'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, July 21, 2015
လူ့ အကြိုက်တွေ
လူ့ အကြိုက်တွေ မတူချက်က ဘယ်လောက် ရယ်စရာကောင်းလဲ ကျနော်ဆို အနုပညာမြောက်လှချည့် ဆိုတဲ့  လက်မပါတဲ့  အလှမယ်ရုပ်တုမျိုးကို ခံစားရတာ ငုတ်တုတ်တုတ် ဖြစ်တတ်သလို ခေါင်းပိုင်းချည်းထုထား ရုပ်တုတစ်ချို့ ဆို စေ့ စေ့ ကြည့် ရင်း ရင်တုန်လာတတ်တယ် လန့် သလိုလို ရွံ့ သလိုလိုခံစားမှု့ ပေါ့  ပြောရရင် အင်္ဂါ မစုံတဲ့  ရုပ်တုတွေကို ခံစားရတာ ဖီလင်ငုတ်တုတ်တုတ်သဘောပေါ့ ..ဒါပေမယ့်  ဒါဟာ ကိုယ့် တစ်ဦးတည်း အတွင်းစိတ်ဖီလင်သာဖြစ်ပြီ လူ့ အဖွဲ့ အစည်းတစ်ခုလုံးက ဒီ ရုပ်တုတွေ စတိုင်ကို သဘောကျလှချည့်  ဆိုရင်လည်း လက်ခံပေးထားရလိမ့် မယ်ဆိုတာ နားလည်ပေးပြီးသဘောပေါ့ ...ကိုယ် ဖီလင် မလာတာနဲ့  အကုန် လျှောက်ပုတ်ခတ်နေတာဟာ အဆင်မသင့် ရင် လူ့ အဖွဲ့ အစည်းကြီး နဲ့ ကိုယ်နဲ့ ထိပ်တိုက်တွေ့ ပြီး ကိုယ့် ရပ်တည်မှု့ ဘ၀ ထိခိုက်သွားနိုင်တယ်ဆိုတာ တွေးမြင်ထားပေးရတယ်...
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..