Powered By Blogger

Friday, July 17, 2015

'''ရှံစ ရင်ဖုံး အဖြူလက်စကလေး နဲ့ ထဘီပွင့် ရိုက်အနီလေး ''

''နေ့ လည်....''
'' ဆေးရုံက အနံ့ လိုလို လူနာနံ့ လိုလို ''ထောင်းကနဲ'' နှာခေါင်းဝ အနံ့ တစ်ချက် နှစ်ချက်ရ.
.
.''ဟ..ငါ တစ်ယောက်ထဲ အနံ့ က ရရပြန်ပြီ...''

''ဖြန်းကနဲ '' ကြက်သီးမွေးညှင်းတွေထ အသွား
စိတ်က '' ထင့် ကနဲ '' ဖြစ်.... '' ..ဘယ်သူ သွားပြန်ပြီလဲ မသိ.....''
အမျိုးထဲက လူအိုတွေ...အပြေးအလွှား စဉ်းစား.
မမာနေတယ်ကြားတာ....တစ်ယောက် နှစ်ယောက်...သုံးယောက်..
....နောက်တော့ ...မေ့မေ့ ပျောက်ပျောက်...

ညနေစောင်း......
''' ဖုန်းလာနေတယ်...ဒေါ်....ဆုံးပြီတဲ့ ...နေ့ လည်ကတဲ့ ...'''....
အေး..အဆင်ပြေသလို ပြောလိုက်ဟာ.စနေနေ့ မှလာခဲ့ မယ်လို့ နေ့ ခင်းကတည်းကတော့ 
တစ်ယောက်ယောက်ပဲလို့ ထင်သား.သူ့ အလှည့် ဖြစ်သွားတာပေါ့ ....''

စွံပါဘူး...ဘယ်ဘ၀က ဘာ စမ်းစမ်းတင့်  ခံစားမှု တွေလည်း မသိဘူး
အနိဌာရုံ အာရုံများဆို လာပေးတတ်ပါ့ ..
ကောင်းတာလေးများ လာပါတော့ လား.၀ှီးးးး..မိုက်ပါဘူး...
============================




'''ရှံစ ရင်ဖုံး အဖြူလက်စကလေး နဲ့ ထဘီပွင့် ရိုက်အနီလေး ''
----------------------
အဲ့ ဒါ နေ့ ခင်းက လူမမာနံ့ ဆေးရုံနံ့ ရ ကြက်သီးမွှေးညှင်း တစ်ချက်ဖြန်းကနဲ ကျောစိမ့် ထပြီး ညနေကျတော့ အမျိုးထဲက ကြီးဒေါ်ကြီးတစ်ယောက် အနိစ္စသွားတဲ့ အကြောင်းဖုန်းလာတော့  မျှော်လင့် ထားသလိုနဲ့ ကွက်တိဆိုတော့  သိပ်တော့ မထူးဆန်းဘူးပေါ့ ...အဲ့ လိုတွေက မကြာခဏကြုံဘူးနေတာကိုး အသားလွတ်တော့ လည်း ကြုံတာမျိုး မဟုတ်ပြန်ဘူးဗျ..
.အဲ့ ကြီးဒေါ်ကြီး မမာတော့  သူ့ အိမ်က လှမ်းဖုံးဆက်ပြီးယတြာမေးတယ် ပြီးတော့  ကျနော့် ကိုလည်း တွေ့ ချင်နေပါတယ်တဲ့ ..

ယတြာပေးလိုက်ပြီး လာခဲ့ မယ် မလာခဲ့ ဘူး ဘာညာတော့  ပြန် မပြောလိုက်ပါဘူး ဟိုလိုလို ဒီလိုလိုနဲ့  နေလိုက်တာ ဖုံးဆက်ကတည်းက မဟန်တော့ ပါလို့  ထင်ပြီးသား ပြောလိုက်ပြီးသား...အဲ့ ဒါ..ကိ သွားတဲ့ ကြီးဒေါ်ကြီးက သူတွေ့ ချင်တဲ့ အမျိုးတွေအိမ် မျောနေတုန်း လျှောက်နှုတ်ဆက်တဲ့ ပုံစံနဲ့  ကျနော့် ဆီ ၀င် အနံ့ ပေးသွားပုံရတယ်...

တစ်သက်တာ အဲ့ လို အနံ့ ပေးခံရတာတွေကို မနဲဘူး..ပြီးတော့ ကျနော်က အမျိုးတကာ အမျိုးအိမ် စပ်စပ်စုစု လျှောက်ရောက်ဖူး အိပ်ဖူး စားဖူး ဆော့ ဖူး ယုံလောက်အောင်ပုံတွေလျှောက်ပြော ညာတိပီ လုပ်စားဖူးတော့ 
အမျိုးထဲက ကြီးဒေါ်ကြီးတွေနဲ့ က ပလဲနံပသင့် နေတာမျိုး ဆိုတော့  သူတို့ တွေ လစ်ခါနီးရင် အဲ့ လိုပဲ အနံ့ ပေးတာမျိုးနဲ့  ပစ္စည်းရွေ့ ပြတဲ့ အက်ရှင်က ကြုံနေကျလို ဖြစ်နေတာ..

ခက်တာက လာအပေးခံရသမျှ အနံ့ အသက်တွေကလည်း ဆေးရုံနံ့  ပုပ်အဲ့ အဲ့ နံ့  သုဿန်ခန်းမမှာ လူသေနံ့ နဲ့ အမွှေးတိုင်နံ့ ရောထွက်လာတဲ့  အနံ့ မျိုးတွေ ချည်းလိုလိုဖြစ်နေတာက စိတ်ညစ်တာ. ပြီးတော့ အဲ့ လိုများအနံ့ လာပြီးဆို ကိုယ့် တစ်ယောက်ထဲ လိုလို ရတာမျိုးကြီး အိမ်က လူတွေကို အနံ့ ရလားရှုကြည့် ပါဦးဆို.. ဘာနံ့ မှ မရကြပါဘူးတဲ့  အဲ့ တော့ ကိုယ်က အရှုးလိုလို နှာခေါင်းကြောင်းသလိုလိုဆိုတော့  နောက်တော့ အထာပေါက်ပြီး မပြောတော့ ဘုး စိတ်ထဲထားရတော့ တယ် ညစ်တာကအမွှေးနံ့  သနပ်ခါးနံ့ မျိုးနဲ့ တော့ မလာတတ်ကြဖူး..

စာအလိုအရဆို ချက်ချင်း မကျွတ်သေးပဲ မျောပြီး အစွဲလေးနဲ့  သူနှုတ်ဆက်ချင်တဲ့ အိမ်တကာ လျှောက်နောက်ဆက်နေသလိုမျိုးနေမှာပေါ့  ဒါလဲဖြစ်နိုင်တာပဲ ကိုယ့် အမျိုးထဲ ဘကြီးတွေကြီးဒေါ်ကြီးတွေက ဒေသစွဲ ရွာစွဲ လယ်စွဲ အမျိုးစွဲ က သိပ်ပြင်းထန်တာ ..

အမျိုး ကြီးဒေါ်ကြီး တစ်ယောက်ဆို ဆုံးတာက ကျနော့်လက်ပေါ်တင် သဘောဆိုပါတော့  ပြည်မှာ....သူ့ ရွာက လူတွေကို ပြည်ကြေးနန်းရြုံးကနေ လှမ်းဖုံးဆက် အကြောင်းကြားပေးတော့  ရွာက အမျိုးတွေက ညနေ ဖုန်းရုံး ကနေပြန် ဆက်သွယ်လာတာက...''နေ့ လည်ကမလား..သိနေပြီတဲ့  '' '' ဟ...ဒီမှာ ဒေါ်ကြီး မနု ဆုံးတာ နေ့ မကူးသေးဘူး နင်တို့  အင်းရဲကြီး ရွာဘက်က ဘယ်လို လုပ်သိနေရတာလဲ ဘယ်သူလာဆက်ပေးလဲဆိုတော့ 

ဘယ်သူမှလာ မဆက်ဘူး... နေ့ လည်က အိမ်ရှေ့ ဖြတ်လျှောက်သွားတာ ရိပ်ကနဲ မြင်လိုက်တယ်လေ ရှံစ ရင်ဖုံး အဖြူ လက်စကလေး နဲ့ ထဘီ ပွင့် ရိုက် အနီလေးနဲ လေ. ဟုတ်တယ် မလား....တဲ့ .

ဟားးး..ဟုတ်ဗျား..အိမ်ရှေ့ မှာ ကုတင်နဲ့ ပြင်ထားတာ ရှံစအဖြူနဲ့ ထဘီပွင့် ရိုက် အနီလေးလွှားလို့ .ခေါင်းက မသွတ်ရသေးဘူး ဘေးမြေကြီးမှာ ခပ်ပိန်ပိန် အလောင်းက စန့် စန့် လေး.....ဟာဟ...သူတို့ ဆစ်ဂနယ်လ်နဲ့ သူတို့ ကတော့  ဟုတ်လို့ ..
..အဲ အဲ့ တော့ မှ အလောင်းစင်ဖက် စေ့ စေ့  ပြန်မကြည့် ရဲတော့ တာ..အဟီးးး.

အဲ...နောက် အနံ့ တွေ အကြောင်း စိတ်ကူးပေါက်ရင်ပြန်ပြောပြဦးမယ်ဗျား

အမျိုးထဲက ကျားက ခပ်နဲနဲရယ် အမဇုံဝူးမန်း ကြီးဒေါ်တွေက မနဲဘူး စွာကလဲစွာကြသေး. ကြီးဒေါ်တွေက သူ့ တူလေးကိုတော့ သနားပုံရပါ့  တော်သေးတယ် သူတို့ ရွာကလူတွေကို လူလုံးပြတာမျိုး လာလာ မလုပ်လို့  ပြသာပြရင် ဒွတ်ခ.နှလုံး ဟတ်ဘိကခပ်ယဲ့ ယဲ့ ရယ် ..ခိခိ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..