ကိုဝက်သက်နဲ့  အီကလဲယား
---------------------
ဝက်သက်ထပေါက်တဲ့ ဘဲကြီးတစ်ပွေက သူ့ နှလုံးသားရေးရာကို ပြောရောဗျ..သူပြောတာက သူ့ ရုံးသူနဲ့ သူနဲ့ က အီစီကလီဇာတ်တွေ ဖြစ်နေသတဲ့ 
အဲ့ အီစီလေးက သူ့ ထက် ၁၀နှစ်၁၅နှစ်လောက်တော့  ငယ်သတဲ့ 
ပြီးတော့  အဲ့ အီစီလေးက အရင်က အဲ့ ရုံးမှာပဲ ဇာတ်လမ်းလေးတစ်ခု ရှိခဲ့ သေးတယ်တဲ့ အခုတော့  အဲ့ ဇာတ်လမ်းက တစ်ခန်းရပ်သွားပြီလို့ တော့ 
ပြောတာပဲတဲ့ ဒါပေမယ့် တဲ့ သူ့ စိတ်ထဲမှာ အဲ့ အီစီကလေးကြည့် ရတာတစ်မျိုးပဲတဲ့ ဘာကိုတစ်မျိုးပဲလို့  ဆိုလိုတာလဲလို့  ဖြတ်မေးလိုက်တော့  ....
သူက သူ့ ကို ဟိုဇာတ်ထုတ်က မင်းသားဟောင်းလေး ကို ရွဲ့ ပြီး လာ ပလာတာရိုက်နေသလားလို့ တဲ့ တကယ်လား ပုံပြင်လား မကွဲလို့ တဲ့ ..
ဒါနဲ့  ကျနော်က ခင်ဗျားဗမာဗွီဒီယိုတွေ ကြည့် လား လို့ မေးလိုက်တော့  ဘဲကြီးက ဗျာ..မကြည့် ပါဘူး ဘာလို့ လဲတဲ့ ဗျ
ကျနော်က သြော်..ဘာမှမဟုတ်ပါဘူး ဗမာဗွီဒီယိုဇာတ်လမ်းတွေ နဲ့ အတော်တူသလားလို့ ပါလို့ .....
အဟီးးး.ကိုဝက်သက်လည်း အဲ့ တော့ မှ အဟီးးးး တဲ့ ...
.
.ပြီးတော့ မှ ကျနော်က ပြောလိုက်တာ....အဲ့ အီကလဲယားလေးရဲ့ စိတ်ကို သွားဖတ်မနေနဲ့  ခင်ဗျား ဘယ်တော့ မှ အမှန်ဖတ်နိုင်မှာမဟုတ်ဖူး
အမျိုးသမီးတွေ စိတ်ကိုဖတ်ရတာထက် ကျားဖျင်ပြေးနှိုက်တာကမှ လွယ်ဦးမှာ...ခင်ဗျား ကိုယ့် စိတ်ကိုယ် အရင်ပြန်ဖတ်လိုက်...ငါတကယ် ကြွေနေပြီလားလို့ 
ကြွေပြီဆိုတာသေခြာရင် အဲ့ အီကလဲယားလေးကို နင်းလိုကနင်းဖြတ်လိုကဖြတ်ဆိုပြီး လည်ပင်း စင်းပေးထားလိုက်တော့ ဗျာ...
ဒါပဲ..အဲ့ လိုမှ မလုပ်နိုင်ရင် အခုထဲက အောင်မြင်စွာ ဆုတ်ခွာခြင်း ဒန်းကပ်ခွာစစ်သာပြင်တော့ ဗျာလို့ ....ဟီးဟီး...အေးရော...ခ်ခ်
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..