Powered By Blogger

Thursday, July 23, 2015

ကျဆုံးခန်းတွေရဲ့ အစ



ကျဆုံးခန်းတွေရဲ့ အစ
---
ကျနော်တို့ တွေ ဘ၀ခရီးကို ဖြတ်သန်းတဲ့ အခါမှာ အစကတော့ သူလိုကိုယ်လို လူ့ သဘာဝစိတ်တွေပါပဲ ချွန်ပြီး ဘာထူးခြားစိတ်မှပါမလာပါဘူး..နောက်တော့  ကံကောင်း ထောက်မစွာ စာဖတ်တဲ့ အလေ့ လေးရလာပါတယ်..ဒါလည်း ဖတ်မိတဲ့ စာအုပ်တွေသာများလာတယ် အရင်စိတ်က အရင်စိတ်တွေ ဖြစ်နေဆဲပါပဲ..

နောက်တော့ ဘာတစ်ဆင့် တိုးလာလဲဆိုတော့  ဖတ်မိတဲ့ စာတွေရဲ့ အနက်တွေကိုဆင့် ပွားဆက်တွေးကြည့် တာ စာတွေရဲ့ နောက်ကွယ်က ဟာကွက်တွေရှိမရှိတွေ ဘာကိုဆိုလိုချင်တာလဲတွေ ကို ထပ်တွေးကြည့် တာတွေ ဖြစ်လာပါတယ်...



နောက်တော့  ဘာထပ်ဖြစ်လာလဲဆိုတော့  စာတွေနဲ့ လက်တွေ့ ဘ၀က အဖြစ်တွေကို ဆက်စပ်ကြည့် မိလာပါတယ် ဆက်စပ်ရတာ အလှမ်းကွာလွန်းတဲ့ စာတွေဆို သိပ်အလေးအနက်မထားတော့ ပဲ ဆက်စပ်လို့ ရတဲ့ စာတွေဆို အလေးပေး ပိုဖတ်မိ ဆက်တွေးမိလာပါတယ်...

အဲ့ လို စာနဲ့ လက်တွေ့ ဘ၀နဲ့ ဆက်စပ်ကြည့် လာတဲ့ အလေ့ က အပြင်လူတွေရဲ့ ဘ၀အစစ်အမှန်တွေကို အရင်ကထက် ပိုကြည့် တတ်လာပါတော့ တယ်..

.အဲ့ ဒီမှ တစ်ချို့ တွေ အလုပ်ဖြစ်သွားပုံတစ်ချို့ တွေ ကျဆုံးသွားကြပုံတွေ ကိုတွေ့ လာပြီး သူတို့ တွေရဲ့  အလုပ်ဖြစ်ပုံ ကျဆုံးပုံတွေရဲ့ အစတွေဟာ ဘာတွေကြောင့် ဖြစ်လာသလဲကို တွေ့ လာရရင်း အဲ့ ဒီကနေ ကိုယ့် ဘ၀ကို ဘယ်လိုတည်ငြိမ်အောင် ထိမ်းမလဲဆိုတဲ့ လမ်းကို တွေ့ လာရတော့ တဲ့ သဘောပါပဲ အပြင်လူဆိုတာမှာ ကိုယ့် မိဘ တွေပါ ပါတယ်..

အများဆုံးတွေ့ ရတဲ့ ကျဆုံးခန်းတွေရဲ့ အစ တွေဟာ '''မနိုင်ဝန်ကို ထမ်းမိခြင်း ''' ကနေ စလာကြတာမျိုးပဲလို့ တွေ့ လာရတာမျိုးပါ...ဥပမာ မနိုင်ဝန်သဘောလေးက ကိုယ့် မှာရှိတာ သိန်း ၂၀၀လောက် ၊ ကိုယ်ဝယ်ချင်တဲ့ ကားက သိန်း ၃၀၀တန် ဖြစ်နေလို့ လိုနေတဲ့  ၁၀၀ကို ဆက်ပြီးစုတာမျိုး မလုပ်တော့ ပဲ ရှိထားတဲ့ အတွင်းပစ္စည်းတစ်ချို့ ထုခွဲပြီး ပိုက်ဆံဖြည့် ဝယ်လိုက်တာမျိုး ( ၂ခါ နာသွားလေ့ ရှိတယ်)၊

နောက်မှပြန်ဆပ်မယ်လို့ လွယ်လွယ်တွေး ချေးငှားပြီး ၀ယ်လိုက်တာမျိုးတွေကနေ စခဲ့ ကြတာမျိုး များလွန်းနေတာတွေ့ ရတာမျိုးပါ..အဲ့ လို ကိစ္စ မနိုင်ဝန်သဘောမှာ တကယ်တန်း ကား ဆိုတာ ဘ၀ဖြစ်တည်မှု့ တစ်ခုမှာမရှိမဖြစ်မဟုတ်ခဲ့ တာ ( ကားဝယ်ချင်လွန်းနေချိန်တွေမှာ အစက မရှိပဲ ဒီလိုပဲ အဆင်ပြေသလို နေခဲ့ တာကို မေ့ သွားပါပြီ)ကို ထည့် မတွေးပဲ ကားမ၀ယ်ဖြစ်ရင်ပဲ
ဒုက္ခဖြစ်ရတော့ မယ့်  စိတ်မျိုးက သိပ်များနေချိန်မှာ မနိုင်ဝန်ထမ်း ၀ယ်မိတာမျိုးတွေပါ..

.တကယ်ဆို နိင်တဲ့ ဝန်အဖြစ် ရှိထားပြီးတဲ့  သိန်း ၂၀၀ တန်ကားကို ၀ယ်စီးလိုက်လဲဖြစ်နေသားနဲ့  သိန်း ၃၀၀တန်ကားကိုမှ ချေးငှားစပ်ပြီး ဘာလို့ အရေးတကြီးလုပ်ပြီး ၀ယ်ချင်နေရတာလဲကို ကိုယ့် စိတ်ကိုယ်ပြန်မေးခွန်းထုတ်ကြည့် တဲ့ အခါ....

အဲ့ လိုမျိုးစိတ်တွေက ကြာရင် ကျဆုံးခန်းတွေ ရောက်ဖို့ သိပ်ကို နီးစပ်တဲ့ စိတ်မျိုးတွေပဲလို့ ကိုယ့် ကိုယ်ကို ဆင်ခြင်လိုက်ပြီး တစ်ခုခု လုပ်ခါနီးတိုင်း မနိုင်ဝန်လား နိုင်လောက်တဲ့ ဝန်လား စပြီး ချိန်ဆကြည့် လာတဲ့ အလေ့ က ဘ၀ကို ရေရှည်မှာ တည်ငြိမ်နေအောင်ထိမ်းထားနိုင်တဲ့ အနေအထားကို ရလာတော့ တာမျိုးပါပဲဗျာ..




No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..