
-----------------
ခဏခဏ တွေ့ ရတယ်..လိုရာဆွဲပြောချင်လို့  ပုံဖေါ်ပြောတာလေးပေါ့  အဖြူပြင်ကျယ်မှာ အနက်စက်သေးသေးလုပ်ထားပြီး အနက်ကိုပဲ ကွက်မြင်ရသလားလို့ အပြစ်တင်သလိုလို ခပ်ညံ့ ညံ့ လူတွေလိုလို ပေါ့ ..ဘယ်လောက်ကောင်းခဲ့ ခဲ တစ်ခါတစ်လေ မှားတာလေးကို အဲ့ အမှားပဲမြင်လို့ တဲ့ ...အမှတ်တမဲ့ တော့  ဟုတ်သလိုလိုပေါ့ 
ကျနော်တို့ ဆက်တွေးစရာလိုတာက အဲ့ ဒီ့ တစ်ခါတစ်လေ မှားမိတာလေးဆိုတာ ဘယ်လိုအမှားမျိုးလဲလို့  သုံးသပ်ဖို့ လိုလိမ့် မယ် လူ့ အမှားသဘောတွေ
တစ်ချို့ က ..ဆိုပါတော့  စတိတ်တုန်းက ကိုယ့် အင်းကျီ နောက်ကျောကို မှင်နဲ့ ပက်သွားတဲ့ သူငယ်ချင်းက ကိုယ့် ကို အမြဲ အနွံအတာခံနေတဲ့ သူငယ်ချင်းမို့  ခွင့် လွှတ်လိုက်ပြီး အင်းကျီသစ်တစ်ထည်ဝယ်ဝတ်လို့ ရနိုင်တာမျိုး မဟုတ်တတ်ဘူး ...
ဆိုပါတော့  ကိုယ့့်ကို ငွေကြေးတွေကအစ ဘ၀ ရပ်တည်အရေး အထိ အစစအရာရာ အမြဲ အနစ်နာခံပေးနေခဲ့ တဲ့ ကိုယ့် သူငယ်ချင်း အရင်းကြီးက ကိုယ် သင်္ဘောတက်သွားတုန်း ကိုယ့် မိန်းမကို အိမ်ပေါ်တက်ကြံသွားတဲ့ ကိစ္စမျိုးကို ဒီကောင်ကြီးက ငါ့ အပေါ် အရင်က ကောင်းခဲ့ တာပါပဲ တစ်ခါတစ်လေလေး မူးလို့ ငါ့ မိန်းမနဲ့  မှားတာနေမှာပါနဲ့  ဆိုပြီး ..အဲ ..အဲ့ လိုတွေပေါ့ လေ....ငိငိ...
အမှားတစ်ခုခု ဖြစ်ခဲ့ ရင် သူ့ ရှေ့ က ဘယ်လို အခြေအနေတွေရှိခဲ့ စေ ဒါက နောက်မှ ထည့် စဉ်းစားဖို့ လိုရင် ထည့် စဉ်းစားမယ် လတ်တလော အမှားက ဘယ်လို အမှားမျိုးလဲ အတိမ် အနက်က ဘယ်လောက်အထိ ဆိုးကျိုးသက်ရောက်နိုင်လဲ ကိုယ့် အပေါ်အမြဲကောင်းပေးခဲ့ တဲ့ သူငယ်ချင်းရဲ့ကိုယ့် အပေါ်ပြုလာတဲ့ အမှားက ကိုယ့် တစ်ဦးတည်းနဲ့ ပြီးသလား ကိုယ့် မိသားစုဝင်တွေ ကိုယ့် မိဘတွေ အမျိုးတွေကိုရောထိခိုက်နိုင်လား ဆိုတာ ကြည့် ဖို့ လိုမယ်..
.ဥပမာတွေသာ ဆက်ပေးရရင် စာက လျှာရှည်တော့ မှာ.. လောကထဲက အဖြစ်အပျက်တွေဟာ ဒီလောက် ပါးပါးလေးသဘောထားလို့ မရတာတွေ တစ်ပုံကြီးပဲ အမှားတစ်ခုဆိုတာ အဆင်မသင့် ရင် တစ်သက်တာ သီလကောင်းသမာဓိကောင်းနေလို့  ဈာန်ရနေတဲ့  ရသေ့ ကိုတောင် ..ဈာန်လျှောပြီး မြေပေါ်ကျ ပြန်ပြီး ကောင်းကင် မပျံနိုင်တော့ ပဲဖြစ်သွားနိုင်တယ်...
ယေဘူယျဆန်လွန်းတဲ့ အဆိုအမိန့် တွေဟာ ဖတ်ကောင်းပေမယ့်  တကယ့် ဘ၀အရေးတွေမှာ အဆင်မသင့် ရင် ကိုယ့် ဘ၀အတွက် မြွေဖမ်းသွားနိုင်တယ်...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..