--------
သာလွန်မင်းလက်ထက်လို့ ဆိုတဲ့  ဆင်းရဲသူမရဲ့  ထမင်းရေငှဲ့ တာ လမ်းပေါ်စီးကျ ဗျင်ကမြင် ခေါ်ဆူ ထမင်းရေကလည်း အသုံးဝင်သေးတဲ့ သဘော..။ အဲ့ မှာဗျင်ကို တွေးမိတာ ထမင်းရေကို ကိုယ်တိုင်သုံးစွဲဘူးလေသလားပေါ့  မသုံးဘူးရင်တောင် ဆေးကျမ်းတွဘာတွေများနှံ့စပ်သလားပေါ့ ..ထမင်းရေဆိုတာ အဟာရ ကစီဓါတ် အပြင် ဆေးဘက်ပါဝင်တယ်ဆိုတာ မွေးကတည်းက အလိုလိုသိဖို့ တော့ ခက်သလို ခုခေတ်လို ပေါင်းအိုးခေတ်မှာ ထမင်းရေလိုချင်တာတောင် ခဲရာခဲဆစ် မှာထားရသလို ထမင်းရေ မသောက်ဖူးလို ဆိုပြီ့း အထူးအဆန်းလုပ်ပြီးတော့ တောင် လာမြည်းကြည့် သူတွေတောင်ရှိသေးတယ်..ဒါက ခေတ်တွေရဲ့  အရွေ့ တွေကြောင့်  ဖြစ်လာတဲ့ သဘောပေါ့ 
အဲ့ ထမင်းရေ ဇာတ်ထုတ်က ရာဇ၀င်ဘုတ်အုပ်လာဖြစ်ပြီး တကယ် ဖြစ်ခဲ့ မဖြစ်ခဲ့ ဆိုတာထက် စာကရလိုက်တာက မိုက်မဲသူသဘော ဥာဏ်ရည်နဲသူသဘော အဆင်ခြင်နဲသူရဲ့ သဘော အသိပညာ ဥာဏ်ပညာတွေ သဘောကို ရလိုက်တဲ့ သဘောပေါ့ ...
ဒီလိုပဲ လမ်းထဲမှာ ကိုယ်ထူကိုယ်ထ သန့် ရှင်းရေးတွေ လုပ်တော့  မြောင်းဖုံးတွေလှန် အမှိုက်တွေကလော် လက်တွန်းလှည်းတွေတွန်းကျပေါ့ ...ပျော်စရာလည်းကောင်းပါတယ်...အဲ့ မှာ ၀င်ပြီး ပျော်ပျော်ပါးပါး လုပ်ကြတာ ဘယ်သူမှာ အ၀တ်အစားအသစ်တွေဝတ် မလုပ်ကြဘူး ပုဆိုးအဟောင်းတွေ တီရှပ်အဟောင်းတွေ စွပ်ကျယ်အဟောင်အပြဲ ဘောင်ဘီရှည်ဆို ခြေသားလုံးအပေါ်အထိလိပ်တင် ပုဆိုးခါးတောင်းကြိုက်တဲ့ သူနဲ မြောင်းလာကလော် ဖိနပ်တောင် တစ်ပတ်ရစ်တို့ ရာဘာဖိနပ်တို့ ပေါ့ .လည်ရှည်ကြက်ပေါင်ဖိနပ်ဖုန်မှုတ်ပြီးလဲစီးကြတယ်
.အညစ်အကြေးအမှိုက်သရိုက်တွေ သန့် ရှင်းရေးလုပ်တာ ဘယ်သူမှ မင်္ဂင်္လာဆောင်သွားမယ့် ပုံ အလှုသွားတော့ မယ့် ပုံနဲ့  လာ မလုပ်ကြဘူး....ဘယ်နေရာ ဘာ အ၀တ်အစားဝတ်ပြီး လုပ်ရမယ် လုပ်သင့် တယ် သူ့ နေရာနဲ့ သူ တန်ရာတန်ရာ သင့် ရာသင့် ရာ သဘောကို ဥာဏ်ပညာ အသိပညာက ရိုက်တောင် သင်ပေးနေစရာမလိုကြဘူး အလှုမှာ ရေစက် လာချသလို အ၀တ်ဝတ်ပြီး မြောင်းလာကလော်တဲ့ လူမျိုးကိုလဲ လမ်းထဲက ကိုယ်ထူကိုယ်ထ သန့် ရှင်းရေး မှာ မတွေ့ ခဲ့ ရဘူးဘူး...မတွေ့ ခဲ့ ရတဲ့ သဘောက ဥာဏ်ပညာ အသိပညာတွေရှိသေးတဲ့  သင့် တော်တာ မသင့် တော်တာတွေကိုခွဲခြားနိုင်သေးတဲ့ အရပ်မှာ လူ့ အဖွဲ့ အစည်းလေးကြားမှာ နေမိလို့ နဲ့ တူပါရဲ့ လို့ တွေးရတာပါပဲ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..