားမျိုးနွယ်ဝင် မဟုတ်တဲ့ တစ်ခြားသောမျိုးနွယ်စုဝင်ကပေါ့ ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..