၎ကြွင်း ၂ကြွင်း လုပ်ငန်းရှင်
----------
ဖေါက်သည် အထည်ချုပ်လုပ်ငန်းရှင် အမျိုးသမီးတစ်ယာက်ရှိတယ်ဗျ...၀န်ထမ်း ထောင်ကျော်တယ် ၄ကြွင်းအင်္ဂါ စန္ဒရောတိုင်မွေး အခု အင်္ဂါသက်ရောက်..(၄၉/၅၀)
ပုံမှန်ထက် တက်ကြွတယ် သူ့ သမိုင်းက ပထမ မိဘတွေ သဘောမကျသူနဲ့  လိုက်ပြေးရင်းက ဘ၀ကိုရုန်းခဲ့ သူဖြစ်တယ်( အောက်ခြေက စခဲ့ တာတော့  မဟုတ်ဖူးပေါ့ ) မျိုးကိုက အထည်မျိုးသဘောရှိတယ် အခုတော့  အများအမြင်အရ ကြီးပွားနေသူပေါ့  ကျားရှိတယ် ကျားက ၂ကြွင်း ကြာတေး..( ကျားကို အလို လိုက်လွန်းသူလည်းဖြစ်တယ်ကျားကလည်း အလိုပြန်လိုက်ပြီး သူကလည်း သူ့ လိုင်းနဲ့ သူ သူကြိုက်တာသူ လုပ်နေလေ့ ရှိတယ်) )....
စီးပွားသဘောမှာ သရဲကျသလို ဘာသာရေးဘက်မှာလည်း သာမန်ထက်ကိုပိုတယ် ယတြာမျိုးစုံကိုလည်း ချန်မထားခဲ့ ပြန်ဘူး..ဒါပေမယ့်  သူလုပ်သမျှတွေ အကုန်လုံးက ကိုယ့် ဘ၀ ကိုယ့် မိသားစုဘ၀ ကိုယ့် အလုပ် တိုးတက်ရာတိုးတက်ကြောင်းတွေ အတွက်အကျိုးရှိမယ်ဆို ကိုယ် ယုံကြည်မိရာတွေကို အကုန် လုပ်မယ်ဆိုတဲ့ သဘောမျိုးလို့  အကဲဖြတ်လို့ ရတယ် ဆြာတော်ကြီးတွေကို ကိုးတယ် ဖျားထီးတွေ လျှောက်တင်တယ် ရွှေပြားတွေကျောက်ထည်တွေ လျှောက်လှုတယ်...
ထူးခြား အလုပ်တစ်ခုက သူ့ ဝန်ထမ်းကြီးတွေထဲက အရေးပါတဲ့  အလုပ်ခွင်နေရာတွေက အမျိုးသမီးဝန်ထမ်း အတော်တော်များများကို သင်္ကြန်တို့  ရက်ရှည် ပိတ်ရက်တစ်ချို့ မှာ ဆယ်ရက်စခန်းတို့  ရိပ်သာတို့ ကို ဇွတ်ဝင်စေတဲ့ အပြုအမူတွေ လုပ်တာက ကြုံဖူးသမျှ လုပ်ငန်းရှင်အတော်များများ လုပ်တယ်လို့ မကြားဖူးခဲ့ သလောက်ပဲ..ဒါပေမယ့်  အဲ့ အမျိုးသမီး ကိုယ်တိုင်တော့  ၀င်တာမျိုး မတွေ့ ခဲ့ မကြားခဲ့ ရသလောက်ပါပဲ....ဒီလို ၀င်ခိုင်းတာကို တစ်ဆင့် မဟုတ်ပဲ သူကိုယ်တိုင် ပြောတာဖြစ်လို့  သူ့ ဝန်ထမ်းအမျိုးသမီးတွေတော့  ဘယ်လိုနေမယ်မသိဘူး ကိုယ်ကတော့ ကြားကနေ သာလိုက်မဓုဖြစ်ပဲ စိတ်မသက်မသာ ဖြစ်မိလေ့ ရှိတာတော့  အမှန်ပဲ
ကြုံဖူးသမျှ လုပ်ငန်းရှင်တွေထဲ တစ်ချို့ ကတော့  ဘုရားဖူးတွေ ပို့ ပေးတာမျိုးအထိတော့ ရှိကြတယ်...အဲ့ လိုမျိုး ကိုယ့် ဝန်ထမ်းကို ရိပ်သာဝင်ခိုင်းတာတော့  သူ ပဲကြားဖူးတယ်..( သူ့ လုပ်ငန်းမှာ အမြင့် ပိုင်းဝန်ထမ်းတွေကို ပေးထားတဲ့ လစာနဲ့  လုပ်ပိုင်ခွင်တွေ အသောရတီတွေ ပေးထားပုံကတော့ မက်လောက်စရာပါပဲ
ကိုယ်သာ သူ့ ဝန်ထမ်းကြီးဖြစ်ရင် သူခိုင်းသလို ရိပ်သာတွေ ၁၀ရက်စခန်းတွေ လိုက်ဝင်ပေးဖြစ်မယ် မထင်ဘူး ဒါဟာ ကုမ္ပဏီပိုင်ရှင်နဲ့ ဝန်ထမ်းကြားမှာ ရှိသင့့် ဖြစ်သင့် တဲ့  အတိုင်းအတာထက် စည်းကျော်နေသလိုပဲလို့ လဲ တွေးနေမိတယ်...ဘ၀ထိုထို လူထိုထိုတွေ ကြုံရတယ်ဆိုတာ ဒီလိုတွေပေါ့ လေ...
(မူလ ၄ကြွင်းနှစ်မွေးအားရော စန္ဒရောတိုင်မွေး ကနေဖြစ်လာတဲ့  ၂ ကြွင်းစတိုင်သဘောရော မြင်သားထင်သာရှိလွန်းတဲ့ အမျိုးသမီးပါပဲ)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..